သင့်ကလေးငယ်ရဲ့ အနာဂတ်ကို ဖျက်ဆီးချင်ပါသလား ... ဒါဆိုရင် သင့်ကလေးငယ်ကို နေ့စဉ် ဖုန်းပေးကိုင်လိုက်ပါ
ယနေ့ခေတ် မိဘများအနေဖြင့် မိမိတို့ကလေးငယ်များကို ဖုန်းများ အလွယ်တကူ ပြသတတ်ကြပါတယ်။ ငိုယိုဂျီကျနေသော ကလေးငယ်များအား ဖုန်းထဲမှ သီချင်းများပြပြီး အငိုတိတ်အောင် ပြုလုပ်လာကြတာ ခေတ်ရေစီးကြောင်း တစ်ခုလိုပင် ဖြစ်နေပါပြီ။ ထိုသို့ ပြသခြင်းကြောင့် ကလေးငယ်များရဲ့ ကျန်းမာရေးကို ကြီးမားစွာ ထိခိုက်စေပါတယ်။
● ၁၂ လအောက် ကလေးငယ်များကို ဖုန်း၊ တက်ဘလက်စသော အီလက်ထရောနစ်ပစ္စည်းများ လုံး၀မပြသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ဖြစ်သော WHO က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တစ်နှစ်အောက် ကလေးငယ်များကို ဖုန်းပြမည့်အစား ကျန်းမာရေး ပိုကောင်းအောင် အတူတူကစားပေးခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုရှိအောင် လေ့ကျင့်ပိျုးထောင် ပေးသင့်ပါတယ်။
● အသက်တစ်နှစ်ကနေ လေးနှစ်အတွင်း ကလေးငယ်များအနေဖြင့် ကိုယ်လက်လှုပ်ရှားရသော ကစားနည်းများကို တစ်နေ့လျှင် အနည်းဆုံး ၃ နာရီခန့် ကစားပေးသင့်ပါတယ်။ ထိုအရွယ်ကလေးငယ်များ အနေဖြင့် တစ်နေ့ကို တစ်နာရီထက် ပိုပြီး ဖုန်းမကြည့်သင့်ပါဘူး။
● ကလေးငယ်များအနေဖြင့် အထိုင်များခြင်း၊ ကို်ယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အခိျန်ပြည့် အချီခံထားရခြင်းတို့ကို ရှောင်ရှားသင့်သလို ဖုန်းကို တစ်နေ့ ၁ နာရီထက် ပိုမကြည့်သင့်ပါဘူး။
● WHO အဖွဲ့ရဲ့ သတ်မှတ်ချက်အရ ငါးနှစ်အောက် ကလေးငယ်များဟာ တက်ကြွလှုပ်ရှားနေသင့်ပြီး အိပ်စက်ချိန်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ လိုအပ်ပါတယ်။ သို့မှသာ အသက်အရွယ်အလိုက် ရှိသင့်သော ဖွံ့ဖြိုးတိုးတက်မှုရှိမှာဖြစ်ပြီး ကြီးကောင်၀င်ချိန်တွင်လည်း ကျန်းမာကြံ့ခိုင်နိုင်မှာ ဖြစ်ပါတယ်။
● ကလေးငယ်များအား ငယ်ရွယ်စဉ်ကပင် အိပ်ရေး၀အောင် အိပ်ခိုင်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ရှိစေခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထကောင်းများကို မွေးမြူပေးဖို့ အရေးကြီးပါတယ်။
ဖုန်း၊ တီဗီနှင့် အီလက်ထရောနစ်ပစ္စည်းများကို နေ့စဉ်ကြည့်ခြင်းဖြင့် သင့်ကလေးငယ်၏ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို နှေးကွေးစေမယ့်အပြင် ကြွက်သားများ သန်မာမှုကိုလည်း ထိခိုက်စေပါလိ်မ့်မယ်။
● အချိန်တော်တော်များများ ဖုန်းထိုင်ကြည့်နေခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အ၀လွန်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော သွေးတိုး၊ ဆီးချိုနှင့် ကင်ဆာရောဂါများကိုပါ ဖြစ်ပေါ်စေသည်အထိ ဆိုးကျိုးများစေမှာမို့ ကြောက်စရာကောင်းလှတယ် မဟုတ်လား။
● မေမေတို့အနေနှင့်လည်း ရင်သွေးလေးကို အလွယ်တကူ ဖုန်းပြခြင်း၊ တီဗီပြခြင်းတို့ကို ယနေ့ကစပြီး ကန့်သတ်သင့်နေပြီနော်။ ဖုန်းပြမယ့်အစား မိသားစု လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အားကစားပြုလုပ်ခြင်းတို့ကို အစားထိုး ပြုလုပ်ပေးပါ။ ရင်သွေးငယ်တို့ရဲ့ ကျန်းမာရေးဟာ သင့်လက်ထဲမှာ ရှိနေတာမို့ ကလေးငယ်များအား အကောင်းမွန်ဆုံး အနာဂတ်ကို ဖန်တီးပေးနိုင်သူများ ဖြစ်ကြပါစေ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















