အနှိပ်ကြိုက်တဲ့ ဘေဘီလေးများ
ချစ်မဝတဲ့ရင်သွေးလေးတွေကို စိတ်ရှည်ရှည် အသာအယာ နှိပ်ပေးခြင်းဖြင့် သူတို့ရဲ့ အာရုံကြောလေးတွေ ပိုမိုကောင်းမွန်လာပြီး သွေးလည်ပတ်အားတွေ တိုးတက်လာပါသတဲ့။
ရင်သွေးလေးကို နှိပ်ပေးမယ်ဆိုရင် ...
● နှိပ်မယ့် လက်ကလေးကို နွေးနေပါစေ။
● ဆီနွေးနွေးလေး သုံးပါ။
● အားမထည့်ပါနဲ့။
● ညင်ညင်သာသာ ဖွဖွလေး နှိပ်ပေးရအောင်။
● သူလေး စိတ်ကြည်သာနေတဲ့အချိ်န်ကို စောင့်ပါ။
● မွေ ့ရာတပြေးညီ မထူမပါးလေးမှာ တင်လိုက်ပါ။
● ဆူညံတာတွေကင်းပြီး ငြိမ်သက်တဲ့နေရာလေး ဖြစ်ပါစေ။
Ceelin 1
1. ရင်သွေးလေးရဲ့ပေါင်ကနေ ခြေဖဝါးလေးထိ အသာလေး ဆုပ်ပေးပါ။ တစ်ဖက်ပြီးတစ်ဖက် နှိပ်နယ်ပါ။ အားမပါစေနဲ့။ တယုတယလေးပေါ့။
2. ချက်ပတ်ပတ်လည်ကနေ လက်ကလေးကို အဝိုင်းလိုက်လေးလာပြီး ပွတ်သတ်ပေးပါ။ စက်ဝိုင်းပုံစံ ပွတ်သပ်ပေးရမှာ ဖြစ်ပါတယ်။
3. လက်မောင်းလေးကနေ လက်ကောက်ထိ သာသာလေး ဖိဆွဲချပါ။ လက်နှစ်ဖက်လုံး လုပ်ပေးပါ။ တတ်နိုင်သလောက် ညင်သာပါစေနော်။
4. ခေါင်းလေးကို မထားပြီး ဂုတ်ပိုးမှာ လက်မလေးတင် လက်ညှိုးလေးနဲ့ အသာအယာ ဖိဆွဲနှိပ်နယ်ပေးပါ။ စက်ဝိုင်းပုံစံ နှိပ်ပေးရမှာပါ။
5. ဘေဘီလေးရဲ့ ဒူးလေးကို သူ့ရဲ့ ဝမ်းဗိုက်ထိ ကွေးယူပါ။ ပြန်ဆန့်ပါ။ စက္ကန့်သုံးဆယ်ခန့် ကွေးထားနိုင်ပါတယ်။ ပြီးရင် ပြန်ဆန့်ပါ။
6. မိခင်ရဲ့ အဝတ်မပါတဲ့ ရင်ဘတ်မှာ ရင်သွေးလေးကို ဖိကပ်ထွေးပွေ့ထားခြင်းဖြင့် ထိကပ်မှုကနေ ရတဲ့လုံခြုံမှုအပြင် မိခင်နဲ့ရင်သွေးကြား ရင်းနှီးမှုကို အဆတက်စေပါတယ်။
မှန်မှန်နှိပ်ပေးရင်ဖြင့် ကလေးငယ်ကို ကြီးထွားနှုန်း မြန်လာစေပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။ နောက်ပြီး သွေးလည်ပတ်မှု ကောင်းလာတဲ့အပြင် စိတ်လက်ကြည်သာစေပါသတဲ့။
ကဲ ... နှိပ်ပေးလိုက်ကြပါစို့ မေမေတို့ရေ...။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin 2
(Unicode)
















