/
news/ကလေးများနှင့်ကျန်းမာရေး/လေထုညစ်ညမ်းခြင်းကြောင့်-သားသားမီးမီးလေးတွေ-ကျန်းမာရေးကို

လေထုညစ်ညမ်းခြင်းကြောင့် သားသားမီးမီးလေးတွေ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

●  ကလေးတွေဟာ လူကြီးများထက် အသက်ရှူနှုန်း ပိုမိုမြန်ဆန်ကြောင့် ညစ်ညမ်းသောလေတွေကို မြန်မြန်ရှူရှိုက်မိစေပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အဆုတ်ကိုထိခိုက်စေပြီး အခြားဆိုးကျိုးတွေလည်း ဖြစ်ပေါ်စေပါတယ်။
●  ကလေးတွေရဲ့အဆုတ်ဟာ ၆ နှစ်မတိုင်မီမှာ ကောင်းစွာ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် လေထုညစ်ညမ်းတဲ့ နေရာဒေသတွေမှာ နေထိုင်သော ကလေးများအနေနှင့် အဆိပ်အတောက်များကို နေ့စဉ်ရှူရှိုက်နေရခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။
●  ကလေးအများစုဟာ အိမ်ထဲမှာနေရခြင်းထက် အပြင်မှာ ပြေးလွှားဆော့ကစားချိန်ဟာ ပိုများတဲ့အတွက် ညစ်ညမ်းသောလေထုကို ပိုမိုရှူရှိုက်ရနိုင်ပါတယ်။

Atussin Kids 1

>>  ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ဓာတ်တွေကတော့ -
(၁)  နိုက်ထရိုဂျင်အောက်ဆိုဒ်
(၂)  ကာဗွန်မိုနောက်ဆိုဒ်
(၃)  အိုဇုန်း
(၄)  လေထုထဲတွင်ပါလာသော ဆာလ်ဖိတ်၊ အမှုန်အမွှားများ၊ ကာဇွန်၊ နိုက်ထရိတ်
(၅)  ဒီဇယ်ငွေ့များ
(၆)  ဆာလ်ဖာဒိုင်အောက်ဆိုဒ်
(၇)  ခဲဓာတ်

>>  လေထုညစ်ညမ်းခြင်းကြောင့် ကလေးတွေဟာ အောက်ပါအတိုင်း ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
●  ဆိုးရွားသောလေထုညစ်ညမ်းမှုများကြောင့် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး အဆုတ် စွမ်းဆောင်ရည်ကျစေနိုင်ပါတယ်။
●  နေ့စဉ် ညစ်ညမ်းသောလေကို ရှူနေရခြင်းကြောင့် ပန်းနာရင်ကြပ်နှင့် အခြားအသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်ပေါ်စေပါတယ်။
●  ကာလကြာရှည် လေထုညစ်ညမ်းမှုနှင့်ထိတွေ့ရမယ်ဆိုရင်တော့ ကလေးရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုပါ ကျဆင်းလာစေတတ်ပါတယ်။
●  လေထုညစ်ညမ်းခြင်းဟာ ရေထုညစ်ညမ်းခြင်း၊ အစာညစ်ညမ်းခြင်းနှင့် အခြားကျန်းမာရေးပြဿနာတွေနှင့် ဆက်စပ်နေတဲ့အတွက် ကလေးရဲ့တစ်ကိုယ်လုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

Atussin Kids 2

>>  လေထုညစ်ညမ်းသောဒေသတွေမှာ နေထိုင်နေရပါက မေမေတို့အနေနှင့် အောက်ပါအတိုင်း ကာကွယ်သင့်ပါတယ်။
●  ကလေးကိုနေ့စဉ် အာဟာရပြည့်ဝသော အစားအစာများကို ကျွေးမွေးပါ။
●  ကလေးကို ကိုယ်လက်လှုပ်ရှားမှုရှိအောင် လေ့ကျင့်ပေးပါ။ ဆော့ကစားခြင်း၊ လမ်းလျှောက်ခြင်း၊ ဘောလုံးကန်ခြင်းစတဲ့ လှုပ်ရှားမှုများကို ပြုလုပ်ခိုင်းသင့်ပါတယ်။
●  ကလေးဟာ မကြာခဏ နေမကောင်းဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
●  ကလေးကို လေကောင်းလေသန့် ရနိုင်သောနေရာများသို့ မကြာခဏပို့ဆောင်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)