/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံစွမ်းအားစနစ်အားနည်းရင်-ဘာဖြစ်မလဲ-vs

ကိုယ်ခံစွမ်းအားစနစ်အားနည်းရင် ဘာဖြစ်မလဲ Vs ကိုယ်ခံစွမ်းအားစနစ်တုံ့ပြန်မှုလွန်ကဲရင် ဘာဖြစ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် အားနည်းလာတဲ့အခါ ဘာတွေဖြစ်နိုင်သလဲ

      ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်အားနည်းနေပါက ပိုးမွှားတွေကိုမတိုက်ထုတ်နိုင်တော့တာကြောင့် နာလန်မထမီမှာပင် နောက်တစ်ခါထပ်မံ၍ နေမကောင်းဖြစ်စေနိုင်ပါတယ်။ ဒီထက်ပိုဆိုးပါက နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ခံစားစေရုံသာမက ဖျားနာခြင်းဟာ လချီကြာနိုင်ပါတယ်။

          ကိုယ်ခံအားစနစ်လုံးဝအလုပ်မလုပ်တော့ပါက ဖျားနာခြင်းကိုသဘာဝအတိုင်း အကာအကွယ်မပေးနိုင်တော့ပါဘူး။ ပုံမှန်ဆိုလျှင် ခန္ဓာကိုယ်ကိုဒုက္ခမပေးနိုင်တဲ့ ပိုးမွှားတွေကပါ ရောဂါတွေထပ်ဖြစ်စေနိုင်ပါတယ်။ ထပ်ခါတလဲလဲ အဆုတ်ရောင်ခြင်း၊ ရေယုံပေါက်ခြင်း၊ ချောင်းဆိုးသွေးပါခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

♦ ကိုယ်ခံအားစနစ်တုံ့ပြန်မှုလွန်ကဲရင်ကော ဘာဖြစ်နိုင်သလဲ

      ကိုယ်ခံအားစနစ်အားကောင်းလွန်းခြင်းဟာလည်း ကိုယ်ခံအားစနစ် အားနည်းခြင်းကဲ့သို့ပင် အန္တရာယ်ကြီးမားလှပါတယ်။ ကိုယ်ခံအားစနစ်တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် ခန္ဓာကိုယ်သည် ကောင်ခြင်းဆိုးခြင်းကို မခွဲခြားနိုင်တော့ဘဲ ကိုယ့်ခန္ဓာကို ပြန်တိုက်ခိုက်တဲ့ မူမမှန်မှုတွေဖြစ်လာစေနိုင်ပါတယ်။

      ကိုယ်ခံအားစနစ်တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေကတော့ -

1. သွေးလေးဖက်နာရောဂါ - အဆစ်အမြစ်တွေကို တိုက်ခိုက်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်းနဲ့ တောင့်တင်းခြင်းတွေဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆစ်အမြစ်တွေဟာ ပုံပျက်လာပြီး ကောင်းစွာလည်း အလုပ်မလုပ်နိုင်တော့ပါ။

2. အာရုံကြောစနစ်ထိခိုက်တဲ့ရောဂါ (multiple sclesosts) - ကိုယ်ခံစွမ်းအားစနစ်သည် အာရုံကြောမျှင်တွေပျက်စီးခြင်းကို ကာကွယ်ပေးထားတဲ့အဆီလွှာကို ဖျက်ဆီးလိုက်တာကြောင့် အာရုံကြောရဲ့လုပ်ငန်းဆောင်တာတွေထိခိုက်လာပါတယ်။ ရောဂါပိုဆိုးလာပါက ဦးနှောက်၊ ကျောရိုးမကြီးနဲ့ မျက်စိတွေကိုပါ ထိခိုက်စေ၍ ကြွက်သားထိန်းချုပ်မှု၊ ခန္ဓာကိုယ်မျှခြေအနေအထား၊ အမြင်အာရုံနဲ့ အခြားခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေမှာပါ ပြဿနာတွေဖြစ်လာစေပါတယ်။

3. အူရောဂါ (Celiac disease) – Gluten လို့ခေါ်တဲ့ အသားဓာတ်တစ်မျိုးစားသုံးမိပါက ခန္ဓာကိုယ်ခုခံအားစနစ်သည် အူသိမ်အူမွှားတွေကို တိုက်ခိုက်၍ အစာမှာပါတဲ့အာဟာရဓာတ်တွေကိုစုတ်ယူနိုင်တဲ့ အချွန်အတက် (villi) အစိတ်အပိုင်းတွေကို ဖျက်ဆီးပါတယ်။

          အခြားရောဂါတွေကတော့ -

1. အရေပြားရောင်ရောဂါတစ်မျိုး (Lupus)- အရေပြား၊ အဆစ်အမြစ်နဲ့ သွေးဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။

2. သွေးကြောရောင်ခြင်း

3. Sjogren's syndrome - မျက်စိခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်း

4. အူရောင်ခြင်း - အစာခြေစနစ်ကို ထိခိုက်စေပါတယ်။

5. နာတာရှည်မောပန်းနွမ်းနယ်ခြင်းရောဂါစု - အိပ်စက်ခြင်းမူမမှန်မှုနှင့် နာကျင်ခြင်း

♦ ကိုယ်ခံအားစနစ်ချို့ယွင်းခြင်းရဲ့အကြောင်းအရင်းတွေက ဘာတွေလဲ

ကိုယ်ခံအားစနစ်ဆိုတာ ဗဟိုအာရုံကြောစနစ်ကြီးရဲ့ ကွန်ယက်အစုအပေါင်းကြီးဖြစ်တာကြောင့် ထိုစနစ်ကြီးပုံမှန်အလုပ်လုပ်နေပါက ဘာပြဿနာမျှမဖြစ်စေပါဘူး။ အကယ်၍ ကောင်းစွာမအိပ်စက်ပါက (သို့) စိတ်ဖိစီးမှုတွေများလာပါက ခန္ဓာကိုယ်မှ စိတ်ဖိစီးမှုဟော်မုန်းတွေ ပိုထွက်လာစေပြီး ခန္ဓာကိုယ်ပျက်စီးခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားတွေထိခိုက်တဲ့အပြင် အနာကျက်တဲ့ဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။ ထို့ပြင် ၎င်းဟော်မုန်းသည် အစာချေခြင်း၊ ဓာတ်ပြုခြင်းဖြစ်စဉ်တွေကိုလည်း အနှောက်အယှက်ပေး၍ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေပါတယ်။

♦ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်

• ကျန်းမာရေးအတွက် သင့်တော်တဲ့အစားအစာတွေစားသုံးခြင်း

•  နေ့စဉ် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း

• ဗီတာမင် C ကြွယ်၀သော အစားအသောက်များ စားပေးခြင်း (သို့) ဗီတာမင် C ပါ၀င်သော အားဆေးများ သောက်ခြင်း

• ရေတစ်နေ့ 2 လီတာ သောက်ခြင်း

• ကောင်းစွာအိပ်စက်ခြင်း

• စိတ်ဖိစီးမှုတွေကိုလျှော့ချခြင်းတွေဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစွာအလုပ်လုပ်နိုင်ရန် ပံ့ပိုးကူညီပေးပါတယ်။

www.drmyanmar.com

(Unicode)


























www.drmyanmar.com