ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ဆက်စပ်နေသောအစားအစာများ
လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ အစားအသောက်နဲ့မဆိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့်လည်း အခုအချိန်မှာတော့ ဆရာဝန်တော်တော်များများဟာ အဲဒီအချက်ကို လက်ခံထားပြီးဖြစ်ပါတယ်။ နိုက်ထရိတ်နဲ့ နိုက်ထရိုက်ဓာတ်တွေပါဝင်တဲ့ စည်သွတ်အစားအစာတွေ ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုဆိုးစေပါတယ်။ ၎င်းဓာတ်တွေဟာ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်သားပြားတွေမှာပါဝင်လေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။
အရက်သောက်ခြင်းဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်းသိရှိပြီးဖြစ်သော်လည်း 2014 ခုနှစ်၊ အာရုံကြောသိပ္ပံပညာရှင်ဂျာနယ်၏ဖော်ပြချက်အရ ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေမှာ အရက်နာကျခြင်းဟာ ပိုမိုဆိုးရွားကြောင်းသိရပါတယ်။
Tyramine လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ အချဉ်ဖောက်ထားတဲ့ နှစ်ချို့အစားအစာတွေ မှာတွေ့ရလေ့ရှိပြီး ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ ဆက်စပ်နေကြောင်းသိရပါတယ်။ အသားဓာတ်တစ်မျိုးဖြစ်တဲ့ Tyrosine ပြိုကွဲရာမှ ထွက်ပေါ်လာသော ဒြပ်ပေါင်းဖြစ်ပြီး နှစ်ချို့ဒိန်ခဲနဲ့အသားတွေမှာ တွေ့ရလေ့ရှိပါတယ်။
ပဲငံပြာရည်၊ ဟင်းသီးဟင်းရွက် အစာသွတ်ဘူး၊ စွပ်ပြုတ်နဲ့ စည်သွတ်ဘူးတွေမှာပါဝင်လေ့ရှိတဲ့ ဆားတစ်မျိုး (monosodium glutamate) သည်လည်း ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ ဆက်စပ်နေကြောင်း သိရပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)
















