လျစ်လျူမရှုသင့်သော ကလေးငယ်များ၏ အန္တရာယ်ရှိသော လက္ခဏာများ
ကမ်ဘာပေါ်မှာ နှစ်စဉ် ငါးနှစ်အောက် ကလေးငယ်ပေါင်းများစွာ မသေသင့်ဘဲ သေဆုံးလျက် ရှိကြပါတယ်။ သေဆုံးတဲ့ကလေးအများစုဟာ ဆေးရုံမရောက်ခင် အိမ်မှာတင် သေဆုံးကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
မိဘတွေအနေနဲ့ ကလေးများကိုကောင်းစွာ ပြုစုစောင့်ရှောက်နည်းများကို လေ့လာထားခြင်းဖြင့် အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်များမှာ ဖြစ်လေ့ရှိသော အန္တရာယ်ရှိသည့် လက္ခဏာများကို ကြိုတင်သိရှိဖို့ တင်ပြပေးလိုက်ပါတယ်။
(၁) အသက်ရှူမ၀ခြင်း လက္ခဏာများ
ကလေးငယ် နှာခေါင်း ရှုံ့ပွရှုံ့ပွလုပ်ခြင်း၊ ဗိုက်လှန်ကြည့်ပါက နံရိုးများကြားနှင့်အောက်ဘက်ရှိ အရေပြားများ ချိုင့်၀င်နေခြင်း၊ အသက်ရှူမြန်နေခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။
(၂) ရေဓာတ်နည်းပါးခြင်း လက္ခဏာများ
ပါးစပ်ခြောက်သွေ့ခြင်း၊ ငိုသောအခါ မျက်ရည်မထွက်ခြင်း သို့မဟုတ် မျက်ရည်နည်းခြင်း၊ ရေကို အငမ်းမရသောက်ခြင်း၊ ရှူရှူးနည်းခြင်း စသည်တို့ တွေ့ရပါက ရေဓာတ်နည်းနေပြီဖြစ်ကြောင်း သိဖို့လိုပါတယ်။
(၃) ခေါင်းထိခိုက်ဒဏ်ရာ ရနေပြီဖြစ်သော လက္ခဏာများ
သင့်ကလေးဟာ ခေါင်းကို တစ်ခုခုနဲ့ ထိခိုက်ထားတာရှိပါက အောက်ပါလက္ခဏာများကို အလေးထား စောင့်ကြည့်ပါ။ သတိလစ်ခြင်း၊ အန်ခြင်း၊ မူမမှန်သော အပြုအမူများရှိခြင်း၊ မှိန်းခြင်း၊ ခြေလက်များ ပျော့ခွေခြင်းတို့ရှိပါက မပေါ့ဆဘဲ ဆေးရုံသို့သွားပါ။
(၄) ပြင်းထန်သောရောဂါပိုး၀င်ခြင်း (severe infection) လက္ခဏာများ
အဖျားကြီးခြင်း၊ အစာမစားခြင်း သို့မဟုတ် ရေမသောက်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ အသက်ရှူမြန်ခြင်း စသော လက္ခဏာများရှိပါက သင့်ကလေးငယ်မှာ ရောဂါပိုး၀င်ခြင်း ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သိရပါမယ်။ နားပိုး၀င်ခြင်း၊ ဆီးလမ်းကြောင်း ပိုး၀င်ခြင်း စသည်တို့ကို စစ်ဆေးဖို့ လိုပါတယ်။
အထက်ပါ လက္ခဏာများရှိပါက မပေါ့ဆဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြဖို့ လိုအပ်နေပါပြီ။
ဒါတင်မကဘဲ -
● နို့မစို့ခြင်း၊ အစာမစားခြင်း
● အလွန်အမင်း အန်ခြင်း၊ ၀မ်းပျက်ခြင်း
● အလွန်ဂျီကျခြင်း၊ပျော့ခွေခြင်း
● တက်ခြင်း စသည်တို့ရှိပါက အလျင်အမြန် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
(Unicode)
(၁) အသကျရှူမဝခွငျး လက်ခဏာမြား
(၃) ခေါငျးထိခိုကျဒဏျရာ ရနပွေီဖွဈသော လက်ခဏာမြား
















