အသက်ရှူတိုင်း တရွီရွီမြည်နေတာ ပန်းနာရင်ကြပ်လက္ခဏာလား
သားသားမီးမီးလေးတို့ အသက်ရှူချိန်တိုင်းမှာ ဝီစီမှုတ်သံလို တရွီရွီမြည်တာမျိုး ကြားနေရပါသလား။
ဒီလိုအသက်ရှူတိုင်း အသံတွေကြားနေရတဲ့ ကလေးငယ်တိုင်းမှာတော့ ပန်းနာရင်ကြပ်ရှိတာ မဟုတ်ပါဘူး။ အသက်ရှူတိုင်းမှာ တရွီရွီမြည်စေသော အကြောင်းရင်းတွေအနေနှင့် အသက်ရှူလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်း၊ အစာနင်ခြင်း၊ အသံအိုးဆိုင်ရာပြဿနာများ စသည်ဖြင့် အကြောင်းရင်းများစွာ ရှိပါတယ်။
Solmux Kids 1

>> ဒီလိုတရွီရွီမြည်ခြင်းအပြင် -
● အသက်ရှူမဝခြင်း
● ရင်ဘတ်အောင့်ခြင်း
● အေးသောလေထု သို့မဟုတ် လှုပ်ရှားမှုပြုလုပ်ပြီးတိုင်း ချောင်းဆိုးခြင်း
● ဆောင်းတွင်းလိုရာသီမျိုးမှာ မြည်သံနှင့် ချောင်းဆိုးတာ ပိုဆိုးခြင်း
စတဲ့ လက္ခဏာများရှိနေပါက ပန်းနာရင်ကြပ်ရောဂါဟု ယူဆနိုင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါမှာတော့ ထိုကဲ့သို့ တရွီရွီမြည်ခြင်းဟာ ပေါ်လိုက်ပျောက်လိုက်နှင့် မကြာခဏ ပြန်ဖြစ်နိုင်ပါတယ်။
Solmux Kids 2

သားသားမီးမီးလေးတွေအနေနှင့် နှင်းခူ၊ အစာတစ်ခုခုနှင့် ဓာတ်မတည့်ခြင်း စတဲ့ အချက်တွေရှိနေပါက ပန်းနာရင်ကြပ်ဖြစ်နိုင်ချေ ပိုမိုမြင့်မားနိုင်ပါတယ်။ မိသားစုမျိုးရိုးမှာ ပန်းနာရင်ကြပ် သို့မဟုတ် ဓာတ်မတည့်ခြင်း စသည်တို့ရှိပါကလည်း ရင်သွေးလေးတွေမှာ ဖြစ်နိုင်ချေ မြင့်မားပါသေးတယ်။
မေမေတို့အနေနှင့် ရင်သွေးလေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိတာနှင့် ချက်ချင်းဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။ အသက်ရှူတိုင်း တရွီရွီကြားနေရပါက ကလေးဆရာဝန်နှင့် ပြသတဲ့အခါ သေချာပြောပြပေးဖို့ လိုပါတယ်။ ဒီလိုရောဂါလက္ခဏာကို အတိအကျပြောပြပေးခြင်းဖြင့် ဆရာဝန်အနေနှင့်လည်း ကလေးရဲ့ရောဂါကို ကောင်းစွာအဖြေရှာနိုင်ပြီး သင့်တော်တဲ့ကုသမှုမျိုးကို ပေးနိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















