/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေးမကောင်းသူများ-ကိုဗစ်ကို-ဘယ်လိုကာကွယ်မလဲ

ကျန်းမာရေးမကောင်းသူများ ကိုဗစ်ကို ဘယ်လိုကာကွယ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ဟာ အားလုံးသိကြတဲ့အတိုင်း လူကြီးလူငယ်မရွေး ဆင်းရဲချမ်းသာမရွေး ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒီထဲမှာမှ ရောဂါအခံရှိသူတွေအနေနှင့် ပိုမိုကူးစက်နိုင်ဖို့ အလားအလာများပါတယ်။

>>  အောက်ပါရောဂါများရှိသူ လူကြီးလူငယ်မရွေးဟာ ကူးစက်ခံရဖို့ အလားအလာအများဆုံး ဖြစ်ပါတယ်။
●  ကင်ဆာရောဂါရှိသူများ
●  ကျောက်ကပ်ရောဂါရှိသူများ
●  နာတာရှည်အဆုတ်ရောဂါရှိသူများ
●  အဝလွန်သူများ
●  နှလုံးအားနည်းသူများ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
●  ကိုယ်တွင်းအစိတ်အပိုင်း အစားထိုးလုပ်ထားသူများ
●  ကိုယ်ခံအားကျဆင်းသူများ
●  ဆီးချိုရောဂါရှိသူများ
●  သွေးအားနည်းရောဂါရှိသူများ

>>  အောက်ပါရောဂါများရှိသူ လူကြီးလူငယ်မရွေးဟာ ကူးစက်ခံရဖို့ အလားအလာ ဒုတိယအများဆုံး ဖြစ်ပါတယ်။
●  ပန်းနာရင်ကျပ်ရောဂါ
●  လေဖြတ်နေသူများ
●  သွေးတိုးရောဂါရှိသူများ
●  HIV ရှိသူများ၊ စတီးရွိုက်ဆေးသောက်နေသူများ
●  အာရုံကြောရောဂါရှိသူများ
●  အသည်းမကောင်းသူများ
●  ကိုယ်ဝန်ဆောင်များ
●  ဆေးလိပ်သောက်သူများ
●  သာလာဆီးမီးယားရောဂါရှိသူများ

>>  အထက်ပါရောဂါရှိသူများအနေနှင့် လိုက်နာရမယ့်အချက်တွေကတော့ -
●  ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးများကို နေ့စဉ်ပုံမှန်သောက်ပါ။ ဆရာဝန်နှင့်မတိုင်ပင်ဘဲ ဆေးသောက်တာကို ရပ်မပစ်သင့်ပါဘူး။
●  မိမိသောက်ရမယ့်ဆေးများနှင့်တကွ ဆောင်ထားသင့်သောဆေးများကို အနည်းဆုံး ၁ လစာ ကြိုတင်ဝယ်ထားပါ။
●  အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ပါ။
●  ရုတ်တရက် ကျန်းမာရေး ပိုဆိုးလာပါက ချက်ချင်းကုသမှုခံယူဖို့ ကြိုးစားသင့်ပါတယ်။
●  ကိုဗစ်အတွက် စိုးရိမ်ပူပန်မှုများနေပါက မိမိဆရာဝန်နင့် တိုင်ပင်ဆွေးနွေးပါ။
●  မိမိကျန်းမာရေးနှင့်ကိုက်ညီသည့် အာဟာရပြည့်ဝသောအစားအစာများကို နေ့စဉ်စားသုံးပါ။
●  အိပ်ရေး၀၀ အိပ်စက်အနားယူပါ။
●  တရားထိုင်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပါ။
●  ဆေးလိပ်သောက်သူများအနေနှင့် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)