ခေါင်းကိုက်စေတတ်တဲ့အကြောင်းရင်း ၅ချက်
ခေါင်း၊မျက်နှာ၊လည်ပင်း တစ်ခုလုံးကိုက်ခဲနေပြီဆိုရင် စိတ်လက်မကြည်မသာစိတ်တိုနေတတ်ပါတယ်။ ဦးရေပြား၊ လည်ပင်း၊ ပုခုံး၊ မေးရိုးတစ်ဝိုက်ကြွက်သားတွေ တင်းနေပြီဆိုရင် ခေါင်းကိုက်လာပါတော့တယ်။ များသောအားဖြင့် စိတ်ဖိစီးမှုများတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ခေါင်းနဲ့လည်ပင်းထားပုံဟန်မမှန်တာ၊ တစ်ခါတစ်လေ စားတဲ့အစားအသောက်တွေကြောင့် ကိုက်တတ်ကြတယ်။
>> ဘာတွေကြောင့်ခေါင်းကိုက်တတ်သလဲဆိုရင်
♦ ရာသီဥတုပူနွေးခြင်း
အပူချိန်မြင့်တက်လာတာနဲ့အမျှ ခေါင်းကိုက်နိုင်ခြေ ပိုများလာပါတယ်။ အပူချိန်၅°ဆဲလ်စီးရပ်စ်တက်တိုင်း ခေါင်းကိုက်ဖို့ အခွင်အလမ်း ၇.၅% မြင့်တက်လာတယ်လို့ သိရတယ်။ လေထုဖိအားကျဆင်းလာတာကလည်း ခေါင်းကိုက်စေတတ်တယ်နော်။
♦ ကွန်ပြူတာ စခရင်မ် (Computer Screen)
တစ်နေ့ကို 5 နာရီအထက် ကွန်ပြူတာကြည့်နေရပြီဆိုရင်လည်း ခေါင်းကိုက်ဖို့အခွင့်အလန်းများလာတယ်နော်။ ကွန်ပြူ တာမျက်နှာပြင်ကို အကြာကြီးစိုက်ကြည့်တာက မျက်လုံးကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တယ်။ ဒါ့အပြင် မျက်နှာပြင်ရဲ့အလင်းနဲ့အပြောင်းအလဲတွေကလည်း မြင်လွှာနဲ့မျက်လုံးအာရုံကြောတွေကို နှိုးဆွနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကွန်ပျူတာကို မိနစ် 20 ကြည့်ပြီးတိုင်း 20 စက္ကန့် မျက်လုံးကိုအနားပေးသင့်တယ်။
Bio Adult 1

♦ ဆံပင်အလှပြင်ပစ္စည်းများ
တစ်ခါတစ်လေ ဆံပင်အလှပြင်ပစ္စညး်တွေကြောင့်လည်း ခေါင်းကိုက်တတ်သေးတယ်။ ဆံပင်ကိုမြင့်မြင့်ကျစ်ကျစ် စညး်ထားတာက ဦးရေပြားမှာရှိတဲ့ အကြောတွေကို ဆွဲထားသလိုဖြစ်တာကြောင့် ခေါင်းကိုက်စေတတ်တယ်။ ခေါင်းစည်းကြိုးတွေ၊ ကျစ်ဆံမြီးကျစ်ကျစ်တွေကြောင့်လည်း ဖြစ်တတ်တယ်နော်။ သက်သာစေဖို့ ဆံပင်ကိုအမြန်သာချထားလိက်ပါ။
♦ ပြုပြင်ထားတဲ့အသားတွေ
ခေါင်းကိုက်စေတတ်တဲ့အကြောင်းရင်းထဲ ပြုပြင်ထားတဲ့အသားတွေလည်းပါတယ်။ အများစုမှာ Tyramine တွေ၊ Nitratesတွေပါတယ်။ ဒါတွေက ခေါင်းနှစ်ခြမ်းလုံးကို ကိုက်စေနိုင်တယ်။
♦ အစာလွန်ခြင်း
အစာလွန်သွားရင်လည်း ခေါင်းကိုက်တတ်တယ်နော်။ တစ်ခါတစ်လေ ခေါင်းကိုက်လာတော့မှ ဗိုက်ဆာနေတာကို သတိထားမိတတ်ကြတယ်။ သွေးထဲအချိုဓာတ်ကျသွားလို့ ဖြစ်တတ်တယ်။
ခေါင်းကိုက်လာတဲ့အခါ စိတ်ပြေလျော့အောင်လုပ်ရမယ်။ တစ်ခါတစ်လေ ဆေးသောက်ဖို့လည်း လိုတတ်တယ်။ တကယ်လို့ တောက်လျောက်ကိုက်နေတယ်၊ မကြာမကြာကိုက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

Dr. Mya Phoo Ngon (www.drmyanmar.com)















