လမစေ့ဘဲမွေးဖွားလာသောကလေးငယ်များတွင် ထင်ထားသည်ထက်ပိုမိုကောင်းမွန်သော ခုခံစွမ်းအားစနစ်ရှိနေ
Category
ကလေးများနှင့်ကျန်းမာရေး
လေ့လာမှုအသစ်များအရ လမစေ့ဘဲမွေးလာသော ကလေးငယ်များရဲ့ ခုခံစွမ်းအားစနစ်ဟာ ထင်ထားတာထက် ပိုပြီးကောင်းမွန် နေတယ်လို့သိရပါတယ်။ သုတေသီများက လမစေ့ဘဲမွေးလာသော ကလေး ၂၈ ယောက်၏ သွေးနမူနာများကို မွေးပြီး ပထမပတ်အတွင်း ထုတ်ယူကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ ကိုယ်ခံစွမ်းအားစနစ်မှာ ဘက်တီးရီးယားပိုးများကို တိုက်ထုတ်ပေးသော T-cells များရှိနေကြောင်း ထင်မှတ်မထားဘဲတွေ့ရှိခဲ့ပါတယ်။ လူကြီးတွေမှာရှိတဲ့ ဘက်တီးရီးယားပိုးတိုက်ထုတ်တဲ့ ဖြစ်စဉ်နဲ့မတူပေမယ့် သနေ္ဓသားဘ၀မှာ မိခင်ထံမှ ရောဂါပိုးကူးစက်ခြင်းမရှိအောင်တော့ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်လို့ King’s College London မှ ခုခံစွမ်းအားနှင့် ဇီ၀ဗေဒ လေ့လာရေးဌာနမှ Dr.Deena Gibbons က ဆိုပါတယ်။
Htet
















