ကျန်းမာရေးမကောင်းသူများ ကိုဗစ်ကို ဘယ်လိုကာကွယ်မလဲ
ကိုဗစ်ဟာ အားလုံးသိကြတဲ့အတိုင်း လူကြီးလူငယ်မရွေး ဆင်းရဲချမ်းသာမရွေး ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒီထဲမှာမှ ရောဂါအခံရှိသူတွေအနေနှင့် ပိုမိုကူးစက်နိုင်ဖို့ အလားအလာများပါတယ်။
>> အောက်ပါရောဂါများရှိသူ လူကြီးလူငယ်မရွေးဟာ ကူးစက်ခံရဖို့ အလားအလာအများဆုံး ဖြစ်ပါတယ်။
● ကင်ဆာရောဂါရှိသူများ
● ကျောက်ကပ်ရောဂါရှိသူများ
● နာတာရှည်အဆုတ်ရောဂါရှိသူများ
● အဝလွန်သူများ
● နှလုံးအားနည်းသူများ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
● ကိုယ်တွင်းအစိတ်အပိုင်း အစားထိုးလုပ်ထားသူများ
● ကိုယ်ခံအားကျဆင်းသူများ
● ဆီးချိုရောဂါရှိသူများ
● သွေးအားနည်းရောဂါရှိသူများ
>> အောက်ပါရောဂါများရှိသူ လူကြီးလူငယ်မရွေးဟာ ကူးစက်ခံရဖို့ အလားအလာ ဒုတိယအများဆုံး ဖြစ်ပါတယ်။
● ပန်းနာရင်ကျပ်ရောဂါ
● လေဖြတ်နေသူများ
● သွေးတိုးရောဂါရှိသူများ
● HIV ရှိသူများ၊ စတီးရွိုက်ဆေးသောက်နေသူများ
● အာရုံကြောရောဂါရှိသူများ
● အသည်းမကောင်းသူများ
● ကိုယ်ဝန်ဆောင်များ
● ဆေးလိပ်သောက်သူများ
● သာလာဆီးမီးယားရောဂါရှိသူများ
>> အထက်ပါရောဂါရှိသူများအနေနှင့် လိုက်နာရမယ့်အချက်တွေကတော့ -
● ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးများကို နေ့စဉ်ပုံမှန်သောက်ပါ။ ဆရာဝန်နှင့်မတိုင်ပင်ဘဲ ဆေးသောက်တာကို ရပ်မပစ်သင့်ပါဘူး။
● မိမိသောက်ရမယ့်ဆေးများနှင့်တကွ ဆောင်ထားသင့်သောဆေးများကို အနည်းဆုံး ၁ လစာ ကြိုတင်ဝယ်ထားပါ။
● အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ပါ။
● ရုတ်တရက် ကျန်းမာရေး ပိုဆိုးလာပါက ချက်ချင်းကုသမှုခံယူဖို့ ကြိုးစားသင့်ပါတယ်။
● ကိုဗစ်အတွက် စိုးရိမ်ပူပန်မှုများနေပါက မိမိဆရာဝန်နင့် တိုင်ပင်ဆွေးနွေးပါ။
● မိမိကျန်းမာရေးနှင့်ကိုက်ညီသည့် အာဟာရပြည့်ဝသောအစားအစာများကို နေ့စဉ်စားသုံးပါ။
● အိပ်ရေး၀၀ အိပ်စက်အနားယူပါ။
● တရားထိုင်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပါ။
● ဆေးလိပ်သောက်သူများအနေနှင့် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















