/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခုန်ခြင်းရဲ့-ကျန်းမာရေး-အကျိုးထူးများ

ခုန်ခြင်းရဲ့ ကျန်းမာရေး အကျိုးထူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        10 မိနစ်ခန့် ခုန်ဆွခုန်ဆွ လုပ်လိုက်ခြင်းဟာ နာရီဝက်ပြေးတာနဲ့ ညီမျှပါတယ်။ ကလေးတွေလို အားရပါးရ ခုန်ပေါက်ခြင်းမှာ ဘယ်လိုကျန်းမာရေး အကျိုးထူးတွေ ရှိနေပါလိမ့်။

 

●        ခန္ဓာကိုယ်တွင်း လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းလာဖို့ လှုံဆော်ပေးပါတယ်။

●        အောက်ဆီဂျင်ပမာဏကို တိုးပွားစေပါတယ်။

●        ကြွက်သားတွေ၊ အရွတ်တွေကို တောင့်တင်းသန်မာလာစေတယ်။

●        ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။

●        နှလုံးနဲ့ သွေးကြောများကို သွေးစီးဆင်းမှု ကောင်းလာစေတယ်။

●        ပြန်ရည်ကျိတ်တွေနဲ့ ပြန်ရည်စီးဆင်းမှုကို ချောမွေ့ကောင်းမွန်လာစေပါတယ်။

●        အသက်ရှင်ရခြင်းရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားလာရပြီး ကျေနပ်နှစ်သိမ့်မှု တိုးလာစေပါတယ်။

 

          တကယ်တော့ ထရန်ပိုလိုင်းလို့ခေါ်တဲ့ ကြိုးပုခက် (သို့မဟုတ်) အထူးပြုလုပ်ထားတဲ့ ခုန်လို့်ရတဲ့ အောက်ခင်းတွေကို ကစားကွင်းတွေမှာ အများဆုံး တွေ့ရမှာပါ။ မကြီးမငယ်နဲ့ ဝင်ခုန်နေတယ်လို့ အပြောမခံရအောင် ခုန်ခြင်းနဲ့ တခြားလေ့ကျင့်ခန်းတွေ နှိုင်းယှဉ်ချက်ကို ပြန်လင်းပြနိုင်ဖို့  ဖတ်ကြည့်လိုက်ပါဦး။

 

●        ခုန်ခြင်းဟာ ပြေးခြင်းနဲ့ တခြားလေ့ကျင့်ခန်းတွေထက် အဆစ်အမြစ်တွေ ဒဏ်ပိတာ သက်သာစေပါတယ်။

●        ခုန်တဲ့အခါ မိမိခန္ဓာကို မလဲအောင် ဂရုစိုက် ထိန်းညှိရတဲ့အတွက် မျှခြေအတွေးအခေါ်နဲ့ ဟန်ချက်ညီမှုတွေကို လေ့ကျင့်ပြီးသား ဖြစ်သွားစေလို့ ယောဂလိုပဲ အစွမ်းထက်ပါသတဲ့။

●        10 မိနစ်ခန့် ခုန်လိုက်ရုံနဲ့ ဦးနှောက်နဲ့ နှလုံးကို သွေးစီးဆင်းမှုတွေ တစ်ရှိန်ထိုး တက်သွားပြီး ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဆေးချလိုက်သလိုပါပဲ။ ခဏလေးနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်သလို အာနိသင်ရမှာမို့ သဘောကျစရာ မကောင်းဘူးလားနော်။

●        ခုန်ဖို့အတွက် အကျယ်အဝန်းလည်း များများမလိုပါဘူး။ ကြိုးပုခက် (သို့မဟုတ်) မွေ့ရာမပါလည်း ကိုယ့်ဘာသာ အလွတ် ခုန်ဆွခုန်ဆွ လုပ်ကြည့်နေလို့ရတာပဲ။ ငွေမကုန် လူမပန်းဘဲ ချွေးတွေထွက်၊ သွေးတွေ ဆူလာပြီး လုံးဝပွင့်သွားစေမယ့် လေ့ကျင့်ခန်းလေးပါလို့ စမ်းသပ်ကြည့်ကြဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)