ကိုယ်ဝန်ဆောင်ချိန်ကော်ဖီလျော့သင့်/ မလျော့သင့်
ကိုယ်ဝန်ဆောင်တွေဟာ ကော်ဖီကိုတစ်နေ့ ၂၀၀မီလီဂရမ် သို့မဟုတ် အသင့်သောက်ကော်ဖီ ၂ခွက်မျှသာသောက်သင့်ပါတယ်။
>> ကဖိန်းဓာတ်
ကဖိန်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ချော့ကလက် စတဲ့စားစရာတွေအပြင် အချို့အချိုရည်၊ အားဖြည့်အချိုရည်နဲ့ အချို့ အအေးမိအဖျားကျဆေးတွေမှာ ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ကဖိန်းဓာတ်အများအပြား သောက်ခြင်းက ကလေးပေါင်မပြည့်ခြင်းကို ဖြစ်စေနိုင်ပြီး က လေးကြီးလာတဲ့အခါ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ် အလွန်အကျွံသောက်သုံးခြင်းက ကိုယ်ဝန်တောင် ပျက်ကျစေနိုင်ပါတယ်။
>> ကဖိန်းဓာတ်ကိုလျော့ချခြင်း
ကဖိန်းဓာတ်ကို တိခနဲဖြတ်စရာ မလိုပါဘူး။ ဒါပေမယ့် ကဖိန်းဓတ်မပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း၊ ရေနဲ့အသီးဖျော်ရည်တွေ သောက်ပေးခြင်း၊ ကဖိန်းဓာတ်များတဲ့ အားဖြည့်အချိုရည်တွေလျော့သောက်ခြင်း ဖြင့် ကဖိန်းဓာတ်ကို တစ်နေ့၂၀၀မီလီဂရမ်အထိ လျော့ချနိုင်ပါတယ်။ ဒီပမာဏထက် တစ်ခါတစ်လေ ကျော်သွားတတ်တာမျိုးကို စိတ်မပူပါနဲ့။ အနည်းငယ်မျှကျော်ခြင်းက အပြောင်းအလဲ မဖြစ်စေပါဘူး။ အအေးမိတုပ်ကွေး ဆေးတွေအပြင် အခြားဆေးတွေမသောက်ခင် သားဖွားဆရာမ သို့မဟုတ် ဆေးဝါး ကျွမ်းကျင် တစ်ယောက်ယောက်ကို မေးမြန်းသင့်ပါတယ်။
Obimin 1

ကဖိန်းပါဝင်မှုအချိုးအစား
● အသင့်သောက် ကော်ဖီတစ်ခွက် : ၁၀၀မီလီဂရမ်
● နှပ်ကော်ဖီတစ်ခွက် : ၁၄၀မီလီဂရမ်
● လက်ဖက်ရည်တစ်ခွက် : ၇၅မီလီဂရမ်
● ကိုလာတစ်ဘူး : ၄၀မီလီဂရမ်
● အားဖြည့်အချိုရည်၂၅၀မီလီလီတာ : ၈၀မီလီဂရမ် (အရွယ်အစားကြီးလေလေ ကဖိန်းပါဝင်မှု များလေလေ)
● ချော့ကလက်အလွတ် ၅၀ဂရမ်တစ်ဘား : ၂၅မီလီဂရမ်အောက်
● နို့ချော့ကလက် ၅၀ဂရမ်တစ်ဘား : ၁၀မီလီဂရမ်
Dr. Mya Phoo Ngon (www.drmyanmar.com)
Obimin 2

ကိုယ္ဝန္ေဆာင္ေတြဟာ ေကာ္ဖီကိုတစ္ေန႔ ၂၀၀မီလီဂရမ္ သို႔မဟုတ္ အသင့္ေသာက္ေကာ္ဖီ ၂ခြက္မွ်သာေသာက္သင့္ပါတယ္။
>> ကဖိန္းဓာတ္
ကဖိန္းဓာတ္ဟာ ေကာ္ဖီ၊ လက္ဖက္ရည္၊ ေခ်ာ့ကလက္ စတဲ့စားစရာေတြအျပင္ အခ်ိဳ႕အခ်ိဳရည္၊ အားျဖည့္အခ်ိဳရည္နဲ႔ အခ်ိဳ႕ အေအးမိအဖ်ားက်ေဆးေတြမွာ ပါဝင္ပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္ ကဖိန္းဓာတ္အမ်ားအျပား ေသာက္ျခင္းက ကေလးေပါင္မျပည့္ျခင္းကို ျဖစ္ေစနိုင္ၿပီး က ေလးႀကီးလာတဲ့အခါ ႏွလံုးေရာဂါ ျဖစ္ေစႏိုင္ပါတယ္။ ကဖိန္းဓာတ္ အလြန္အကြၽံေသာက္သံုးျခင္းက ကိုယ္ဝန္ေတာင္ ပ်က္က်ေစႏိုင္ပါတယ္။
>> ကဖိန္းဓာတ္ကိုေလ်ာ့ခ်ျခင္း
ကဖိန္းဓာတ္ကို တိခနဲျဖတ္စရာ မလိုပါဘူး။ ဒါေပမယ့္ ကဖိန္းဓတ္မပါတဲ့ ေကာ္ဖီ၊ လက္ဖက္ရည္ေသာက္ျခင္း၊ ေရနဲ႔အသီးေဖ်ာ္ရည္ေတြ ေသာက္ေပးျခင္း၊ ကဖိန္းဓာတ္မ်ားတဲ့ အားျဖည့္အခ်ိဳရည္ေတြေလ်ာ့ေသာက္ျခင္း ျဖင့္ ကဖိန္းဓာတ္ကုိ တစ္ေန႔၂၀၀မီလီဂရမ္အထိ ေလ်ာ့ခ်နိုင္ပါတယ္။ ဒီပမာဏထက္ တစ္ခါတစ္ေလ ေက်ာ္သြားတတ္တာမ်ိဳးကို စိတ္မပူပါနဲ႔။ အနည္းငယ္မ်ွေက်ာ္ျခင္းက အေျပာင္းအလဲ မျဖစ္ေစပါဘူး။ အေအးမိတုပ္ေကြး ေဆးေတြအျပင္ အျခားေဆးေတြမေသာက္ခင္ သားဖြားဆရာမ သို႔မဟုတ္ ေဆးဝါး ကြၽမ္းက်င္ တစ္ေယာက္ေယာက္ကို ေမးျမန္းသင့္ပါတယ္။
ကဖိန္းပါဝင္မႈအခ်ိဳးအစား
- အသင့္ေသာက္ ေကာ္ဖီတစ္ခြက္ : ၁၀၀မီလီဂရမ္
- ႏွပ္ေကာ္ဖီတစ္ခြက္ : ၁၄၀မီလီဂရမ္
- လက္ဖက္ရည္တစ္ခြက္ : ၇၅မီလီဂရမ္
- ကိုလာတစ္ဘူး : ၄၀မီလီဂရမ္
- အားျဖည့္အခ်ိဳရည္၂၅၀မီလီိိလီတာ : ၈၀မီလီဂရမ္ (အ႐ြယ္အစားႀကီးေလေလ ကဖိန္းပါဝင္မႈ မ်ားေလေလ)
- ေခ်ာ့ကလက္အလြတ္ ၅၀ဂရမ္တစ္ဘား : ၂၅မီလီဂရမ္ေအာက္
- နို႔ေခ်ာ့ကလက္ ၅၀ဂရမ္တစ္ဘား : ၁၀မီလီဂရမ္
Dr. Mya Phoo Ngon (www.drmyanmar.com)
















