/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုအရမ်းများနေတဲ့-လက္ခဏာတွေ

စိတ်ဖိစီးမှုအရမ်းများနေတဲ့ လက္ခဏာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာရဲ့ အဆိုအရ နေမကောင်းဖြစ်တာတွေ၊ ရောဂါတွေရဲ့ 90% လောက်က စိတ်ဖိစီးမှုတွေနဲ့ ဆက်စပ်နေပါသတဲ့။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့နဲ့ လျော့ကျစေဖို့ ကိုယ့်ကိုယ်ကို ပျော်ရွှင်စေဖို့ နေ့စဉ်အချိန်ပေးပြီးတော့ လုပ်စေချင်ပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများပြီးတော့ အနားယူ စိတ်ပြေပျောက်အောင် လုပ်သင့်နေပြီဆိုတာကိုပြတဲ့ သိပ်ပြီး မသိသာတဲ့လက္ခဏာတွေနဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာတွေကို ပြောပြချင်ပါတယ်။

 

1.      အမြဲတမ်း နေကောင်းဖြစ်နေတာ

          အပတ်တိုင်း အပတ်တိုင်း ပုံမှန်လိုလို အအေးမိ၊ ဖျားနာ၊ လည်ချောင်းနာေနေတာတွေက အလုပ်တွေ အရမ်းပိလို့ ဖြစ်နိုင်ပါတယ်။ အရမ်းဖိစီးမှုတွေ များလာတဲ့အခါမှာ ခန္ဓာကိုယ်ကနေပြီးတော့ ယာယီအထောက်အကူ ဖြစ်စေဖို့အတွက် cortisol ဆိုတဲ့ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ ဒါပေမဲ့ အမြဲတမ်း စိတ်ဖိစီးမှုခံနေရတယ် ဆိုရင်တော့ ဒီဟော်မုန်းတွေကလည်း ကုန်သွားပြီးတော့ အကူအညီ မပေးနိုင်တော့ပါဘူး။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်စေဖို့အတွက် ကူညီပေးတဲ့ ကိုယ်ခံအားစနစ်နဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ ဒီဟော်မုန်းတွေ မရှိတော့တဲ့အခါမှာ နေမကောင်းတာတွေ ပိုဖြစ်လာစေပါတယ်။

          ဆိုးကျိုးတွေက ဒီမှာတင်ရပ်မသွားဘဲနဲ့ စိတ်ဖိစီးမှုကြောင့် အနာကျက်နှေးစေတယ်။ ငုပ်နေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ထကြွလာစေပြီးတော့ ဗိုင်းရပ်စ်ပိုးဝင်တာတွေကို အားပေးပါတယ်။

          ** ဘယ်လိုလုပ်လို့ရသလဲ - ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်ပြီးတော့ အားအင်ကုန်ခမ်းလာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့အသံကို နားထောင်ပေးပါ။ အနားယူဖို့၊ အိပ်စက်ဖို့ အချိန်ပေးပါ။ ခရီးတွေ သွားထား၊ လုပ်ငန်းကြီးတွေ လုပ်ထားလို့ ပင်ပန်းနွမ်းနယ်နေတဲ့ခန္ဓာကိုယ်ကို အားပြန်ပြည့်စေဖို့ အချိန်ပေးပါ။

 

2.      အာရုံစိုက်ရ ခက်လာမယ်

          ကိုယ့်ရဲ့ရှေ့မှာ ဖြစ်ပျက်နေတာတွေကို အာရုံမစိုက်နိုင်လောက်အောင် ဖြစ်နေတာကလည်း အလုပ် အရမ်းပိနေလို့ပါ။ လေ့လာမှုတွေအရ ရေရှည်စိတ်ဖိစီးမှုတွေကြောင့် အယ်ဇိုင်းမားရောဂါဖြစ်စေတဲ့ ပရိုတင်းဓာတ်တွေ ကြီးထွားမှုကို အားပေးတယ်လို့ တွေ့ရှိရပါတယ်။

          ** ဖြေရှင်းနည်း - အလုပ်လုပ်နေတုန်းမှာ ဒီလိုခံစားရပြီဆိုရင် အသက်ကို အရှည်ကြီး ရှူသွင်းရှူထုတ် လုပ်ပေးပါ။ ဒီလိုမျိုး အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ဖိစီးမှုကို သက်သာစေတဲ့အပြင် နှလုံးခုန်နှုန်း၊ သွေးစီးဆင်းမှုတွေကို ထိန်းချုပ်ပေးပြီးတော့ ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။

 

3.      အမြဲတမ်း ခေါင်းကိုက်နေခြငး်

          ခေါင်းမှာ၊ နားထင်တွေမှာ ဖိထားသလိုမျိုး ခေါင်းတွေအုံပြီးတော့ ကိုက်နေတာတွေ ဖြစ်နေပါသလား။ ဘဝမှာ အခက်အခဲပြဿနာတွေ ကြုံတွေ့ရတဲ့အခါတွေမှာ ဒီလိုမျိုးခေါင်းကိုက်တတ်ပါတယ်။ ခေါင်းတခြမ်း အရမ်းကိုက်ပြီးတော့၊ ဘဝမှာ အဆိုးဆုံး ခေါင်းကိုက်ဝေဒနာ ခံစားရရင် (သို့) ခေါငး်ကိုက်လွန်းလို့ အိပ်ရာကနေတောင် နိုးလာရင် စတာတွေက အန္တရာယ််ရှိနိုင်တဲ့လက္ခဏာတွေ ဖြစ်တဲ့အတွက်ကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

          ** ဖြေရှင်းနည်း - စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ရရင်တော့ စိ်ဖိစီးမှုတွေကို လျော့ကျစေဖို့ နည်းလမ်းရှာပါ။ ဒီအကြံပေးချက်ကကို ခေါင်းကိုက်စရာ ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေတော့လည်း ဘာလို့မှန်းမသိဘဲ ခေါင်းကိုက်နေတာကကို ခေါင်းကိုက်စေပါတယ်။ ဒီတော့ ဆရာဝန်တွေအနေနဲ့ လူနာတွေကို သူတို့ရဲ့ရောဂါလက္ခဏာတွေအကြောင်းကို သေချာရှင်းပြပေးလိုက်တာက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

 

4.      နောက်ကျော (သို့) လည်ပင်း အမြဲအကြောတက်နေခြင်း

          လည်ပင်းတွေတောင့်၊ နောက်ကျောတွေ တက်နေပြီဆိုရင် ဒါက အလုပ်ကြောင့် (သို့) ပုဂ္ဂိုလ်ရေးအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းမြင့်ရင်၊ ဖိအားတွေ အရမ်းများရင် မသက်မသာဖြစ်စေပြီးတော့ ကြွက်သားတွေကိုလည်း တင်းပြီး နာကျင်စေပါတယ်။ လည်ပင်းကြွက်သားတွေ တောင့်တင်းနေတာက ခေါငး်ကို်က်စေပါတယ်။ မတော်တဆမှုတစ်ခုခု (သို့) စိတ်ဒဏ်ရာရပြီးမှ ခါးနာတာဆိုရင် ဒါက ဒဏ်ရာရပြီးနောက်ဖြစ်တတ်တဲ့ စိတ်ဖိစီးမှု ရောဂါလက္ခဏာစု ဖြစ်နိုင်ပါတယ်။

          ** ဖြေရှင်းနည်း - စိတ်ဖိစီးမှုကို ပြေလျော့စေဖို့အတွက် အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ နှိပ်နယ်ပေးခြင်းနဲ့ ယောဂ စသည်ဖြင့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကြွက်သားတွေ တောင့်တင်းနေတာတွေကို ပြေလျော့စေဖို့အတွက် အချိန်ပေးပြီးတော့ အကြောလျှော့ပေးပါ။ ယောဂကို အချိန်ပေးပြီး ကျင့်ပါ။

 

5.      ကောင်းကောင်းအိပ်မပျော်ခြင်း

          တစ်ခုခုကိုတွေးပြီး စိတ်တွေပူပြီး အိပ်လို့မပျော်တာ၊ အိပ်ရာကနေ နိုးလာပြီးတော့ ပြန်အိပ်မပျော်တာတွေက စိတ်လှုပ်ရှားမှု (သို့) စိတ်ဓာတ်ကျတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ တစ်နေကုန် သွားပြီးတဲ့နောက် ညဘက်တွေက ကောင်းကောင်း အိပ်ပျော်ပြီးတော့ အနားယူရမယ့်အချိန်တွေပါ။ ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း အိပ်လို့မပျော်တာကတော့ စိတ်ဖိစီးမှုကြောင့် ပင်ပန်းနွမ်းနယ်နေလို့ ဖြစ်နိုင်ပါတယ်။

          ** ဖြေရှင်နည်း - ဒီလိုပုံမှန်ဖြစ်နေပြီဆိုရင် ဆရာဝန်ပြပါ။ စိတ်ကျရောဂါကြောင့် ဒီလို အမြဲစိတ်ဖိစီးနေရသလားဆိုတာကို ဆွေးနွေးတိုင်ပင်ပါ။ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေနဲ့ နေမကောင်းတဲ့ဒဏ်တွေကို ခံနိုင်ရည်မရှိပါဘူး။ ကဖင်းဓာတ်ပါတဲ့ဖျော်ရည်တွေ၊ အရက်တွေ ရှောင်တာနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက အိပ်ပျော်စေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

 

6.      ဆံပင်တွေ ကျွတ်လာမယ်

          ခေါင်းအုံးပေါ်မှာ ဆံပင်ကျွတ်တွေ ပုံမှန်ထက် ပိုတွေ့နေရပြီဆိုရင် ဒါက ကိုယ့်ခုခံအားကို ကိုယ်ပြန်တိုက်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ alopecia areata ဆိုတဲ့ ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက အန္တရာယ်မရှိပေမယ့် စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့လက္ခဏာပါ။ အထူးသဖြင့်တော့ အမျိုးသမီးငယ်တွေနဲ့ မြီးကောင်ပေါက်တွေမှာ အဖြစ်များပါတယ်။

          ** ဖြေရှင်းနည်း - အများအားဖြင်တော့ဒါက ယာယီပြဿနာဖြစ်ပြီးတော့ စိတ်ဖိစီးမှု လျော့သွားတာနဲ့ ဆံပင်တွေ ပြန်ပေါက်လာပါလိမ့်မယ်။ ဆရာဝန်က လိုအပ်ပါက ဦးရေပြားကို steroid ထိုးဖို့ ညွှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဆံပင်ကျွတ်တာက မှိုစွဲလို့၊ ဘက်တီးရီးယားပိုးကြောင့်၊ သိုင်းရွိုက်ပြဿနာကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် သေချာစစ်ဆေးဖို့တော့ လိုပါတယ်။

 

7.      ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

          အစည်းအဝေးခန်းတွေမှာ အကြာကြီး မထတန်း ထိုင်တာ၊ အလုပ်မှာဆိုရင် ဆီးမသွားဘဲ စားပွဲမှာပဲ တစ်နေကုန် ထိုင်နေတာတွေကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေကို ပိုများစေပါတယ်။ လူတွေက စိတ်ဖိစီးတွေ ပိုများလာတဲ့အခါ (သို့) အလုပ်တွေ အရမ်းများတဲ့အခါတွေမှာဆိုရင် ဆီးသွားဖို့ မေ့နေတတ်တာကလည်း ဆီးလမ်းကြောင်း ပိုးဝင်မှုကိုဖြစ်စေတဲ့ အကြီးမားဆုံးအချက်ပဲ ဖြစ်ပါတယ်။

          ** ဖြေရှင်းနည်း - ဆီးသွားချင်လာပြီဆိုရင် အောင့်မထားဘဲသွားလိုက်ပါ။

 

8.      လိင်ဆက်ဆံတဲ့အခါမှာပြဿနာတွေ ကြုံလာရတာ

          စိတ်ဖိစီးမှုတွေကြောင့် စိတ်လာဖို့ ခက်ခဲပြီးတော့ လိင်ဆက်ဆံရာမှာ အခက်အခဲတွေ ကြုံတွေ့ရစေပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ စိတ်ဖိစီးမှုကပိုဖြစ် သံသရာလည်ပြီးတော့ အရက်တွေ သောက်လာပါတယ်။ ဒါပေမဲ့လည်း ဒါကတော့ အထောက်အကူမရတဲ့အပြင် ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။

          ** ဖြေရှင်းနည်း - ပြဿနာရဲ့ဇစ်မြစ်ကို အရင်ရှာပါ။ ကိုယ့်ရဲ့အိမ်ထောင်ဘက်နဲ့ ပြဿနာကို တိုင်ပင်ဆွေးနွေးပါ။ သေချာဆွေးနွေးပြီးတော့ စိတ်ဖိစီးမှုတွေကို ပြေလျော့နိုင်မယ့်နည်းလမ်းတွေ ရှာတွေ့ပြီး ဖြေရှင်းနိုင်ပြီဆိုရင် လိင်ဆက်ဆံရာမှာ ကြုံတွေ့ရတဲ့ပြဿနာတွေလည်း အလိုလို ပြေလည်သွားပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)