/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ကြွက်တက်ခြင်းကင်းဝေးစေရန်-စားသုံးပေးသင့်သော

ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်ခြင်းကင်းဝေးစေရန် စားသုံးပေးသင့်သော အာဟာရများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရင်သွေးလေးကို ဝမ်းနဲ့လွယ်ထားရလို့  သက်သောင့်သက်တာမရှိချိန်မှာ ကြွက်တက်တာကိုပါ ခံစားရရင်တော့ ကသိကအောက်ဖြစ်စရာပါပဲနော်။ အထူးသဖြင့် ညဘက်တွေမှာဖြစ်ရင် အိပ်ရေးပျက်ပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အာဟာရဓာတ် ချို့တဲ့ရင်လည်း ကြွက်တက်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်ခြင်းကင်းဝေးအောင် ကူညီပေးနိုင်တဲ့ အာဟာရဓာတ်တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

Obimin Calcium IA 1

ကယ်လ်ဆီယမ် - ကြွက်သားလုပ်ဆောင်ချက် ကောင်းမွန်စေရန် ကူညီပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်အရွက်များ၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားသော အစားအသောက်များကို စားသောက်ပေးသင့်ပါတယ်။

မဂ္ဂနီဆီယမ် - ကြွက်သားတွေကို ပျော့ပျောင်းစေပြီးတော့ ကြွက်တက်တဲ့အကြိမ်ရေကို လျော့နည်းစေတာကြောင့် အခွံမာသီးများ၊ အစေ့အဆံများ၊ ပြုပြင်ထားခြင်းမရှိသော ကောက်ပဲသီးနှံများ၊ အစိမ်းရောင်အရွက်များကို စားပေးသင့်ပါတယ်။

ပိုတက်ဆီယမ် - ကြွက်သားလုပ်ဆောင်မှုကို ကောင်းမွန်စေတာကြောင့် ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူးနဲ့ ပဲအမျိုးမျိုးတို့ကို စားသုံးပေးပါ။

Obimin Calcium IA 2

Vitamin D - ကယ်လ်ဆီယမ်စုပ်ယူမှုကို အားပေးတာကြောင့် Vitamin D ရရှိဖို့အတွက် နေရောင်ခံပေးပါ။ နေရောင်ခြည်ခံယူဖို့ အခက်အခဲရှိသူများအနေနဲ့ Vitamin D ဖြည့်စွက်ထားတဲ့ အစားအသောက်များ၊ ဖြည့်စွက်အားဆေးများကို မှီဝဲပေးသင့်ပါတယ်။

အမျှင်ဓာတ် - ဝမ်းချုပ်တဲ့အခါ ကြွက်တက်ခြင်းကို ပိုဆိုးစေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တို့ ဝမ်းမှန်စေဖို့အတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ မပြုပြင်ထားတဲ့ ကောက်ပဲသီးနှံများကို ပိုမိုစားသုံးပေးသင့်ပါတယ်။

ဖော်ပြပေးခဲ့တဲ့ အာဟာရဓာတ်တွေဟာ ကြွက်တက်တာကို အထိုက်အလျောက် လျော့နည်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီလိုအစားအစာတွေကို ပိုမိုစားသုံးပေးတဲ့အပြင် ရေများများသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးများ မှီဝဲပေးခြင်းဖြင့်လည်း ကြွက်တက်ခြင်းကင်းဝေးစေရန် ကူညီပေးနိုင်ပါတယ်။

www.drmyanmar.com