ပန်းကလေးများထံမှ ပေးစာများ (အပိုင်း-7)
Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး
ကိုယ်၀န်ဆောင်တွေ ဆိုင်ကယ်စီးလို့ ရမရဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းလာတဲ့မေးခွန်းကို သားဖွားနှင့်မီးယပ် အထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင်က Dr Myanmar ကျန်းမာရေး Websiteရဲ့ "ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်မှတဆင့် ဖြေကြားပေးထားပါတယ်။
မေးမြန်းထားတဲ့မေးခွန်းလေးကတော့…
မင်္ဂလာပါရှင့်
သမီးက နေပြည်တော်ကပါ။ နာမည်ကတော့ ချဲချဲပါရှင့်။ အိမ်ထောင်ကျတာ ၄နှစ်နီးပါးရှိပါပြီ။ ခုမှ ကလေးယူဖြစ်တာပါ။ ကိုယ်ဝန် ၃လရှိပါပြီ။ ဗိုက်ခဏခဏအောင့်ပါတယ်။ ခေါင်းလဲမကြာခဏမူးပါတယ်။ ဆိုင်ကယ်နဲ့ နေ့တိုင်းသွားသွားလာလာစီးလို့များ ဗိုက်အောင့်တာလားဆိုတာ သိချင်ပါတယ်ရှင့်။ ကိုယ်ဝန်ဆောင်သည် ဆိုင်ကယ်စီးလို့ရ မရသိချင်ပါတယ်ရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါဦးရှင့်။
















