/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆောင်းတွင်းမှာ-နေ့တိုင်း-ရေချိုးဖို့လိုလား

ဆောင်းတွင်းမှာ နေ့တိုင်း ရေချိုးဖို့လိုလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ဆောင်းတွင်း မနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့ တိုက်ပွဲဝင်ရသူတွေရှိသလား။ ဒါဆိုရင်တော့ ဒီစာစုလေးက သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်။ လေ့လာသူတွေက ဆောင်းရာသီမှာ ဘာလို့ နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးများကို တင်ပြထားကြပါတယ်။

(၁)     ဆောင်းတွင်းမှာ ရေ နေ့တိုင်းမချိုးလည်း ရတာပဲလေ။
    ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ မလိုအပ်ဘဲ နေ့စဉ် ရေမချိုးသင့်ပါဘူး။

(၂)     သင်ဟာ ညစ်ပတ်သူတစ်ယောက် မဟုတ်ရင်ပေါ့။
    လေ့လာချက်များအရ ကျွန်မတို့ အရေပြားဟာ အညစ်အကြေးတွေကို သူ့အလိုလို သန့်စင်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ချွေးအလွန်ထွက်တတ်သူ သို့မဟုတ် ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူဆိုပါက ရေချိုးဖို့ လိုအပ်ပေမယ့် ချွေးသိပ်မထွက်တဲ့ သူတွေအနေနဲ့ ဆောင်းတွင်းမှာ ရေ တစ်ရက်တလေ မချိုးတာဟာ ကိစ္စမရှိပါဘူး။

(၃)     ရေချိုးခြင်းကြောင့် အရေပြား ခြောက်သွေ့စေတယ်လေ။
    သင်ဟာ ဆောင်းတွင်းမှာ ရေအေးနဲ့ ရေချိုးရမှာကြောက်ပြီး ရေနွေးနဲ့ ချိုးနေမိပါသလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ပါပြီ။ ဘာလို့ဆိုရင် ရေနွေးကြောင့် အရေပြားကို အစိုဓာတ်ပေးတဲ့ သဘာဝအဆီတွေကို ပျက်စီးစေလို့ အသားခြောက်စေပါတယ်။ မဖြစ်မနေ ချိုးရမယ်ဆိုပါက အချိန်တိုအတွင်း အပြီးချိုးသင့်ပါတယ်။

(၄)     အရေပြားပေါ်က ကောင်းကျိုးပြု ဘက်တီးရီးယားတွေ သေစေတယ်။
    အရေပြားကို ကာကွယ်ဖို့နဲ့ ကျန်းမာစေဖို့ ကောင်းကျိုးပြုဘက်တီးရီးယားတွေကို အရေပြားက ထုတ်လုပ်ပေးပါတယ်။
    သင်ဟာ နေ့စဉ်ရေချိုးမယ်ဆိုပါက ထိုဘက်တီးရီးယားတွေ သေစေနိုင်တာမို့ ဆောင်းတွင်းလိုကာလမှာ ၂-၃ ရက်တစ်ကြိမ်သာ ရေချိုးသင့်ကြောင်း အရေပြားဆရာဝန်တွေ အကြံပေးထားပါတယ်။

(၅)     လက်သည်းတွေ ပျက်စီးစေတယ်။
    ဆောင်းတွင်းမှာ ရေနွေးဖြင့် နေ့စဉ်ရေချိုးပါက လက်သည်းတွေ နူးအိပြီး ကျိုးလွယ်စေမှာနော်။ ဒါလည်း နေ့တိုင်း ရေမချိုးသင့်တဲ့အချက်တွေထဲက တစ်ခုပါ။

(၆)     ရေ မဖြုန်းပါနဲ့။
    လေ့လာချက်တွေအရ လူတစ်ယောက်ဟာ ရေ တစ်ခါချိုးတိုင်း ရေ ၅၅ လီတာ ကုန်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ ချမ်းတာနဲ့ရောပြီး ရေကို တစ်ပါတည်း ချွေတာနိုင်ပါသေးတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)