/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်ခရီးသွားရင်-ဘယ်လောက်နားနားပေးဖို့-လိုမလဲ

ကိုယ်ဝန်ဆောင်ချိန်ခရီးသွားရင် ဘယ်လောက်နားနားပေးဖို့ လိုမလဲ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ကြီးနဲ့ခရီးသွားတဲ့အခါ အေးအေးဆေးဆေးသွားတာအကောင်းဆုံးပဲနော်။ အဲဒါကြောင့် တောင်တက်တာတို့၊ လှည့်ပတ်လည်ကြည့်ရတဲ့ခရီးတို့၊ တောက်လျောက်ဈေးဝယ်ထွက်တာတို့ မသင့်တော်ဘူးနော်။

 

အနားယူဖို့အရေးကြီးလို့ ရက်ပိုင်းလောက်အေးအေးဆေးဆေး ခြေအေးလက်သာနေနိုင်မယ့်ခရီးမျိုး၊ နေရာသစ်မှာ အားအင်တွေဖြည့်တင်းနိုင်မယ့် ခရီးမျိုးကို သွားသင့်တယ်။

 

ရေကို အေးအေးဆေးဆေးစိမ်ချိုးပြီး အိပ်ရေးဝအောင် ပြန်အိပ်နိုင်မယ်၊ ကမ်းခြေမှာအေးအေးဆေးဆေး ဇိမ်ခံပြီး စာဖတ်မယ်၊ ကော်ဖီဆိုင်ထိုင်မယ်၊ လူတွေလှုပ်ရှားသွားလာနေတာကို ထိုင်ကြည့်မယ်၊ ဒါမှမဟုတ်ရင်လည်း ဟိုတယ်အခန်းထဲ ရုပ်ရှင်လေးကြည့်မယ်။ အားအင်တွေပြန်ပြည့်လာတဲ့အခါ ခရီးကိုပိုပြီးတော့တောင် ပျော်ပျော်ကြီးသွားနိုင်မှာပေါ့။

 

ကလေးလေးကလည်း တဖြည်းဖြည်းချင်းကြီးလာတာမို့ိ မေမေ့ခန္ဓာကိုယ်ကလည်း အများကြီးအင်အားပေးရပါတယ်။ ကိုယ်အလေးချိန်လည်း တော်တော်တိုးလာသလို ဟော်မုန်းတွေကလည်း ပြောင်းလဲနေတယ်။ အဲဒါကြောင့် အရင်ကထက်စာရင် ပိုမောလွယ်ပြီး ပိုနားနားပေးဖို့လည်း လိုလာတယ်။ တစ်နေ့ကို အကြိမ်ကြိမ် အနားယူပေးဖို့လိုပါတယ်။

အိမ်သာဆိုလည်း ခဏခဏသွားချင်နေလိမ့်မယ်။ လေယာဉ်အိမ်သာ၊ ရထားအိမ်သာတွေဟာ အရမ်းကပ်သလို အများသုံးအိမ်သာတွေကလည်း ညစ်ပတ်တာများတယ်။ အဲဒါကြောင့် အိမ်သာသန့်သန့်တွေ့ရင် တစ်ခါတည်းသွားထားသင့်တယ်။

 

ကြာကြာမထိုင်မိဖို့လည်း သတိထားပါ။ လေယာဉ်နဲ့သွားရင် ဘေးခုံမှာထိုင်ပါ။ ၁နာရီခြားတစ်ခါလောက် ထထလမ်းလျှောက်ပေးသင့်တယ်။ ကားနဲခရီးသွားရင် မိနစ် ၉၀ တစ်ခါလောက် နားနားပေးပါနော်။

 

စတော်ကင်ဘောင်းဘီကို ဝတ်ပေးပါ။ ဒါမှ သွေးလှည့်ပတ်မှုကောင်း ပြီး သွေးခဲပိတ်တာကို ကာကွယ်ပေးနိုင်မယ်နော်။ ဖြစ်နိုင်ရင် ဖိနပ်ချွတ်ပြီး ခြေထောက်ကို အမြင့်တစ်ခုအပေါ်မြှောက်ထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်ဝန်ရင့်လာလေလေ ခြေထောက်ကရောင်လာလေလေပဲ။ အဲဒါကြောင့် သက်သောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ရွေးစီးပေးပါ။ ခါးနာနေတတ်တဲ့အတွက် ခေါင်းအုံးအပါးလေးဖြစ်ဖြစ်၊ အင်္ကျီလိပ်ပြီးတော့ပဲဖြစ်ဖြစ် ခါးနောက်မှာခုထားပေးပါနော်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Zawgyi)

 

ကိုယ္​ဝန္ႀကီးနဲ႔ခရီးသြားတဲ့အခါ ​ေအး​ေအး​ေဆး​ေဆးသြားတာအ​ေကာင္​းဆံုးပဲ​ေနာ္​။ အဲဒါ​ေၾကာင္​့ ​ေတာင္​တက္​တာတို႔၊ လွည္​့ပတ္​လည္​ၾကည့္​ရတဲ့ခရီးတို႔၊ ​ေတာက္​​ေလ်ာက္​​ေဈးဝယ္​ထြက္​တာတို႔ မသင္​့​ေတာ္​ဘူး​ေနာ္​။

 

အနားယူဖို႔အ​ေရးႀကီးလို႔ ရက္ပိုင္​း​ေလာက္​​ေအး​ေအး​ေဆး​ေဆး ​ေျခ​ေအးလက္​သာ​ေနနိုင္​မယ္​့ခရီးမိ်ဳး၊ ​ေနရာသစ္​မွာ အားအင္​​ေတြျဖည္​့တင္​းနိုင္​မယ္​့ ခရီးမ်ိဳးကို သြားသင့္​တယ္​။

 

​ေရကို​ ေအး​ေအး​ေဆး​ေဆးစိမ္​ခ်ိဳးၿပီး အိပ္​​ေရးဝ​ေအာင္​ ျပန္​အိပ္​နိုင္​မယ္၊ ကမ္​း​ေျခမွာ​ေအး​ေအး​ေဆး​ေဆး ဇိမ္​ခံၿပီး စာဖတ္​မယ္​၊ ​ေကာ္​ဖီဆိုင္​ထိုင္မယ္​၊ လူ​ေတြလႈပ္​ရွားသြားလာ​ေနတာကို ထိုင္​ၾကည့္​မယ္​၊ ဒါမွမဟုတ္​ရင္​လည္​း ဟိုတယ္​အခန္းထဲ​ ရုပ္​ရွင္​​ေလးၾကည့္​မယ္​။ အားအင္​​ေတြျပန္​ျပည့္​လာတဲ့အခါ ခရီးကိုပိုၿပီး​ေတာ့​ေတာင္​ ​ေပ်ာ္​​ေပ်ာ္​ႀကီးသြားနိုင္​မွာ​ေပါ့။

 

က​ေလး​ေလးကလည္း တ​ျဖည္​းျဖည္​းခ်င္​းႀကီးလာတာမို႔ိ ​ေမ​ေမ့ခႏၶာကိုယ္​ကလည္​း အမ်ားႀကီးအင္​အား​ေပးရပါတယ္​။ ကိုယ္​အ​ေလးခ်ိန္​လည္​း ေတာ္ေတာ္တိုးလာသလို ​ေဟာ္​မုန္​း​ေတြကလည္​း ​ေျပာင္​းလဲ​ေနတယ္​။ အဲဒါ​ေၾကာင့္​ အရင္​ကထက္​စာရင္​ ပို​ေမာလြယ္​ၿပီး ပိုနားနား​ေပးဖို႔လည္​း လိုလာတယ္​။ တစ္​​ေန႔ကို အႀကိမ္​ႀကိမ္​ အနားယူ​ေပးဖို႔လိုပါတယ္​။

 

အိမ္​သာဆိုလည္​း ခဏခဏသြားခ်င္​​ေနလိမ္​့မယ္​။ ​ေလယာဥ္​အိမ္​သာ၊ ရထားအိမ္​သာ​ေတြဟာ အရမ္​းကပ္​သလို အမ်ားသံုးအိမ္​သာ​ေတြကလညး္​ ညစ္​ပတ္​တာမ်ားတယ္​။ အဲဒါ​ေၾကာင့္​ အိမ္​သာသန္​႔သန္​႔​ေတြ႕ရင္​ တစ္​ခါတည္​းသြားထားသင့္​တယ္​။

 

ၾကာၾကာမထိုင္​မိဖို႔လည္​း သတိထားပါ။ ​ေလယာဥ္​နဲ႔သြားရင္​ ​ေဘးခံုမွာထိုင္​ပါ။ ၁နာရီျခားတစ္​ခါ​ေလာက္​ ထထလမ္​း​ေလွ်ာက္​​ေပးသင့္​တယ္​။ ကားနဲခရီးသြားရင္​ မိနစ္​ ၉၀ တစ္​ခါ​ေလာက္​ နားနား​ေပးပါ​ေနာ္​။

 

စ​ေတာ္​ကင္​​ေဘာင္​းဘီ​ကို ဝတ္​​ေပးပါ။ ဒါမွ ​ေသြးလွည႔္​ပတ္​မႈ​ေကာင္​း ၿပီး ​ေသြးခဲပိတ္​တာကို ကာကြယ္​​ေပးနိုင္​မယ္​​ေနာ္​။ ျဖစ္​နိုင္​ရင္​ ဖိနပ္​ခြၽတ္​ၿပီး ​ေျခ​ေထာက္​ကို အျမင့္တစ္ခုအေပၚ​ေျမႇာက္​ထား​ေပးနိုင္​ရင္​ ပို​ေကာင္​းပါတယ္​။ ကိုယ္ဝန္​ရင္​့လာ​ေလ​ေလ ​ေျခ​ေထာက္​က​ေရာင္​လာ​ေလ​ေလပဲ။ အဲဒါ​ေၾကာင္​့ သက္​​ေသာင္​့သက္​သာရွိမယ္​့ ဖိနပ္​မ်ိဳးကို ​ေ႐ြးစီး​ေပးပါ။ ခါးနာ​ေနတတ္​တဲ့အတြက္​ ​ေခါင္​းအံုးအ​ပါး​ေလး​ျဖစ္​ျဖစ္​၊ အက်ႌလိပ္​ၿပီး​ေတာ့ပဲျဖစ္​ျဖစ္​ ခါး​ေနာက္​မွာခုထား​ေပးပါေနာ္။

 

Dr. Mya Phoo Ngon (www.drmyanmar.com)