/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နို့တိုက်နေစဥ်-ရှောင်ကြဥ်သင့်သော-အစားအစာများ

နို့တိုက်နေစဥ် ရှောင်ကြဥ်သင့်သော အစားအစာများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကဖင်းဓာတ်ပါသောအရည်များ

        မိခင်သောက်သုံးလိုက်သောကော်ဖီသည် နို့ရည်မှတဆင့် ကလေးငယ်ဆီသို့ရောက်သွားတာကြောင့် ကလေးငယ်အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။

 

မာကျူရီပါ၀င်မှုမြင့်မားသော ငါးများ

        ငါးကိုတကူးတကကြီးရှောင်ဖို့မလိုအပ်သော်လည်းစားသုံးသောငါးအမျိုးအစားကအရေးကြီးပါတယ်။ မာကျူရီဓါတ်ပါ၀င်မှုမြင့်မားတဲ့ငါးတွေကိုမစားမိဖို့အရေးကြီးပါတယ်။ တူနာငါး၊ ဆယ်လမွန်၊ ပုစွန်ဆိတ်နဲ့ ငါးခူစတဲ့ ငါးတွေမှာမာကျူရီဓာတ်ပါ၀င်မှုနည်းပါးတာကြောင့် စားသုံးပေးသင့်ပါတယ်။

 

ဂျုံ

        ဂျုံပါတဲ့အစားအစာတွေကိုစားသုံးတာကြောင့် ကလေးငယ်မှာဓါတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ငိုကြွေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းထဲတွင်သွေးပါခြင်းတို့ဖြစ်လာပါကဂျုံနှင့်ဓါတ်မတည့်ခြင်းကို ဖော်ပြနေတာဖြစ်ပါတယ်။

 

စစ်ထရပ်အက်ဆစ် (Citrus Acid) ပါသောသစ်သီးများ

        Citrus Acid ပါ၀င်တဲ့သစ်သီးတွေကို နို့တိုက်နေချိန်မှာရှောင်ရှားပေးသင့်ပါတယ်။ ၎င်းသစ်သီးတွေမှာပါ၀င် တဲ့အချို့သော ဒြပ်ပေါင်းတွေဟာကလေးငယ်ရဲ့ အစာအိမ်လမ်းကြောင်းကို မသက်မသာဖြစ်စေပါတယ်။ ဗီတာမင် C ဓာတ်ကြွယ်၀နေစေရန် အဲဒီအသီးများအစားသရက်သီး၊ သငေ်္ဘာသီးစတာတွေကိုစားပေးနိုင်ပါတယ်။

 

ချောကလက်

        ချောကလက်ဟာ ကဖင်းဓာတ်ပါ၀င်တဲ့အစားအစာတစ်ခုဖြစ်ရုံမျှမကကလေးငယ်ကို ၀မ်းသက်စေတဲ့ အာနိသင်ရှိတာကြောင့် နို့တိုက်မိခင်များအလွန်အကျွံမစားမိဖို့ လိုအပ်ပါတယ်။

 

နို့နှင့် နို့ထွက်ပစ္စည်း

        နို့နှင့် နို့ထွက်ပစ္စည်းများဟာ မိခင်နို့သောက်သော ကလေးငယ်များအတွက် ဓါတ်မတည့်မှုကို ဖြစ်စေသော အစားအစာများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နှစ်အောက်ကလေးမိခင်တွေအနေနဲ့ နို့နှင့် နို့ထွက်ပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်သင့်ပါတယ်။

 

မြေပဲ

        မိခင်(သို့) ဖခင်မှာမြေပဲနှင့် ဓါတ်မတည့်သည့်ရောဂါရှိပါက ကလေးနို့တိုက်နေစဉ် အတောအတွင်းမြေပဲကိုရှောင်ရှားသင့်ပါတယ်။ ကလေးငယ်မှာလည်း ဓါတ်မတည့်တာမျိုးဖြစ်လာနိုင်ပါတယ်။

 

နံနံပင်

        နံနံပင်ကိုပမာဏများများစားသုံးမိပါက နို့အထွက် နည်းစေတာကြောင့် ကလေးငယ်ကိုပိုမိုဆာလောင်စေပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)