/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခန္ဓာကိုယ်အတွက်-အသားဓာတ်-ပရိုတင်း

ခန္ဓာကိုယ်အတွက် အသားဓာတ် (ပရိုတင်း)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူ့ခန္ဓာကိုယ်ကို ကြွက်သားတွေနဲ့ ဖန်တီးတည်ဆောက်တဲ့နေရာမှာ အဓိက အရေးကြီးဆုံးကတော့ ပရိုတင်းဓာတ် ဖြစ်ပါတယ်။ သဘာဝပရိုတင်းကတော့ အစားအစာတွေ အများစုကနေ ရရှိနိုင်ပြီး လူ့ခန္ဓာအတွက် အရေးအပါဆုံးဓာတ် ဖြစ်ပါတယ်။

          ပရိုတင်းဓာတ်ဟာ တစ်သျှူးတွေ၊ အသားတွေ ဖွဲ့စည်းတည်ဆောက်တဲ့နေရာသာမက ဇီဝရုပ်ဖြစ်ပျက်မှုမှာလည်း အရေးပါတဲ့နေရာကနေ ပါဝင်ဆောင်ရွက်နေပါတယ်။

          တစ်နေ့ကို ပရိုတင်းဓာတ် ရရှိရေးအတွက် အသားနှစ်တုံး၊ ငါး၊ တိုဟူးနဲ့ ပဲတွေ စားသုံးရာကနေ ရရှိနိုင်ပါတယ်။

 

>>    ပရိုတင်းဓာတ် လွန်ကဲရင် ဘာတွေဖြစ်နိုင်သလဲ?

          လိုအပ်တဲ့ပမာဏထက် နှစ်ဆ စားသုံးတာက ပြဿနာဖြစ်လောက်တဲ့ အတိုင်းအတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟမ်ဘာကာတွေ၊ အသားပြားတွေ၊ အသင့်စား အစားအသောက်တွေကနေ ရရှိတဲ့ သဘာဝမကျ ပြုပြင်ထားတဲ့ ပရိုတင်းဓာတ်ဟာ သင့်ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်ပြီး ကျောက်ကပ် ကျောက်တည်တာတွေအထိ ဖြစ်နိုင်ပါတယ်။ လွန်ကဲတဲ့ ပရိုတင်းဓာတ်ဟာ အရိုးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သတိပေးထားကြပါတယ်။

 

>>    ပရိုတင်းပြည့်ဝတဲ့ အားဆေး စားဖို့ လို၊ မလို

          နေ့စဉ်လေ့ကျင့်ခန်းလုပ်သူတွေ အားကစားသမားတွေမှာ တစ်နေ့တာ ပရိုတင်း လိုအပ်ချက် လိုအပ်တာထက် ပိုရှိနိုင်ပါတယ်။ ဒါ့အပြင် သက်သက်လွတ် စားသုံးသူတွေမှာလည်း ပရိုတင်းဓာတ် ပိုမိုလိုအပ်နေပါတယ်။

          ဒါပေမဲ့ ဓာတုနည်းနဲ့ ပရိုတင်းဖြည့်သွင်း ဖန်တီးထားတဲ့ အစားအစာတွေမှာ တကယ်လိုအပ်သလောက် ပရိုတင်းပေးနိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဥပမာ - ပရိုတင်း ပေါင်ဒါတွေ၊ ပဲနို့မှုန့်တွေက လိုအပ်သမျှ ဗီတာမင် ပေးနိုင်ပါ့မလား၊ ဗီတာမင်နဲ့ သံဓာတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေတတ်နေပါတယ်။

 

>>    ပရိုတင်း ပြည့်ဝသော အသားတွေက -

●        အဆီများတဲ့ငါး

●        ကြက်သား

●        ကြက်ဥဘဲဥ

●        နို့နှင့်နို့ထွက်ပစ္စည်းများ ဖြစ်ပါတယ်။

 

          အသီးအနှံကရတဲ့ ပရိုတင်းကို ပဲတွေကနေ ရရှိပြီး တိုဟူး၊ ရေညှိ၊ ထောပတ်ပဲ၊ စားတော်ပဲ၊ မတ်ပဲ၊ ပဲနီလေး၊ ပဲစင်းငုံ စသည်တို့ ဖြစ်ပါတယ်။

 

>>    ပေါင်းစပ်ပရိုတင်းကို -

●        ဆန်လုံးညို

●        ပြောင်းဖူး

●        နေကြာစေ့

●        ဖရုံစေ့

●        ပဲပင်ပေါက်

●        မြေပဲလှော်

●        အယ်လမွန်စေ့

●        ပဲတောင့်ရှည်

●        ကုလားပဲတို့ကနေ ရရှိနိုင်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)