ဆယ်ကျော်သက်တွေအတွက် ကျန်းမာရေးနည်းလမ်းကောင်းများ
>> ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။
ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့နေရာမှာ စားတဲ့ အစားအစာတင်မက အချိန်မှန်၊ မလွတ်ဘဲ စားတာမျိုးကို ခေါ်တာပါ။
● မနက်စာ နေ့တိုင်းစားပါ။
● အစားအစာ၊ မုန့်ကို တစ်နေကုန် အချိန်မှန် စားပါ။
● မိသားစုနဲ့အတူ ထမင်းဝိုင်းမှာ ထိုင်စားပါ။
● အလျင်လိုပြီး မစားပါနဲ့၊ ဖြည်းဖြည်း အချိန်ပေးပြီး စားပါ။
● အသီးအရွက်များများစားပါ။
● ရေများများသောက်ပါ၊ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပါ။ ကျောက်ကပ်အတွက် ကောင်းစေတဲ့ အပြင် အသားအရေကို လှပစေပြီး၊ ကြွက်သားတွေကိုပါ သန်မာစေပါတယ်။
>> လေ့ကျင့်ခန်း လုပ်ပါ။
မနက်တိုင်း လမ်းလျှောက်ထွက်တာမျိုး၊ အပြင်ထွက်ဆော့၊ အားကစား တစ်ခုခုလုပ်တာမျိုး လုပ်ခိုင်းပါ။ အမြဲငြိမ်ပြီး TV ကြည့်တာမျိုး၊ game ဆော့တာမျိုး ရှောင်ပါ။
>> သွားကျန်းမာရေးကို ဂရုစိုက်ပါ။
အိပ်ရာထ၊ အိပ်ရာဝင် သွားကို သေချာတိုက်ပါ။ သွားကြားထဲကိုပါ သေချာ သန့်ရှင်းရေး လုပ်ပါ။ ဒါမှသာ သွားတွေ ကျန်းမာရုံသာမက သွားဖုံး ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။
>> အိပ်ရေးဝဝ အိပ်ပါ။
● မအိပ်ခင်မှာ ကျန်းမာရေးနဲ့ ညီညွတ်တာ၊ ပေါ့ပေါ့ပါးပါး ဖြစ်တာပဲ စားပါ။
● မအိပ်ခင် ရေနွေးနွေးလေးနဲ့ ချိုးပါ။
● စာဖတ်ပါ။
● စိတ်ကို သက်သောင့်သက်သာ ဖြစ်စေမယ့် သီချင်းတွေ နားထောင်ပါ။
● အိပ်ချိန်ကို သတ်သတ်မှတ်မှတ် ထားပါ။
● မအိပ်ခင် TV, computer, games တွေကို အနည်းဆုံး မိနစ် ၃၀ ကြိုပိတ်ထားပါ။
>> တရားထိုင်တာ၊ ယောဂဆော့တာမျိုး လုပ်ပါ။
ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ အထောက်အကူ ပြုပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေရှင်းတဲ့နေရာမှာပါ အကျိုးရှိပါတယ်။
>> အရက်၊ ဆေးလိပ်တွေနဲ့ ဝေးဝေးနေပါ။
ဆယ်ကျော်သက်အရွယ်မှာ ဒါတွေကို စမ်းသပ်ကြည့်ချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီအရာတွေဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆုတ်ရောဂါ၊ အစာအိမ်ရောဂါတွေနဲ့ အခြား အသက်ကိုပါ ထိခိုက်စေတဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဆယ်ကျော်သက်အရွယ် သားသမီးရှိရင် ဆေးလိပ်၊ အရက်တွေ အကြောင်းကို ပြောပြထားပါ။
>> Online သုံးတာ လျှော့ပါ။
အင်တာနက်စွဲတာမျိုး ဖြစ်တဲ့အခါ မျက်လုံးကို ထိခိုက်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။
Dr. Htar (www.drmyanmar.com)
















