စည်သွပ်ဘူးတွေ စားမယ်ဆို ...
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့ဆိုရာမှာ စည်သွပ်ဘူးတွေက အများကြီး စကားပြောတယ်။ ဈေးလည်း သက်သာပြီး ကြာကြာလည်း ခံတယ်။ စည်သွပ်ဘူးတွေကို ၂ နှစ်ကနေ ၅ နှစ်လောက်ထိ ထားစားလို့ရပါတယ်။
ဈေးကွက်ထဲက စည်သွပ်ဘူးတွေဟာ ပိုးသန့်ပြီး လေလုံအောင်ပိတ်ထားတဲ့ ဘူးထဲမှာ အပူ ၂၅၀°F (၁၂၁°C) နဲ့ ဘက်တီးရီးယားတွေ သေအောင်၊ အင်ဇိုင်းဓာတ်တွေ မပွားလာအောင်၊ ဘက်တီးရီးယားတွေ မဝင်နိုင်အောင် လုပ်ထားတာပါ။
ဒါပေမ့ တစ်ခါတလေ မှားယွင်းနိုင်ပြီး ထုတ်လုပ်တဲ့အဆင့်တစ်ခုခုမှာ ပျက်စီးသွားတာ၊ သံချေးတက်တာမျိုးတွေ ရှိနိုင်သေးတယ်နော်။ ဒီလိုဖြစ်နေရင်တော့ မစားဘဲ လွှင့်ပစ်ရတော့မှာပါ။ ပြီးတော့ ဖောင်းကားနေတဲ့ စည်သွပ်ဘူးတွေ၊ အနံ့ထွက်နေတဲ့ စည်သွပ်ဘူးတွေကိုလည်း လွှင့်ပစ်ပလိုက်ပါ။ ဒါတွေဟာ C.botulinum လို့ခေါ်တဲ့ ကြောက်စရာ ဘက်တီးရီးယားပိုး လက္ခဏာတွေပါပဲနော်။ အထူးသဖြင့် အိမ်မှာ မိမိဘာသာလုပ်တဲ့ စည်သွပ်ဘူးတွေ လုပ်ပုံလုပ်နည်းမမှန်ရင်လည်း ဖြစ်တတ်သေးတယ်။ အဲဒါကြောင့် အိမ်မှာ စည်သွပ်ဘူးတွေကို သေချာသိမ်းဆည်းပါ။ အေးမြပြီး ခြောက်သွေ့တဲ့နေရာ၊ ၈၅°F (၂၉°C) အောက် ၁၀၀°F (၃၈°C) ထက် မကျော်တဲ့ အပူချိန်ဟာ အကောင်းဆုံးပါပဲနော်။ ပူနွေးပြီး စိုစွတ်တဲ့နေရာမျိုးဖြစ်တဲ့ ဘေဇင်အောက်တို့၊ မီးဖိုဘေးတို့မှာ သွားမထားပါနဲ့။
စည်သွပ်ဘူးကို ဖွင့်လိုက်တာနဲ့ ဘက်တီးရီယားတွေစပြီး ပွားလာနိုင်တာမို့ ချက်ချင်းဘဲ ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ လိုတယ်။ အနံ့အရသာကို ထိန်းသိမ်းနိုင်ဖို့ တခြားခွက် သို့မဟုတ် ဘူးသန့်သန့် တစ်ခုခုမှာ ထည့်သိမ်းတာ ပိုကောင်းတယ်။
မသုံးဖြစ်သေးတဲ့ ဖွင့်ပြီးသား ပင်လယ်စာ စည်သွပ်ဘူးတွေကိုလည်း ရေခဲခန်းထဲ ၂ လလောက်ထိ ကောင်းကောင်းထားလို့ ရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















