/
news/ကလေးများနှင့်ကျန်းမာရေး/အရေပြားကျန်းမာရေးအတွက်-ဗီတာမင်စီနဲ့-ဇင့်ဓာတ်

အရေပြားကျန်းမာရေးအတွက် ဗီတာမင်စီနဲ့ ဇင့်ဓာတ်

Category
ကလေးများနှင့်ကျန်းမာရေး

အရေပြားဆိုတာ ပြင်ပကဝင်လာတဲ့ ရောဂါပိုးတွေ၊ အညစ်အကြေးတွေကို ကိုယ်ခန္ဓာထဲမရောက်အောင် ကာကွယ်ပေးတဲ့ အတားအဆီးတစ်ခုပဲ ဖြစ်ပါတယ်။  အရေပြားက သူ့အလုပ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင် မျှတတဲ့အာဟာရကို ရရှိဖို့ကလည်း အရေးကြီးပါတယ်။

အရေပြားကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေထဲကမှ ဗီတာမင်စီနဲ့ ဇင့်ဓာတ်အကြောင်းကို ပြောပြပေးသွားမယ်နော်။

Ceelin Plus 1

>>  ဗီတာမင်စီရဲ့ အရေပြားအပေါ် ကောင်းကျိုးတွေက -

●  ကော်လဂျင်ထုတ်လုပ်မှုကို ကောင်းစေတယ်။
●  ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုမရှိအောင် ကာကွယ်ပေးတယ်။
●  အန်တီအောက်ဆီဒန့်ဂုဏ်သတ္တိရှိလို့ ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြားပျက်စီးမှုမရှိအောင် ကာကွယ်ပေးတယ်။
●  အသားအရေခြောက်သွေ့တာကို သက်သာစေတယ်။
●  အနာကျက်မြန်စေတယ်။

Ceelin Plus 2

>>  ဇင့်ဓာတ်ရဲ့ အရေပြားအပေါ် ကောင်းကျိုးတွေက -

●  အရေပြားဆဲလ်နံရံတွေကို ခိုင်မာစေတယ်။
●  ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုမရှိအောင် ကာကွယ်ပေးတယ်။
●  အနာကျက်မြန်စေတယ်။

ဒီလိုအကျိုးကျေးဇူးတွေရှိလို့ သားသားမီးမီးတို့ရဲ့ အရေပြားကျန်းမာရေးအတွက် ဗီတာမင်စီကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေနဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးတို့ကို ကျွေးပေးသင့်ပါတယ်။ လိုအပ်ခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်အားဆေးတွေ တိုက်ကျွေးလို့လည်းရပါတယ်။

အရေပြားကျန်းမာရေးကို အကောင်းဆုံးထိန်းသိမ်းပေးနိုင်တဲ့ ဖြည့်စွက်အားဆေးတွေ ရှာနေရင်တော့ ဗီတာမင်စီနဲ့ ဇင့်ဓာတ် အတူပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို ရွေးချယ်ကြဖို့ မေမေတို့ကို အကြံပြုချင်ပါတယ်နော်။

Dr. Aye Hsu Mon (www.drmyanmar.com)