ကိုယ်ဝန်ဆောင်ချိန်ခရီးသွားရင် ဘယ်လောက်နားနားပေးဖို့ လိုမလဲ?
ကိုယ်ဝန်ကြီးနဲ့ခရီးသွားတဲ့အခါ အေးအေးဆေးဆေးသွားတာအကောင်းဆုံးပဲနော်။ အဲဒါကြောင့် တောင်တက်တာတို့၊ လှည့်ပတ်လည်ကြည့်ရတဲ့ခရီးတို့၊ တောက်လျောက်ဈေးဝယ်ထွက်တာတို့ မသင့်တော်ဘူးနော်။
အနားယူဖို့အရေးကြီးလို့ ရက်ပိုင်းလောက်အေးအေးဆေးဆေး ခြေအေးလက်သာနေနိုင်မယ့်ခရီးမျိုး၊ နေရာသစ်မှာ အားအင်တွေဖြည့်တင်းနိုင်မယ့် ခရီးမျိုးကို သွားသင့်တယ်။
ရေကို အေးအေးဆေးဆေးစိမ်ချိုးပြီး အိပ်ရေးဝအောင် ပြန်အိပ်နိုင်မယ်၊ ကမ်းခြေမှာအေးအေးဆေးဆေး ဇိမ်ခံပြီး စာဖတ်မယ်၊ ကော်ဖီဆိုင်ထိုင်မယ်၊ လူတွေလှုပ်ရှားသွားလာနေတာကို ထိုင်ကြည့်မယ်၊ ဒါမှမဟုတ်ရင်လည်း ဟိုတယ်အခန်းထဲ ရုပ်ရှင်လေးကြည့်မယ်။ အားအင်တွေပြန်ပြည့်လာတဲ့အခါ ခရီးကိုပိုပြီးတော့တောင် ပျော်ပျော်ကြီးသွားနိုင်မှာပေါ့။
ကလေးလေးကလည်း တဖြည်းဖြည်းချင်းကြီးလာတာမို့ိ မေမေ့ခန္ဓာကိုယ်ကလည်း အများကြီးအင်အားပေးရပါတယ်။ ကိုယ်အလေးချိန်လည်း တော်တော်တိုးလာသလို ဟော်မုန်းတွေကလည်း ပြောင်းလဲနေတယ်။ အဲဒါကြောင့် အရင်ကထက်စာရင် ပိုမောလွယ်ပြီး ပိုနားနားပေးဖို့လည်း လိုလာတယ်။ တစ်နေ့ကို အကြိမ်ကြိမ် အနားယူပေးဖို့လိုပါတယ်။
အိမ်သာဆိုလည်း ခဏခဏသွားချင်နေလိမ့်မယ်။ လေယာဉ်အိမ်သာ၊ ရထားအိမ်သာတွေဟာ အရမ်းကပ်သလို အများသုံးအိမ်သာတွေကလည်း ညစ်ပတ်တာများတယ်။ အဲဒါကြောင့် အိမ်သာသန့်သန့်တွေ့ရင် တစ်ခါတည်းသွားထားသင့်တယ်။
ကြာကြာမထိုင်မိဖို့လည်း သတိထားပါ။ လေယာဉ်နဲ့သွားရင် ဘေးခုံမှာထိုင်ပါ။ ၁နာရီခြားတစ်ခါလောက် ထထလမ်းလျှောက်ပေးသင့်တယ်။ ကားနဲခရီးသွားရင် မိနစ် ၉၀ တစ်ခါလောက် နားနားပေးပါနော်။
စတော်ကင်ဘောင်းဘီကို ဝတ်ပေးပါ။ ဒါမှ သွေးလှည့်ပတ်မှုကောင်း ပြီး သွေးခဲပိတ်တာကို ကာကွယ်ပေးနိုင်မယ်နော်။ ဖြစ်နိုင်ရင် ဖိနပ်ချွတ်ပြီး ခြေထောက်ကို အမြင့်တစ်ခုအပေါ်မြှောက်ထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်ဝန်ရင့်လာလေလေ ခြေထောက်ကရောင်လာလေလေပဲ။ အဲဒါကြောင့် သက်သောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ရွေးစီးပေးပါ။ ခါးနာနေတတ်တဲ့အတွက် ခေါင်းအုံးအပါးလေးဖြစ်ဖြစ်၊ အင်္ကျီလိပ်ပြီးတော့ပဲဖြစ်ဖြစ် ခါးနောက်မှာခုထားပေးပါနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Zawgyi)
ကိုယ္ဝန္ႀကီးနဲ႔ခရီးသြားတဲ့အခါ ေအးေအးေဆးေဆးသြားတာအေကာင္းဆံုးပဲေနာ္။ အဲဒါေၾကာင့္ ေတာင္တက္တာတို႔၊ လွည့္ပတ္လည္ၾကည့္ရတဲ့ခရီးတို႔၊ ေတာက္ေလ်ာက္ေဈးဝယ္ထြက္တာတို႔ မသင့္ေတာ္ဘူးေနာ္။
အနားယူဖို႔အေရးႀကီးလို႔ ရက္ပိုင္းေလာက္ေအးေအးေဆးေဆး ေျခေအးလက္သာေနနိုင္မယ့္ခရီးမိ်ဳး၊ ေနရာသစ္မွာ အားအင္ေတြျဖည့္တင္းနိုင္မယ့္ ခရီးမ်ိဳးကို သြားသင့္တယ္။
ေရကို ေအးေအးေဆးေဆးစိမ္ခ်ိဳးၿပီး အိပ္ေရးဝေအာင္ ျပန္အိပ္နိုင္မယ္၊ ကမ္းေျခမွာေအးေအးေဆးေဆး ဇိမ္ခံၿပီး စာဖတ္မယ္၊ ေကာ္ဖီဆိုင္ထိုင္မယ္၊ လူေတြလႈပ္ရွားသြားလာေနတာကို ထိုင္ၾကည့္မယ္၊ ဒါမွမဟုတ္ရင္လည္း ဟိုတယ္အခန္းထဲ ရုပ္ရွင္ေလးၾကည့္မယ္။ အားအင္ေတြျပန္ျပည့္လာတဲ့အခါ ခရီးကိုပိုၿပီးေတာ့ေတာင္ ေပ်ာ္ေပ်ာ္ႀကီးသြားနိုင္မွာေပါ့။
ကေလးေလးကလည္း တျဖည္းျဖည္းခ်င္းႀကီးလာတာမို႔ိ ေမေမ့ခႏၶာကိုယ္ကလည္း အမ်ားႀကီးအင္အားေပးရပါတယ္။ ကိုယ္အေလးခ်ိန္လည္း ေတာ္ေတာ္တိုးလာသလို ေဟာ္မုန္းေတြကလည္း ေျပာင္းလဲေနတယ္။ အဲဒါေၾကာင့္ အရင္ကထက္စာရင္ ပိုေမာလြယ္ၿပီး ပိုနားနားေပးဖို႔လည္း လိုလာတယ္။ တစ္ေန႔ကို အႀကိမ္ႀကိမ္ အနားယူေပးဖို႔လိုပါတယ္။
အိမ္သာဆိုလည္း ခဏခဏသြားခ်င္ေနလိမ့္မယ္။ ေလယာဥ္အိမ္သာ၊ ရထားအိမ္သာေတြဟာ အရမ္းကပ္သလို အမ်ားသံုးအိမ္သာေတြကလညး္ ညစ္ပတ္တာမ်ားတယ္။ အဲဒါေၾကာင့္ အိမ္သာသန္႔သန္႔ေတြ႕ရင္ တစ္ခါတည္းသြားထားသင့္တယ္။
ၾကာၾကာမထိုင္မိဖို႔လည္း သတိထားပါ။ ေလယာဥ္နဲ႔သြားရင္ ေဘးခံုမွာထိုင္ပါ။ ၁နာရီျခားတစ္ခါေလာက္ ထထလမ္းေလွ်ာက္ေပးသင့္တယ္။ ကားနဲခရီးသြားရင္ မိနစ္ ၉၀ တစ္ခါေလာက္ နားနားေပးပါေနာ္။
စေတာ္ကင္ေဘာင္းဘီကို ဝတ္ေပးပါ။ ဒါမွ ေသြးလွည႔္ပတ္မႈေကာင္း ၿပီး ေသြးခဲပိတ္တာကို ကာကြယ္ေပးနိုင္မယ္ေနာ္။ ျဖစ္နိုင္ရင္ ဖိနပ္ခြၽတ္ၿပီး ေျခေထာက္ကို အျမင့္တစ္ခုအေပၚေျမႇာက္ထားေပးနိုင္ရင္ ပိုေကာင္းပါတယ္။ ကိုယ္ဝန္ရင့္လာေလေလ ေျခေထာက္ကေရာင္လာေလေလပဲ။ အဲဒါေၾကာင့္ သက္ေသာင့္သက္သာရွိမယ့္ ဖိနပ္မ်ိဳးကို ေ႐ြးစီးေပးပါ။ ခါးနာေနတတ္တဲ့အတြက္ ေခါင္းအံုးအပါးေလးျဖစ္ျဖစ္၊ အက်ႌလိပ္ၿပီးေတာ့ပဲျဖစ္ျဖစ္ ခါးေနာက္မွာခုထားေပးပါေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)














