/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးပိုက်ကို-စနစ်တကျ-ထိန်းသိမ်းနည်းများ

ဆီးပိုက်ကို စနစ်တကျ ထိန်းသိမ်းနည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အကယ်လို့ ရောဂါတစ်ခုခုကြောင့် ဆီးပိုက်တပ်ထားရသူတစ်ယောက်ဆိုရင် ဒီအချက်အလက်လေးတွေကို သိထားခြင်းအားဖြင့် ဆီးပိုက်နဲ့ ဘယ်လို ကျန်းကျန်းမာမာနေမလဲဆိုတာ စဉ်းစားနိုင်ပါလိမ့်မယ်။ ဆီးပိုက်မှာ ခန္ဓာကိုယ်ထဲကို ဝင်သွားမယ့်ပြွန်ချောင်းရယ်၊ အလယ်က ဆက်ထားတဲ့ပိုက်ရယ်  ဆီးအိတ်ရယ် ရှိပါတယ်။

          ဆီးပိုက် တပ်ထားပြီး ရေချိုးလို့ရလားမေးရင် ရတယ်။ ဒါပေမဲ့ အပေါ်ကနေ လောင်းချိုးလို့ ရတယ်။ ရေချိုးကန်မှာ မစိမ်ရဘူး။ ပိုး ဝင်လွယ်တတ်တယ်။ မနက်အစော ညအိပ်ထားတဲ့ ဆီးအိတ်နဲ့အတူ ချိုးတာ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ပြီးမှ ဆီးအိတ်ကို လဲပေါ့။ ဆီးပိုက်ကို ရေချိုးရင်း သန့်ရှင်းရေး လုပ်မယ်။ လက်ကို ဆပ်ပြာနဲ့ အရင်ပြောင်အောင် ဆေးမယ်။ အင်္ဂါစပ်နေရာကို ရေနဲ့ ဆေးကြောမယ်။ မိန်းမကိုယ် နှုတ်ခမ်းသားတွေကို ဖွင့်ပြီး ဆေးမယ်။ အမျိုးသားတွေဆိုရင် လိင်တံထိပ်အရေပြားကို လှန်ပြီး ဆေးကြောသင့်ပါတယ်။ ဆီးပြွန်ကို ရေနဲ့ လောင်းချပြီး ဆေးမယ်။ ပြီးရင် ခြောက်သွေ့အောင် သုတ်ရပါမယ်။

          ဆီးအိတ်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် လဲပေးရမယ်။ နှစ်နာရီခြားတစ်ခါ ဆီးတွေကို လှယ်ပြီး သွန်ချ/ဖွင့်ချရမယ်။ အလေးချိန် သိပ်စီးလာရင် တပ်ထားတိုင်း နာလာမှာ/ ဆီးကို ဆီးအိတ်ကနေ ဖွင့်ချတဲ့အခါ မချခင် လက်ကို ဆပ်ပြာနဲ့ ဆေးမယ်။ ပိုးသန့်စင်ဂွမ်းနဲ့ ပြွန်ထိပ်ကို သုတ်မယ်။ ကိုယ်သွန်ချလိုက်တဲ့ ဆီးခွက်၊ အိမ်သာကြွေခွက်နဲ့ အနားသားနဲ့ လုံးဝမထိရပါဘူး။ ဆီးအိတ် အသစ်မလဲခင် တပ်မယ့်အသစ်နေရာကို ပိုးသန့်စင်ထားတဲ့ အရက်ပြန်ဂွမ်းနဲ့ သုတ်ပြီးမှ အသစ်တပ်ရမယ်။

          ဆီးပိုက်ကို မလိမ်ရ၊ မခေါက်ရအေင် သတိထားရမယ်။ ဆီးအိတ်ကို ဒူးအောက်မှာ ချထားပြီး အပေါ်ပိုက်ကို ပေါင်နဲ့ တွဲချည်ထားလို့ ရပါတယ်။ အိပ်တဲ့အခါကျရင်တော့ ဆီးအိတ်ကို ကိုယ့်ခန္ဓာကိုယ် အောက်ပိုင်းထက် အနည်းငယ်နိမ့်တဲ့နေရာမှာ ခုတင်အောက်မှာ ချိတ်လို့ရတယ်။ ချိတ်တဲ့အခါ ကြွပ်ကြွပ်အိတ်စွပ်ပြီး ချိတ်လို့ရတယ်။ ဆီးအိတ်ကို ဆေးရင် ရေအေးနဲ့ ရှာလကာရည် ရောစပ်ပြီး ဆေးကြောရတယ်။ ရေနွေး မသုံးရဘူး၊ ပြီးရင် လေသလပ်ခံပြီး အခြောက်ခံရပါမယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)