/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ထူးချွန်ထက်မြက်တဲ့-ဘေဘီလေးတစ်ဦး-ဖြစ်လာစေရန်…

ထူးချွန်ထက်မြက်တဲ့ ဘေဘီလေးတစ်ဦး ဖြစ်လာစေရန်…

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

“ကလေးက ဒီအရွယ်လေးနဲ့ လမ်းတောင်လျှောက်တတ်နေပြီလား၊ ဒီအရွယ်လေးနဲ့ စကားပြောတတ်နေပြီလား”။ ဒီလိုမေးခွန်းမျိုး အမေးခံရရင် မေမေတို့အတွက် ဝမ်းသာပီတိဖြစ်ရတယ် မဟုတ်ဘူးလား။ သူများကလေးတွေ အခုလို ထူးချွန်ထက်မြက်တာကိုပဲ အားကျမနေနဲ့ဦးနော်။ မေမေတို့လည်း ကြိုးစားရင် ဒီလိုဘေဘီလေးမျိုးကို ပိုင်ဆိုင်နိုင်ပါတယ်။ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ကို ဂရုတစိုက် စားသောက်ပြီးတော့ သံဓာတ်၊ ဖောလစ်အက်စစ်အပြင် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို မှီဝဲပေးဖို့တော့ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ် ကြည့်လိုက်ရအောင်နော်။

Obimin 2022 IA 1

သံဓာတ်နဲ့ဖောလစ်အက်စစ်ကိုမှီဝဲပေးပါ။

မိခင်ဝမ်းထဲမှာရှိတဲ့ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကောင်းဖို့ဆို အောက်ဆီဂျင် ပြည့်ပြည့်ဝဝရဖို့ လိုအပ်ပါတယ်။ အောင်ဆီဂျင်ရဖို့အတွက်ဆို လုံလောက်တဲ့ သွေးနီဥပမာဏ ရှိရပါမယ်။ သံဓာတ်နဲ့ ဖောလစ်အက်စစ်ဟာ သွေးနီဥတည်ဆောက်ဖို့အတွက် လိုအပ်တာကြောင့် ပိုယ်ဂန်ဆောင်ကာလမှာ သံဓာတ်နဲ့ ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးသင့်သလို သံဓာတ်နဲ့ ဖောလစ်အက်စစ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကိုလည်း သောက်သုံးပေးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်၊အသီးအနှံများများစားပေးပါ။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့်ဓာတ်ဟာ ဘေဘီလေးရဲ့ ဦးနှောက်တစ်သျှူးတွေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Obimin 2022 IA 2

အသားဓာတ်များများစားပေးပါ။

ဘေဘီလေးရဲ့ ဆဲလ်တွေတည်ဆောက်မှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ ဟော်မုန်းတွေ တည်ဆောက်မှုအတွက် အသားဓာတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အသားဓာတ်လုံလောက်စွာ ရရှိဖို့အတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကြက်သား၊ ကြက်ဥ၊ ပဲအမျိုးမျိုး စတာတွေကို စားပေးသင့်ပါတယ်။

DHA ​ရရှိအောင်စားသောက်ပေးပါ။

DHA ဆိုတာ ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်တစ်မျိုးပဲ ဖြစ်ပါတယ်။ DHA ရရှိဖို့ဆို အဆီဓာတ်ကြွယ်ဝတဲ့ ငါးအမျိုးမျိုးကို စားပေးသင့်ပါတယ်။

ဆေးလိပ်နဲ့အရက်ကိုရှောင်ကြဥ်ပါ။

အရက် အသင့်အတင့်ပမာဏကတောင် ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်း၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်းဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။

အခုဆိုရင် မေမေတို့လည်း ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ရဲ့ အရေးပါပုံကို သိသွားကြပြီထင်ပါတယ်။ ထက်မြက်တဲ့ဘေဘီလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကစပြီး အစားအသောက်ကို ဂရုစိုက်ပေးဖို့ မမေ့ကြပါနဲ့နော်။

www.drmyanmar.com