/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်စေတတ်တဲ့အကြောင်းရင်း-၅ချက်

ခေါင်းကိုက်စေတတ်တဲ့အကြောင်းရင်း ၅ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်​း၊မျက်​နှာ၊လည်​ပင်​း တစ်​ခုလုံးကိုက်​ခဲ​နေပြီဆိုရင်​ စိတ်​လက်​မကြည်​မသာစိတ်​တို​နေတတ်​ပါတယ်​။ ​ဦး​ရေပြား၊ လည်​ပင်​း၊ ပုခုံး၊ ​မေးရိုးတစ်​ဝိုက်​ကြွက်​သား​တွေ တင်​း​နေပြီဆိုရင်​ ​ခေါင်​းကိုက်​လာပါ​တော့တယ်​။ များ​သောအားဖြင်​့ စိတ်​ဖိစီးမှုများတာ၊ ထိခိုက်​ဒဏ်​ရာရတာ၊ ​ခေါင်​းနဲ့လည်​ပင်​းထားပုံဟန်​မမှန်​တာ၊ တစ်​ခါတစ်​​လေ စားတဲ့အစားအ​သောက်​​တွေ​ကြောင်​့ ကိုက်​တတ်​ကြတယ်​။

 

>> ဘာ​တွေ​ကြောင်​့​ခေါင်​းကိုက်​တတ်​သလဲဆိုရင်​

 

♦ ရာသီဥတုပူ​နွေးခြင်​

 

အပူချိန်​​မြင်​့တက်​လာတာနဲ့အမျှ ​ခေါင်​းကိုက်​နိုင်​​ခြေ ပိုများလာပါတယ်​။ အပူချိန်​၅°ဆဲလ်​စီးရပ်​စ်​တက်​တိုင်​း ​ခေါင်​းကိုက်ဖို့ အခွင်​အလမ်​း ၇.၅% မြင်​့တက်​လာတယ်​လို့ သိရတယ်​။ ​လေထုဖိအားကျဆင်​းလာတာကလည်​း ​ခေါင်​းကိုက်​​စေတတ်​တယ်​​နော်​။

 

♦ ကွန်​ပြူတာ စခရင်​မ်​ (Computer Screen)

 

တစ်​​နေ့ကို 5 နာရီအထက်​ ကွန်​ပြူတာကြည့်​​နေရပြီဆိုရင်​လည်​း ​ခေါင်​းကိုက်​ဖို့အခွင်​့အလန်​းများလာတယ်​​နော်​။ ကွန်​ပြူ တာမျက်​နှာပြင်​ကို အကြာကြီးစိုက်​ကြည့်​တာက မျက်​လုံးကြွက်​သား​တွေကို ဒဏ်​ဖြစ်​​စေနိုင်​တယ်​။ ဒါ့အပြင်​ မျက်​နှာပြင်​ရဲ့အလင်​းနဲ့အ​ပြောင်​းအလဲ​တွေကလည်​း မြင်​လွှာနဲ့မျက်​လုံးအာရုံ​ကြော​တွေကို နှိုးဆွနိုင်​စွမ်​းရှိတယ်​။ ဒါ​ကြောင်​့ ကွန်ပျူတာကို မိနစ် 20 ကြည့်ပြီးတိုင်​း 20 စက္ကန့် ​ မ​ျက်​လုံးကိုအနား​ပေးသင်​့တယ်​။

Bio Adult 1

♦ ဆံပင်​အလှပြင်​ပစ္စည်​းများ

 

တစ်​ခါတစ်​​လေ ဆံပင်​အလှပြင်​ပစ္စညး်​​တွေ​ကြောင်​့လည်​း ​ခေါင်​းကိုက်​တတ်​​သေးတယ်​။ ဆံပင်​ကိုမြင်​့မြင်​့ကျစ်​ကျစ်​ စညး်​ထားတာက ဦး​ရေပြားမှာရှိတဲ့ အ​ကြော​တွေကို ဆွဲထားသလိုဖြစ်​တာ​ကြောင်​့ ​ခေါင်​းကိုက်​​စေတတ်​တယ်​။ ​ခေါင်​းစည်​းကြိုး​တွေ၊ ကျစ်​ဆံမြီးကျစ်​ကျစ်​​တွေ​ကြောင်​့လည်​း ဖြစ်​တတ်​တယ်​​နော်​။ သက်​သာ​စေဖို့ ဆံပင်​ကိုအမြန်​သာချထားလိက်​ပါ။

 

♦ ပြုပြင်​ထားတဲ့အသား​တွေ

 

​ခေါင်​းကိုက်​​စေတတ်​တဲ့​အ​ကြောင်​းရင်​းထဲ ပြုပြင်​ထားတဲ့အသား​တွေလည်​းပါတယ်​။ အများစုမှာ Tyramine တွေ၊ Nitrates​တွေပါတယ်​။ ဒါ​တွေက ​ခေါင်​းနှစ်​ခြမ်​းလုံးကို ​ကိုက်​​စေနိုင်​တယ်​။

 

♦ အစာလွန်​ခြင်​

 

အစာလွန်​သွားရင်​လည်​း ​ခေါင်​းကိုက်​တတ်တယ်​​နော်​။ တစ်​ခါတစ်​​လေ ​ခေါင်​းကိုက်​လာ​တော့မှ ဗိုက်​ဆာ​နေတာကို သတိထားမိတတ်​ကြတယ်​။ ​သွေးထဲအချိုဓာတ်​ကျသွားလို့ ဖြစ်​တတ်​တယ်​။

​ခေါင်​းကိုက်​လာတဲ့အခါ စိတ်​​ပြေ​လျော့​အောင်​လုပ်​ရမယ်​။ တစ်​ခါတစ်​​လေ ​ဆေး​သောက်​ဖို့လည်​း လိုတတ်​တယ်​။ တကယ်​လို့ ​တောက်​​လျောက်​ကိုက်​​နေတယ်​၊ မကြာမကြာကိုက်​​နေတယ်​ဆိုရင်​​တော့ ဆရာဝန်​နဲ့ ပြကြည့်​ပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio Adult 2


 


 


 


 


 


 


 


 


 


 


 



 

Dr. Mya Phoo Ngon (www.drmyanmar.com)