စပီရူလိုင်းနား (စိမ်းပြာရေညှိ)၏ အလှအပနှင့်ကျန်းမာရေးဆိုင်ရာအကျိုး (10) ချက်
စပီရူလိုင်းနားဆိုတာ သဘာဝအတိုင်းတွေ့ရတဲ့ရေညှိတစ်မျိုးဖြစ်ပြီး အလှအပနဲ့ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ဒီရေညှိကစိမ်းပြာရောင်ရှိတဲ့ရေထဲမှာပေါက်သောအပင်တစ်မျိုးဖြစ်ပြီး အာဟာရဓာတ်နဲ့ အသားဓာတ်များစွာပါဝင်ပါတယ်။ စိမ်းပြာရေညှိကို အစားအစာ၊ ဖြည့်စွက်စာ၊ ဆေးပြား၊ အမှုန့် စသည်ဖြင့်ပုံစံမျိုးစုံနဲ့ရရှိနိုင်ပြီးတော့ ရာစုနှစ်အတော်ကြာ အာဟာရဖြည့်စွက်စာအနေနဲ့ သုံးစွဲခဲ့ကြပါတယ်။ ကောင်းကျိုး (10) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
1. အသားအရည်ကို ကောင်းမွန်စေတယ်
စိမ်းပြာရေညှိက အသားအရည်တောက်ပပြီး ကောင်းမွန်စေတဲ့အတွက် နေ့စဉ်သောက်သုံးမယ်ဆိုရင် အသားအရည်ကိုအံ့သြဖွယ်ရာကောင်းမွန်လာစေပါလိမ့်မယ်။ ဒီရေညှိမှာအသားအရည် လှပသန့်စင်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် A, C, E, K, B1, B2, B3 B5, B6, B7, ဖော့စ်ဖရပ်, သံဓာတ်, ပိုတက်ဆီယမ်, သွပ်, ကြေးနီ, မန်ဂနိစ်, ဆီလီနီယမ်နဲ့ ကယ်လ်ဆီယမ်တွေပါဝင်ပါတယ်။ အရေပြားအိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ free radicals တွေကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။
2. သွေးကိုသန့်စင်စေပါတယ်
စိမ်းပြာရေညှိမှာပါဝင်တဲ့ Chlorophyll နဲ့ Phycocyanin တို့က ဆဲလ်အသစ်တွေ ပိုထွက်စေပြီး သွေးထောက်ပံ့မှုကိုအားဖြည့်ပေးပါတယ်။ Chlorophyll က ခန္ဓာကိုယ်အနှံ့အောက်စီဂျင် ပို့ဆောင်မှုနဲ့ သွေးသန့်စင်ခြင်းတွေမှာ အရေးပါတဲ့ ဟေမိုဂလိုဘင် (သွေးနီဥ) ပြုလုပ်ဖို့အတွက် မရှိမဖြစ်အရေးပါ,ပါတယ်။
3. ရောဂါကိုတိုက်ဖျက်ပေးပါတယ်
စိမ်းပြာရေညှိစားသုံးခြင်းဖြင့် ရောဂါပိုးတွေကိုကာကွယ်တိုက်ဖျက်ပေးတဲ့ သွေးဖြူဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့အသားဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။
4. ကိုလက်စထရောလ်ကျစေပြီး ကိုယ်အလေးချိန်လျော့ကျစေဖို့ အထောက်အကူပေးပါတယ်
စိမ်းပြာရေညှိကိုနေ့စဉ်သောက်သုံးခြင်းဖြင့် သွေးတွင်းကိုလက်စထရောလ်ပမာဏကို လျှော့ကျစေ ပါတယ်။
5. ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါတယ်
ဒီစမ်းပြာရေညှိမှာ ကျန်းမာတဲ့ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ အမိုင်နိုအက်ဆစ် (8)မျိုးလုံး ပါဝင်တဲ့အပြင် အင်တီအောက်ဆီးဒင့် (zeaxanthin, beta carotene)၊ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေကြောင့် စိမ်းပြာရေညှိရဲ့ကိုယ်ခံအားကောင်းမွန်းစေတဲ့ အစွမ်းသတ္တိကတော့ ပြိုင်ဘက်မရှိကောင်းမွန်ပါတယ်။
6. စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်ကိုကောင်းမွန်စေပါတယ်
စိမ်းပြာရေညှိမှာ ခန္ဓာကိုယ်မှ melatonin နဲ့ serotonin ဟော်မုန်းထုတ်လုပ်မှုနဲ့သက်ဆိုင်တဲ့ amino acid L-tryptophan ပါဝင်ပါတယ်။ ဒါကြောင့် စိမ်းပြာရေညှိဖြည့်စွက်စားသုံးသူတွေမှာ စိတ်ခံစားမှုသိသိသာသာတိုးတက်လာပြီး မှတ်ဉာဏ်ကောင်းမွန်လာကြတာကိုတွေ့ရပါတယ်။
7. အိုမင်းခြင်းကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်
စိမ်းပြာရေညှိဟာ အိုမင်းခြင်းကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။
8. အသားဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်
စိမ်းပြာရေညှိကို ဆေးပြားအနေနဲ့ပဲဖြစ်ဖြစ်၊ အစားအစာထဲထည့်ပြီးပဲဖြစ်ဖြစ် စားသုံးမယ်ဆို်ရင် ကြက်ဥနဲ့ ပဲပိစပ်တို့ထက် အသားဓာတ် 65% ပိုရရှိနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးနေတဲ့အစားအစာထဲမှာ အသားဓာတ်လုံလောက်စွာမရရှိသူတွေအတွက် စိမ်းပြာရေညှိက အထူးသင့်လျော်ပါတယ်။
9. ဓာတ်မတည့်မှုများကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်
စိမ်းပြာရေညှိပုံမှန်စားသုံးခြင်းဖြင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေ သိသာစွာကျဆင်းစေနိုင်ပါတယ်။
10. ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်ပါတယ်
စိမ်းပြာရေညှိက ဆံပင်တွေကိုကျန်းမာသန်စွမ်းစေတဲ့အတွက် ယနေ့ခေတ်မှာ ဆံပင်ကျွတ်ခြင်းကို လျော့ကျစေဖို့နဲ့ ဆံသားအသစ်တွေပေါက်လာစေဖို့အတွက် စိမ်းပြာရေညှိကို ကုန်ပစ္စည်းအများအပြားမှာ ထည့်သွင်းပြုလုပ်လာကြပါတယ်။ စိမ်းပြာရေညှိမှာပါဝင်တဲ့ amino acid, essential fatty acids, beta carotene အားလုံးက ကျန်းမာသန်စွမ်းတဲ့ဆံသားတွေရရှိစေဖို့ အရေးပါ ပါတယ်။
Dr.Mya Myo Myo Swe
















