သင်မသိသေးတဲ့ ကလေးတွေအကြောင်း
1. ကလေးငယ်တွေ ပထမဆုံးစွန့်တဲ့ ၀မ်းမှာအနံ့မရှိပါဘူး
အမည်းရောင်ရှိတဲ့ meconium (ငယ်ချီး) ကို အချွဲ၊ ရေမြွှာရည် အရည်နှင့် သနေ္ဓသားရဲ့ အစာခြေစနစ်မှ စွန့်ထုတ်လိုက်တဲ့အရာတွေ ပါ၀င်နေပြီး ဘက်တီးရီးယားပိုးမွှားတွေပါ၀င်ခြင်းမရှိတာကြောင့် အနံ့အသက်မရှိတာဖြစ်ပါတယ်။ အစာစတင်ကျေွးချိန်မှစပြီး အူလမ်းကြောင်းတလျှောက်တွင် ဘက်တီးရီးယားတွေ စတင်ပေါက်ဖွားလာတာကြောင့် ၀မ်းအရောင် ဟာ အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင် စသည်ဖြင့် ပြောင်းလဲလာပြီး အနံ့အသက်လည်းရှိလာပါတယ်။
2. အာသီးမှာ အရသာခံနိုင်တဲ့ အဖုတွေရှိတယ်
ကလေးကြီးတွေနည်းတူ ကလေးငယ်တွေမှာလည်း အာရုံခံအဖုတွေရှိပေမယ့် အများစုက အာသီးနဲ့လည်းချောင်း အနောက်ဘက်တွေမှာရှိနေတာဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေဟာ ချို၊ ချဉ်၊ ခါး အရသာ 3 မျိုးကို အရသာခံနိုင်ပြီး အသက် 5 လအရွယ်အထိ အငန်ဓာတ်ကို အရသာခံနိုင်စွမ်းမရှိပါဘူး။ ဖြည့်စွက်စာစားလာချိန်မှာလည်း မိခင်ကိုယ်၀န်ဆောင် တုန်းက ချဉ်ခြင်းတပ်ခဲ့တဲ့အရာတွေကို ပိုမိုနှစ်သက်တယ်လို့သိရပါတယ်။
3. မွေးကင်းစကလေးငယ်တွေမှာ ရင်သားတွေရှိပါတယ်
မွေးကင်းစကလေးငယ်တွေရဲ့ ရင်ဘတ်မှာ နို့အုံစူစူလေးတွေရှိပါတယ်။ ယောကျ်ား၊ မိန်းမမရွေးတွေ့ရတတ်ပြီး ကလေးငယ်တွေက အမေဆီက အီစထိုဂျင်ဓာတ်ကို စုပ်ယူထားတာကြောင့်ဖြစ်ပါတယ်။ များသောအားဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်သွားလေ့ရှိပါတယ်။
4. ကလေး 3 ယောက်မှာ 1 ယောက်က မွေးရာပါအမှတ်တွေပါလာလေ့ရှိပါတယ်
Mongolian spot လို့ခေါ်ပြီး တင်ပါး၊ လက်မောင်း၊ ကျော တို့မှာများသောအားဖြင့် တွေ့ရလေ့ရှိပါတယ်။ အချိန်တန်လျှင် သူ့အလိုလို ပျောက်သွားမှာဖြစ်ပြီး သမီးမိန်းကလေးတွေမှာပိုပြီး တွေ့ရတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။
5. မွေးကင်းစကလေးငယ်တယောက်ရဲ့ ဦးနှောက်ဆဲလ်အရေအတွက်ဟာ 100 ဘီလီယံရှိတယ်
မွေးကင်းစကလေးငယ်တဦးရဲ့ ဦးနှောက်ဟာ လူကြီးတွေထက်သေးငယ်ပေမယ့် ဦးနှောက်ဆဲလ်ပေါင်း 100 ဘီလီယံနှင့် မွေးဖွားလာတာဖြစ်ပါတယ်။ အသက် 18 အရွယ်မှစပြီး ဦးနှောက်ဆဲလ်တွေ တဖြည်းဖြည်းသေဆုံးလာပြီး အစားပြန်မရတာကြောင့် မွေးကင်စကလေးရဲ့ ဦးနှောက်ဆဲလ်တွေဟာ အရွယ်ရောက်ပြီးသား လူထက်တောင် များနေပါသေးတယ်။
6. သားယောကျာ်းလေးတွေဟာ မိခင်၀မ်းကြာတိုက်မှာရှိကတည်းက ဂျိုးဂျိုးထောင်မတ်နိုင်စွမ်းရှိကြတယ်
ဆီးမသွားခင်မှာ ကလေးငယ်ရဲ့ ဂျိုးဂျိုးထောင်မတ်လာတာကို တွေ့ဖူးကြမှာပါ။ မိခင်၀မ်းထဲမှာရှိကတည်းက ထောင်မတ်နိုင်စွမ်းရှိတာကို အာထရာဆောင်းမှတဆင့် တွေ့နိုင်ပါတယ်။ ကလေးငယ်ရဲ့ ဟော်မုန်းနှင့် မိခင်ရဲ့ ဟော်မုန်းတွေကြောင့် ကလေးငယ်ရဲ့ ဂျိုးဂျိုးလေးဟာ မွေးဖွားချိန်မှာ ကြီးထွားနေတာကို တွေ့ရမှာပါ။ ဒါကို စိုးရိမ်စရာမလိုပါဘူး။
Dr. Htet Htet Aung
















