/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကမ်ဘာကြီးပူနွေးလာခြင်းနှင့်-ကျန်းမာရေး

ကမ်ဘာကြီးပူနွေးလာခြင်းနှင့် ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကမ်ဘာကြီးပူနွေးလာမှုက အအေးဓာတ်လွန်ကဲသောဒေသများတွင် အအေးဓာတ် လွန်ကဲမှုကြောင့် သေဆုံးမှုကိုလျှော့ချပေးနိုင်ခြင်း၊ သီးနှံထွက်နှုန်းကောင်းမွန်ခြင်းစတဲ့ ကောင်းကျိုးအနည်းငယ် ကို ဖြစ်ထွန်းစေမယ့် ရာသီပြောင်းလဲလာမှုတွေက လူသားများရဲ့ ကျန်းမာရေးအပေါ်မှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေကို ဖြစ်စေပါတယ်။ ရာသီဥတုပြောင်းလဲခြင်းက လာဘ်ကြီးတစ်ပါးဖြစ်တဲ့ ကျန်းမာရေးကိုဖော်ဆောင်ရာမှာ အဓိကကျတဲ့ သန့်ရှင်းသောလေ၊ ရေကောင်းရေသန့် လုံလောက်တဲ့ စားနပ်ရိက္ခာ၊ လုံခြုံနေစရာရရှိရေးတို့ကို ထိခိုက်စေပါတယ်။

 

ကမ်ဘာကြီးပူနွေးလာမှုကြောင့် သေဆုံးမှုမြင့်တက်လာခြင်း

          အပူချိန်မြင့်မားလာခြင်းက နှလုံးရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ များကြောင့် သေဆုံးမှုကို မြင့်တက်စေပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပါတယ်။ ဥရောပမှာ 2003 ခုနှစ်က အပူလှိုင်းဖြတ်မှုကြောင့် လူပေါင်း 7 သောင်းကျော် သေဆုံးခဲ့ပါတယ်။

          အပူချိန်မြင့်တက်မှုက အိုဇုန်းပမာဏနှင့် အခြားသောလေထုကို ညစ်ညမ်းစေတဲ့ပစ္စည်းတွေ ကို မြင့်တက်စေတာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို ပိုမိုဆိုးဝါးစေပါတယ်။

 

ဓာတ်မတည့်မှုများကို ဖြစ်စေခြင်း

          လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ပမာဏ မြင့်တက်လာခြင်း၊ ကမ်ဘာကြီးပူနွေးလာခြင်းတို့ကြောင့် ဓာတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကို ပိုမိုပြန့်ပွားစေတာကြောင့် မျက်ရည်ယိုခြင်း၊ နှာစေးခြင်းစတဲ့ အပျော့စားဓာတ်မတည့်မှု လက္ခဏာများအပြင် ပြင်းထန်တဲ့ဓာတ်မတည့်မှုတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

 

ရေများညစ်ညမ်းလာခြင်းနှင့် ရေလွှမ်းမိုးမှုခံရခြင်း

          ရေခဲမြစ်များအရည်ပျော်လာမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာပြီး အမှိုက်သရိုက်နှင့် အညစ်အကြေးများရေစီးနှင့် အတူမျှောပါသွားခြင်းကြောင့် ရေထုညစ်ညမ်းမှုဖြစ်စေပါတယ်။

          အမှိုက်သရိုက်တွေအပြင် သာမာန်မျက်စေ့နှင့် မမြင့်နိုင်တဲ့ ကပ်ပါးပိုးများ၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ပါ၀င်နေတာကြောင့် ၀မ်းရောဂါအပါအ၀င်အခြားသောရေမှတဆင့် ကူးစက်တဲ့ရောဂါတွေကိုဖြစ်စေပါတယ်။

 

www.drmyanmar.com