ကိုယ်ဝန်ဆောင်စဥ် ရှောင်ရှားသင့်သော အပြုအမူများ
အောက်ပါအပြုအမှုတို့သည် မိမိအတွက်သာမက သန္ဓေသားလောင်းအတွက်ပါ အန္တရာယ်ရှိနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။
1. အန္တရာယ်ရှိတဲ့ အားကစားနည်းများကစားခြင်း
2. ဆေးလိပ်သောက်ခြင်း - သန္ဓေသားကို ထိခိုက်စေနိုင်တာကြောင့် ဆရာဝန်နှင့်တိုင်ပင်၍ ဆေးလိပ်ဖြတ်သင့်ပါတယ်။
3. ရေနွေးပူဖြင့် ရေချိုးခြင်း၊ ရေပူစိမ်ခြင်း၊ ရေနွေးကန်သွားခြင်း (ရေကြက်သီးနွေးဖြင့် ရေချိုးခြင်းကိုမူပြုလုပ်နိုင်ပါတယ်)
4. ကြောင်၏ အညစ်အကြေးများကိုသန့်ရှင်းရေးပြုလုပ်ခြင်း
5. ဆရာဝန်နှင့်မတိုင်ပင်ဘဲ ဆေးဆိုင်မှဆေးများ ဝယ်ယူသောက်သုံးခြင်း
6. နေပူစာလှုံခြင်း - နေပူထဲသို့သွားပါက နေရောင်ကာ ခရင်မ်လိမ်းရန် မမေ့ပါနှင့်
7. နားပေါက်ဖောက်ခြင်း (သို့) တက်တူးထိုးခြင်း - ပိုးဝင်နိုင်ချေများခြင်း
8. ရေထဲသို့ ဒိုင်ဗင်ထိုးခြင်း
9. မူးယစ်ဆေးဝါးများမှီဝဲခြင်း
10. အရက်သောက်ခြင်း
Dr. Thinzar Wynn (www.drmyanmar.com)