မိခင်နို့ချိုတိုက်ကျွေးပေး မေမေ့ရင်သွေးလေး
မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် ကလေးမှာ အကျိုးကျေးဇူးတွေ အများကြီးရရှိပါတယ်။ ရောဂါပိုးမွှား ဝင်ရောက်မှုကို ကာကွယ်ပေးခြင်း၊ နောက်ပိုင်း ကြီးပြင်းလာချိန်မှာ ဆီးချိုနဲ့သွေးတွင်း ကိုလက်စထရောများခြင်းတို့ကို ကာကွယ်ပေးခြင်း စသည်ဖြင့် အကျိုးကျေးဇူးတွေ ရရှိနိုင်သလို မိခင်နဲ့ကလေး နှောင်ဖွဲ့မှုကိုလည်း အားပေးပါတယ်။
ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ ကလေးတွေအတွက် လိုအပ်ပါတယ်။ ဖြည့်စွက်ကလေးအစားအစာ၊ ရေ၊ ဖျော်ရည်တွေ လုံးဝမတိုက်ကျွေးသင့်ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ တခြားအစားအစာ စတင်ကျွေးလာပြီ ဖြစ်တဲ့အတွက် နို့တိုက်ရတဲ့အကြိမ်ရေ နည်းလာပါလိမ့်မယ်။ ဆရာဝန်တွေက ကလေး အသက် ၂ နှစ်ကျော်တဲ့အထိ နို့တိုက်ဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် နို့တိုက်ရင်တိုက်သလောက် ကလေးအတွက် အကျိုးရှိတာကြောင့် ကလေးရောအမေပါ အဆင်ပြေတဲ့အချိန်အထိ နို့တိုက်ပေးပါ။ ကလေးဟာ မိခင်နို့ကနေကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိပါလိမ့်မယ်။
မွေးပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာ ဝါဝါပျစ်ပျစ် နို့ဦးရည်ထွက်လာပါတယ်။ ဒီနို့ဦးရည်မှာ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေနဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အင်တီဘော်ဒီတွေ ပါဝင်တဲ့အတွက် ကနဦးပိုင်းရက်တွေမှာ နို့ဦးရည်အနည်းငယ်မျှနဲ့ ကလေးအတွက် လုံလောက်ပါတယ်။ နောက်ပိုင်းရက်တွေမှာ တဖြည်းဖြည်းချင်း နု့ိပြည့်လာပါလိမ့်မယ်။
ကလေးနို့တိုက်ခြင်းဟာ လေ့ကျင့်ရင်းနဲ့ ပိုတတ်မြောက်လာနိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ နို့တိုက်တဲ့အခါ နို့သီးခေါင်းအက်ကွဲခြင်း၊ နို့ချောင်းပိတ်ခြင်း၊ နု့ိပိုးဝင်ခြင်းစတဲ့ ပြဿနာမျိုးစုံ ကြုံလာနိုင်ပါတယ်။ ကလေးကို နေ့ပိုင်းမှာ ၁ နာရီ၊ ၂ နာရီခြားတစ်ခါ နို့တိုက်ပေးပြီး ဒီနည်းလမ်းလေးတွေ လိုက်နာပေးရင် ဒီပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။ ဖြစ်လာခဲ့ရင်လည်း ကုသပြီး ဆက်လက်နို့ချိုတိုက်ကျွေးနိုင်ပါတယ်။
ရက်ချိန်းကို မှန်မှန်ပြဖို့ အရေးကြီးပါတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။
>> အိမ်မှာ ဘယ်လိုနို့တိုက်ရမလဲ?
ကလေးကို ဆာတိုင်းတိုက်၊ ငိုတိုင်းတိုက်ပါ။ ပထမ ၂ ပတ်အတွင်းမှာ ကလေးဟာ ၁ နာရီမှ ၃ နာရီခြား တစ်ခါ နို့ဆာနိုင်ပါတယ်။ ဆာတိုင်း တိုက်ပေးခြင်းဖြင့် နု့ိထွက်သန်လာစေနိုင်ပါတယ်။
ကလေးနို့တိုက်တဲ့အခါ သက်သောင့်သက်သာရှိမယ့်ပုံစံနဲ့ချီပြီး ကလေးအောက်မှာ ခေါင်းအုံးခုခံကာ တိုက်ပေးပါ။
● ကလေးကို ပုံစံမျိုးစုံနဲ့ ပွေ့ချီနို့တိုက်နိင်ပြီး အသုံးများတဲ့ပုံစံကတော့ ပုခက်ပုံပွေ့ချီနည်း ဖြစ်ပါတယ်။ ကလေးကို လက်မောင်းနဲ့ ထိန်းထားပြီး ကလေးခေါင်းကို တံတောင်ကွေးကြားမှာ ထားထားပါ။ လက်ဖဝါးက ကလေးဖင်လေးကို ထိန်းကိုင်ထားပြီး ကလေးဗိုက်က အမေ့ဗိုက်နဲ့ ကပ်ရပ်ရှိနေရပါမယ်။
● ဗိုက်ခွဲမွေးထားတဲ့ မိခင်တွေကတော့ ဘောလုံးပိုက်နည်းနဲ့ ပွေ့ချီနိုင်ပါတယ်။ ဒီပွေ့ချီနည်းက ဗိုက်ကို မထိခိုက်နိုင်အောင် ကာကွယ်ပေးပါတယ်။ ကလေးကို နို့တိုက်မယ့်ဘက် လက်ကြားထဲထားပြီး ကလေးရဲ့ ကိုယ်အပေါ်ပိုင်းကို လက်မောင်းနဲ့ထိန်းထားကာ ခေါင်းကို လက်ဖဝါးနဲ့ ထိန်းထားပေးပါ။
● ပုံစံမျိုးစုံနဲ့ နို့တိုက်ပေးပါ။ ပြဿနာတစ်စုံတစ်ရာရှိနေခဲ့ရင် ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပါ။
Obimin 1

>> ကလေးနို့ကို ကောင်းကောင်းစို့နိုင်အောင်
● ရင်သားကို လက်မက အပြင်ဘက်၊ လက်ချောင်းတွေက အတွင်းဘက် U ပုံသဏ္ဌာန် ကိုင်နိုင်သလို၊ လက်ချောင်းတွေက နို့သီးခေါင်းအောက်၊ လက်မကအပေါ်ထားပြီး C ပုံသဏ္ဌာန် ကိုင်နိုင်ပါတယ်။ လက်မောင်းတစ်ဖက်က ကလေးကျောလေးကို ထိန်းကိုင်ထားပြီး လက်က ကလေးခေါင်းလေးနား၊ လက်ချောင်းနဲ့ လက်မတွေက ကလေးနားနားလေးမှာထားကာ ထိန်းပေးထားပါ။
● ကလေး ပါးစပ်ကျယ်ကျယ်ဟလာတဲ့ အချိန်ကို စောင့်ပါ။ ဟလာအောင် အောက်နှုတ်ခမ်းလေးကို တို့ပေးနိုင်ပါတယ်။ ပါးစပ်လေး ဟလာရင် ကလေးကို ရင်ဘတ်နားကပ်လာပြီး လက်တစ်ဖက်နဲ့ ရင်သားကို ကလေးပါးစပ်ထဲ ထည့်ပေးပါ။
● နို့သီးခေါင်းရော၊ သားမြတ်အမည်းကွင်းရော အကုန်လုံး ငုံမိပါစေ။ ကလေးနှုတ်ခမ်းလေးဟာ အထဲကို မဝင်ဘဲ အပြင်ကို လန်နေပါစေ။
● နို့စို့သံ၊ နို့မျိုသံတွေကို နားထောင်ပေးပါ။ မကြားရရင် ကလေးနားရွက်လေး လှုပ်နေ/မနေ ကြည့်ကြည့်ပါ။ ကလေးနှာခေါင်း ရင်သားနဲ့ကပ်ပြီး ပိနေခဲ့ရင် ကလေးခေါင်းလေးကို နည်းနည်းလေး မော့လိုက်ပါ။
● ကလေးနို့ကို ကောင်းကောင်း ဟပ်လိုက်နိုင်ပြီဆိုရင်တော့ ရင်သားကိုက ိုင်ထားတဲ့လက်ကို လွှတ်လိုက်ပြီး ကလေးကိုပွေ့ကာ သက်သောင့်သက်သာ နု့ိတိုက်နိုင်ပါတယ်။
>> ကလေး နို့ကောင်းကောင်းစို့နေကြောင်း ပြသနေတဲ့အချက်တွေကတော့
● ကလေးပါးစပ်လေးက သားမြတ်အဝန်းကို ကောင်းကောင်းငုံထားပြီး နှုတ်ခမ်းတွေက အပြင်ဘက်ကို လန်ထွက်နေခြင်း
● ကလေးရဲ့နှာခေါင်းလေးနဲ့ မေးစေ့လေးဟာ ရင်သားပေါ်မှာ တင်နေခြင်း
● နို့စို့ပုံဟာ နရီကျကျဖြစ်နေပြီး ကြားထဲနားချိန်တိုခြင်း
● ကလေး နို့မျိုနေတာကို မြင်ရကြားရခြင်း
● နို့သီးခေါင်း မနာကျင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကလေးက ဒီတစ်ကြိမ် နို့တစ်ဖက်ပဲစို့ရင် နောက်တစ်ကြိမ်စို့တဲ့အခါ နောက်တစ်ဖက် ပြောင်းပေးပါ။
ကလေးကို နို့လွှတ်စေချင်ရင် ကလေးရဲ့သွားဖုံးကြားကို လက်ချောင်းလေး ထည့်ပြီး လွှတ်စေပါ။ ဒီအတိုင်း ဆွဲဖြုတ်လိုက်ရင် နု့ိသီးခေါင်း အက်ကွဲနာကျင်လာပါလိမ့်မယ်။
ကလေးနို့စို့ပြီးရင် ကျောပြင်လေးကို ဖြည်းဖြည်းပုတ်ပေးပြီး လေထုတ်ပေးပါ။ လေထုတ်ပြီးနောက် နို့ထပ်စို့မလား ကပ်ကြည့်ပေးပါ။ တစ်ခါတလေ ကလေးတွေဟာ လေထုတ်ပြီးနောက် နို့ထပ်စို့တတ်ကြပါတယ်။
Obimin 2

(Zawgyi)
မိခင္ႏို႔ခ်ိဳတိုက္ေကြၽးျခင္းျဖင့္ ကေလးမွာ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရရွိပါတယ္။ ေရာဂါပိုးမႊား ဝင္ေရာက္မႈကို ကာကြယ္ေပးျခင္း၊ ေနာက္ပိုင္း ႀကီးျပင္းလာခ်ိန္မွာ ဆီးခ်ိဳနဲ႔ေသြးတြင္း ကိုလက္စထေရာမ်ားျခင္းတို႔ကို ကာကြယ္ေပးျခင္း စသည္ျဖင့္ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္သလို မိခင္နဲ႔ကေလး ေႏွာင္ဖြဲ႕မႈကိုလည္း အားေပးပါတယ္။
ကေလးအသက္ ၆ လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းပဲ ကေလးေတြအတြက္ လိုအပ္ပါတယ္။ ျဖည့္စြက္ကေလးအစားအစာ၊ ေရ၊ ေဖ်ာ္ရည္ေတြ လုံးဝမတိုက္ေကြၽးသင့္ပါဘူး။ အဲဒီေနာက္ပိုင္းမွာေတာ့ တျခားအစားအစာ စတင္ေကြၽးလာၿပီ ျဖစ္တဲ့အတြက္ ႏို႔တိုက္ရတဲ့အႀကိမ္ေရ နည္းလာပါလိမ့္မယ္။ ဆရာဝန္ေတြက ကေလး အသက္ ၂ ႏွစ္ေက်ာ္တဲ့အထိ ႏို႔တိုက္ဖို႔ တိုက္တြန္းပါတယ္။ ဒါေပမယ့္ ႏို႔တိုက္ရင္တိုက္သေလာက္ ကေလးအတြက္ အက်ိဳးရွိတာေၾကာင့္ ကေလးေရာအေမပါ အဆင္ေျပတဲ့အခ်ိန္အထိ ႏို႔တိုက္ေပးပါ။ ကေလးဟာ မိခင္ႏို႔ကေနက်န္းမာေရး အက်ိဳးေက်းဇူးေတြ ရရွိပါလိမ့္မယ္။
ေမြးၿပီး ရက္ပိုင္းအနည္းငယ္အတြင္းမွာ ဝါဝါပ်စ္ပ်စ္ ႏို႔ဦးရည္ထြက္လာပါတယ္။ ဒီႏို႔ဦးရည္မွာ ကေလးအတြက္ လိုအပ္တဲ့အာဟာရဓာတ္ေတြနဲ႔ ပိုးမႊားေတြကို တိုက္ထုတ္ေပးႏိုင္တဲ့ အင္တီေဘာ္ဒီေတြ ပါဝင္တဲ့အတြက္ ကနဦးပိုင္းရက္ေတြမွာ ႏို႔ဦးရည္အနည္းငယ္မွ်နဲ႔ ကေလးအတြက္ လုံေလာက္ပါတယ္။ ေနာက္ပိုင္းရက္ေတြမွာ တျဖည္းျဖည္းခ်င္း ႏု႔ိျပည့္လာပါလိမ့္မယ္။
ကေလးႏို႔တိုက္ျခင္းဟာ ေလ့က်င့္ရင္းနဲ႔ ပိုတတ္ေျမာက္လာႏိုင္တဲ့ အလုပ္တစ္ခုျဖစ္ပါတယ္။ ႏို႔တိုက္တဲ့အခါ ႏို႔သီးေခါင္းအက္ကြဲျခင္း၊ ႏို႔ေခ်ာင္းပိတ္ျခင္း၊ ႏု႔ိပိုးဝင္ျခင္းစတဲ့ ျပႆနာမ်ိဳးစုံ ႀကဳံလာႏိုင္ပါတယ္။ ကေလးကို ေန႔ပိုင္းမွာ ၁ နာရီ၊ ၂ နာရီျခားတစ္ခါ ႏို႔တိုက္ေပးၿပီး ဒီနည္းလမ္းေလးေတြ လိုက္နာေပးရင္ ဒီျပႆနာေတြကို ကာကြယ္ေပးႏိုင္မွာပါ။ ျဖစ္လာခဲ့ရင္လည္း ကုသၿပီး ဆက္လက္ႏို႔ခ်ိဳတိုက္ေကြၽးႏိုင္ပါတယ္။
ရက္ခ်ိန္းကို မွန္မွန္ျပဖို႔ အေရးႀကီးပါတယ္။ ျပႆနာတစ္စုံတစ္ရာျဖစ္ခဲ့ရင္ ဆရာဝန္နဲ႔ တိုင္ပင္ျပသပါ။
>> အိမ္မွာ ဘယ္လိုႏို႔တိုက္ရမလဲ?
ကေလးကို ဆာတိုင္းတိုက္၊ ငိုတိုင္းတိုက္ပါ။ ပထမ ၂ ပတ္အတြင္းမွာ ကေလးဟာ ၁ နာရီမွ ၃ နာရီျခား တစ္ခါ ႏို႔ဆာႏိုင္ပါတယ္။ ဆာတိုင္း တိုက္ေပးျခင္းျဖင့္ ႏု႔ိထြက္သန္လာေစႏိုင္ပါတယ္။
ကေလးႏို႔တိုက္တဲ့အခါ သက္ေသာင့္သက္သာရွိမယ့္ပုံစံနဲ႔ခ်ီၿပီး ကေလးေအာက္မွာ ေခါင္းအုံးခုခံကာ တိုက္ေပးပါ။
● ကေလးကို ပုံစံမ်ိဳးစုံနဲ႔ ေပြ႕ခ်ီႏို႔တိုက္နိင္ၿပီး အသုံးမ်ားတဲ့ပုံစံကေတာ့ ပုခက္ပုံေပြ႕ခ်ီနည္း ျဖစ္ပါတယ္။ ကေလးကို လက္ေမာင္းနဲ႔ ထိန္းထားၿပီး ကေလးေခါင္းကို တံေတာင္ေကြးၾကားမွာ ထားထားပါ။ လက္ဖဝါးက ကေလးဖင္ေလးကို ထိန္းကိုင္ထားၿပီး ကေလးဗိုက္က အေမ့ဗိုက္နဲ႔ ကပ္ရပ္ရွိေနရပါမယ္။
● ဗိုက္ခြဲေမြးထားတဲ့ မိခင္ေတြကေတာ့ ေဘာလုံးပိုက္နည္းနဲ႔ ေပြ႕ခ်ီႏိုင္ပါတယ္။ ဒီေပြ႕ခ်ီနည္းက ဗိုက္ကို မထိခိုက္ႏိုင္ေအာင္ ကာကြယ္ေပးပါတယ္။ ကေလးကို ႏို႔တိုက္မယ့္ဘက္ လက္ၾကားထဲထားၿပီး ကေလးရဲ႕ ကိုယ္အေပၚပိုင္းကို လက္ေမာင္းနဲ႔ထိန္းထားကာ ေခါင္းကို လက္ဖဝါးနဲ႔ ထိန္းထားေပးပါ။
● ပုံစံမ်ိဳးစုံနဲ႔ ႏို႔တိုက္ေပးပါ။ ျပႆနာတစ္စုံတစ္ရာရွိေနခဲ့ရင္ ဆရာဝန္၊ ဆရာမေတြနဲ႔ တိုင္ပင္ပါ။
>> ကေလးႏို႔ကို ေကာင္းေကာင္းစို႔ႏိုင္ေအာင္
● ရင္သားကို လက္မက အျပင္ဘက္၊ လက္ေခ်ာင္းေတြက အတြင္းဘက္ U ပုံသဏၭာန္ ကိုင္ႏိုင္သလို၊ လက္ေခ်ာင္းေတြက ႏို႔သီးေခါင္းေအာက္၊ လက္မကအေပၚထားၿပီး C ပုံသဏၭာန္ ကိုင္ႏိုင္ပါတယ္။ လက္ေမာင္းတစ္ဖက္က ကေလးေက်ာေလးကို ထိန္းကိုင္ထားၿပီး လက္က ကေလးေခါင္းေလးနား၊ လက္ေခ်ာင္းနဲ႔ လက္မေတြက ကေလးနားနားေလးမွာထားကာ ထိန္းေပးထားပါ။
● ကေလး ပါးစပ္က်ယ္က်ယ္ဟလာတဲ့ အခ်ိန္ကို ေစာင့္ပါ။ ဟလာေအာင္ ေအာက္ႏႈတ္ခမ္းေလးကို တို႔ေပးႏိုင္ပါတယ္။ ပါးစပ္ေလး ဟလာရင္ ကေလးကို ရင္ဘတ္နားကပ္လာၿပီး လက္တစ္ဖက္နဲ႔ ရင္သားကို ကေလးပါးစပ္ထဲ ထည့္ေပးပါ။
● ႏို႔သီးေခါင္းေရာ၊ သားျမတ္အမည္းကြင္းေရာ အကုန္လုံး ငုံမိပါေစ။ ကေလးႏႈတ္ခမ္းေလးဟာ အထဲကို မဝင္ဘဲ အျပင္ကို လန္ေနပါေစ။
● ႏို႔စို႔သံ၊ ႏို႔မ်ိဳသံေတြကို နားေထာင္ေပးပါ။ မၾကားရရင္ ကေလးနား႐ြက္ေလး လႈပ္ေန/မေန ၾကည့္ၾကည့္ပါ။ ကေလးႏွာေခါင္း ရင္သားနဲ႔ကပ္ၿပီး ပိေနခဲ့ရင္ ကေလးေခါင္းေလးကို နည္းနည္းေလး ေမာ့လိုက္ပါ။
● ကေလးႏို႔ကို ေကာင္းေကာင္း ဟပ္လိုက္ႏိုင္ၿပီဆိုရင္ေတာ့ ရင္သားကိုက ိုင္ထားတဲ့လက္ကို လႊတ္လိုက္ၿပီး ကေလးကိုေပြ႕ကာ သက္ေသာင့္သက္သာ ႏု႔ိတိုက္ႏိုင္ပါတယ္။
>> ကေလး ႏို႔ေကာင္းေကာင္းစို႔ေနေၾကာင္း ျပသေနတဲ့အခ်က္ေတြကေတာ့
● ကေလးပါးစပ္ေလးက သားျမတ္အဝန္းကို ေကာင္းေကာင္းငုံထားၿပီး ႏႈတ္ခမ္းေတြက အျပင္ဘက္ကို လန္ထြက္ေနျခင္း
● ကေလးရဲ႕ႏွာေခါင္းေလးနဲ႔ ေမးေစ့ေလးဟာ ရင္သားေပၚမွာ တင္ေနျခင္း
● ႏို႔စို႔ပုံဟာ နရီက်က်ျဖစ္ေနၿပီး ၾကားထဲနားခ်ိန္တိုျခင္း
● ကေလး ႏို႔မ်ိဳေနတာကို ျမင္ရၾကားရျခင္း
● ႏို႔သီးေခါင္း မနာက်င္ျခင္း စတာေတြပဲ ျဖစ္ပါတယ္။
ကေလးက ဒီတစ္ႀကိမ္ ႏို႔တစ္ဖက္ပဲစို႔ရင္ ေနာက္တစ္ႀကိမ္စို႔တဲ့အခါ ေနာက္တစ္ဖက္ ေျပာင္းေပးပါ။
ကေလးကို ႏို႔လႊတ္ေစခ်င္ရင္ ကေလးရဲ႕သြားဖုံးၾကားကို လက္ေခ်ာင္းေလး ထည့္ၿပီး လႊတ္ေစပါ။ ဒီအတိုင္း ဆြဲျဖဳတ္လိုက္ရင္ ႏု႔ိသီးေခါင္း အက္ကြဲနာက်င္လာပါလိမ့္မယ္။
ကေလးႏို႔စို႔ၿပီးရင္ ေက်ာျပင္ေလးကို ျဖည္းျဖည္းပုတ္ေပးၿပီး ေလထုတ္ေပးပါ။ ေလထုတ္ၿပီးေနာက္ ႏို႔ထပ္စို႔မလား ကပ္ၾကည့္ေပးပါ။ တစ္ခါတေလ ကေလးေတြဟာ ေလထုတ္ၿပီးေနာက္ ႏို႔ထပ္စို႔တတ္ၾကပါတယ္။
















