သားငယ်သမီးငယ်တို့ကို စာဖတ်ပြရအောင်
လသားအရွယ်တစ်နှစ်အရွယ်သားသားမီးမီးလေးတွေဟာ စကားမပြောတတ်သေးတဲ့အပြင် စကားလုံးတွေကိုလည်း နားလည်ချင်မှလည်ပါလိမ့်မယ်။ ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင် သူတို့တွေက နားထောင်တတ်ပါသတဲ့။
သူတို့ဟာ မိခင်ဝမ်းဗိုက်ထဲမှာကတည်းက ပြင်ပအသံတွေကိုကြားပြီး တုံ့ပြန်တတ်နေပြီလို့ဆိုပါတယ်။ ကလေးတွေဟာ စကားစမပြောတတ်ခင် အနည်းဆုံးစကားလုံးတစ်ထောင်ခန့် နားရည်ဝနေဖို့နားထောင်ထားဖို့ အထူးလိုအပ်ပါသတဲ့။
ရင်သွေးလေးကိုစာဖတ်ပြတဲ့အခါ …………
• နည်းနည်းတော့ကြောင်ပေမယ့် သူလေးကတကယ်နားထောင်တတ်တယ်ဆိုတာသိထားမှ ပိုပျော်စရာကောင်းမယ်ထင်တယ်။
• သူလေးဟာစကားလုံးတွေကိုနားမလည်ပေမယ့် သူ့ကိုပြောပြနေသူရဲ့စိတ်အားထက်သန်မှုကို ခံစားမိနေပါသတဲ့။
ကလေးတွေဟာ မိခင်ရဲ့မျက်နှာရိပ်မျက်နှာကဲ အသံအနေအထားတွေကို လျင်မြန်စွာလေ့လာနေပြီဖြစ်ပါတယ်။
• ကိုယ်အကြိုက်ဆုံးစာအုပ်ကို ဖတ်နေရင်းသူ့ကိုစာဖတ်ပြပါတဲ့။ ကိုယ်ကြိုက်သလို သူကလည်း နားထောင်လာပါလိမ့်မယ်။
• စာပေနဲ့အစောကြီးထိတွေ့ရတဲ့ကလေးတွေဟာ စကားပြောပိုတတ်ကြပြီး ဉာဏ်ကောင်းထက်မြက်လာကြပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















