မီးဖွားပြီးစမေမေတို့အတွက် သိထားသင့်တဲ့အချက်များ
ရင်သွေးလေးကို မွေးဖွားပြီးချိန်မှာ မေမေတို့အနေနှင့် ကောင်းစွာအနားယူသင့်သလို အနီးကပ် ပြုစုစောင့်ရှောက်ပေးမယ့် အကူအညီလည်း လိုအပ်ပါတယ်။
မိခင်ကောင်းတစ်ဦးဖြစ်ဖို့ရာအတွက် မေမေကိုယ်တိုင်ကလည်း မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ပြုစုပေးဖို့ လိုအပ်လှပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မီးဖွားပြီးစမေမေတို့ရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်လိုက်နာရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Obimin 1

(၁) ချောင်းဆိုး နှာချေလိုက်တိုင်းမှာ ချုပ်ရိုးနားသို့ ခေါင်းအုံးလေး ခုထားခြင်းဖြင့် နာကျင်တာ သက်သာစေပြီး ချုပ်ရိုးကွဲခြင်းကို ကာကွယ်နိုင်ပါတယ်။
(၂) ဗိုက်ခွဲပြီးချိန်မှာ အဖြစ်များတဲ့ပြဿနာတစ်ခုကတော့ ဝမ်းချုပ်ခြင်းပါပဲ။ ဒါကြောင့် ဝမ်းပျော့စေဖို့ အသီးအရွက်နှင့် သစ်သီး များများစားပေးခြင်း၊ ရေသောက်ပေးခြင်းနှင့် လိုအပ်ပါက ဝမ်းပျော့ဆေးသောက်ပေးဖို့ လိုပါလိမ့်မယ်။
(၃) နာကျင်မှုကို သက်သာအောင် ဆရာဝန် ညွှန်ကြားထားသော အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါတယ်။
(၄) တတ်နိုင်သမျှ ကောင်းကောင်း အနားယူပါ။ အလေးအပင်မတာ၊ လမ်းများများလျှောက်တာကို ရှောင်ပါ။
(၅) ဗိုက်ခွဲမွေးထားသောမိခင်တွေဟာလည်း ရိုးရိုးမွေးသောမိခင်များနည်းတူ အမေနို့ ကောင်းကောင်းတိုက်နိုင်ပါတယ်။
(၆) မိခင်နို့တိုက်စဉ်မှာ သက်သောင့်သက်တာရှိစေဖို့ ချုပ်ရိုးပေါ်မှာ ခေါင်းအုံးငယ်တစ်ခုကို ခုထားပါ။
(၇) ချုပ်ရိုးမှသွေးစိမ့်ခြင်း၊ ပြည်တည်ခြင်းနှင့် ချုပ်ရိုးဟခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။
Obimin 2

>> ရိုးရိုးမွေးသူများ မွေးလမ်းကြောင်းတစ်ဝိုက်ကို ဂရုစိုက်ရမယ့်အချက်များ
● မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းရေး ပြုလုပ်ခါနီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးပါ။
● ထိုင်တဲ့အခါမှာ မွေးလမ်းကြောင်း၊ တင်ပါးနှင့်ပေါင်နှစ်ဖက်လုံးကို ဖိပြီးထိုင်ပါ။
● ဆီးဝမ်းသွားပြီးချိန်တိုင်း ချုပ်ရိုးများကို ရေနွေးဖြင့် သန့်စင်ပေးပါ။ သန့်စင်တဲ့အခါမှာ မိန်းမကိုယ်ကနေ စအိုဘက်သို့ လက်ဖြင့် ပွတ်ဆွဲပါ။ ထို့နောက် တစ်ရှူးဖြင့် အရှေ့ကနေအနောက်ကိုပဲ ပွတ်ဆွဲပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ။
● သန့်ရှင်းသောအမျိုးသမီးသုံးပစ္စည်းကို အသုံးပြုပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















