/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုရောဂါနဲ့-လေဖြတ်ခြင်း

ဆီးချိုရောဂါနဲ့ လေဖြတ်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆီးချို​ရောဂါရှိသူ​တွေမှာ ပုံမှန်​လူ​တွေထက်​ ​လေဖြတ်​နိုင်​​ခြေ ၁.၅ဆပိုများပါတယ်​။ ဒါ​ပေမယ်​့ ဖြစ်​နှုန်​းနည်​း​အောင်​ ​သေချာဂရုစိုက်​ကာကွယ်​နိုင်​ပါတယ်​။

 

>> ​လေဖြတ်​နိုင်​​ခြေများ​ကြောင်​းဘယ်​လိုသိနိုင်​မလဲ?

 

          ဆီးချို​ရောဂါရှိသူ​တွေကိုယ်​တိုင်​မှာ ​လေဖြတ်​နိုင်​​ခြေများတဲ့အပြင်​

• အသက်​၅၅နှစ်​​ကျော်​ခြင်​း​

• အာဖရိကန်​၊ အ​မေရိကန်​မျိုးနွယ်​ဝင်ဖြစ်​ခြင်​း​

• ​လေဖြတ်​၊​လေဖြန်​း​ရောဂါဖြစ်​ဖူးခြင်​း

• မိသားစုထဲ​လေဖြတ်​၊​လေဖြန်​းဖြစ်​ဖူးခြင်​း

• နှလုံး​ရောဂါရှိခြင်​း

• ​သွေးတိုး​ရောဂါရှိခြင်​း

• အဝလွန်​​ခြင်​း

• မ​ကောင်​းတဲ့LDLကိုလက်​စထ​ရောများ​နေပြီး ​ကောင်​းတဲ့HDLကိုလက်​စထ​ရောနည်​း​နေခြင်​း

• ကိုယ်​လက်​လှုပ်​ရှားမှုနည်​းခြင်​း

​• ဆေးလိပ်​​သောက်​ခြင်​း စတာ​တွေနဲ့တွဲ​နေရင်​ ပိုဖြစ်​နိုင်​ပါတယ်​။

 

ဒီအချက်​​တွေထဲက တစ်​ချို့အချက်​​တွေကို မပြုပြင်​နိုင်​​ပေမယ်​့ ဆီးချိုကို​သေချာထိန်​းချုပ်​ပြီး ပြုပြင်​နိုင်​တဲ့ အချက်​မျိုးဖြစ်​တဲ့ ကိုယ်​အ​လေးချိန်​​လျော့ချခြင်​းလိုမျိုးကို ပြင်​ဆင်​လိုက်​ခြင်​းဖြင်​့ ​လေဖြတ်​ခြင်​းကို ကာကွယ်​နိုင်​ပါတယ်​။

Naturally Better 1

>> ဒီတော့ ​လေဖြတ်​နှုန်​းကို ဘယ်​လို​လျော့ချမလဲ?

 

ကျန်​းမာ​ရေးနဲ့ညီညွတ်​စွာ စားသုံးခြင်း၊ ကိုယ်​လက်​လှုပ်​ရှားခြငး်​၊ လိုအပ်​ရင်​​ဆေး​သောက်​ခြင်​း​၊ ​ဆေးလိပ်​​သောက်​သူ​တွေမှာ ​ဆေးလိပ်​ဖြတ်​ခြင်​း စတဲ့အချက်​​လေး​တွေပြုပြင်​​ပြောင်​းလဲလုပ်​​ဆောင်​ရုံနဲ့ သွေးအချိုဓာတ်​၊ ​သွေး​ပေါင်​ချိန်​​နဲ့ ​သွေးတွင်​းကိုလက်​စထ​ရောဓာတ်​​တွေကို ပုံမှန်​အတိုင်​းရှိ​နေ​အောင်​ ထိန်​းထားနိုင်​ပါတယ်​။ ဒီလိုထိန်​းထားနိုင်​​လေ​လေ၊ ​လေဖြတ်​ခြင်​းကို ကာကွယ်​နိုင်​​လေ​လေဖြစ်​ပါတယ်​။

Naturally Better 2

>> ​လေဖြတ်​ခြင်​းရဲ့သတိ​ပေးလက္ခဏာများ

 

   ​လေဖြတ်​တဲ့အခါ ​အောက်​ပါလက္ခဏာ​တွေ ရုတ်​တရက်​ဖြစ်​လာနိုင်​ပါတယ်​။

• ကိုယ်​တစ်​ခြမ်​းထုံနေခြင်​း၊ အားနည်​း​နေခြင်​း

• န​ဝေတိမ်​​တောင်​ဖြစ်​​နေခြင်​း

• စကားမ​ပြောနိုင်​ခြင်​း

• မူး​ဝေခြင်​း၊ ဟန်ချက်​မထိန်​းနိုင်​ခြင်​း၊ လမ်​းမ​လောျက်​နိုင်​ခြင်​း

• မျက်​လုံးတစ်​ဖက်​ သို့မဟုတ်​ နှစ်​ဖက်​လုံးမမြင်​ရခြင်​း

• နှစ်​ထပ်​မြင်​ခြင်​း

• ​ခေါင်​းအလွန်​ကိုက်​ခြင်​း

 

အထက်​ပါလက္ခဏာ​တွေ ရုတ်​တရက်​ဖြစ်​လာပါက ​ဆေးရုံကို ချက်​ချင်​း​ပို့ပါ။ ​လေဖြတ်​တာနဲ့ချက်​ချငး်​ကုသမှုမခံယူပါက ဦး​နှောက်လုံးဝထိခိုက်​သွားနိုင်​ပါတယ်​။

ဒါ့ကြောင့် လေဖြတ်ခြင်းရဲ့လက္ခဏာရပ်​​တွေကို မိသားစုဝင်​​တွေကိုလည်​း ​ပြောပြထားပါ။

ဦး​နှောက်​​သွေး​ကြော ယာယီမျှသာပြတ်​​တောက်​သွားတဲ့အခါ ​လေဖြန်​းခြင်​းရဲ့ လက္ခဏာရပ်​​တွေဖြစ်​လာနိုင်​ပါတယ်​။ ​လေဖြန်​းသူ​တွေဟာလည်​း ​နောက်​ပိုင်​း​လေဖြတ်​နိုင်​​ခြေ ပိုများပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)