တစ်နေ့တာလုံး လန်းနေဖို့.....
မိုးလင်းကနေ မိုးချုပ်အထိ အလုပ်တာဝန်တွေနဲ့ ပြည့်နှက်နေတဲ့အခါ လူတွေဟာ စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းနွမ်းနယ်လာကြပါတယ်။ ဒီလိုဖြစ်တဲ့အခါ နောက်တစ်နေ့ကို ကျော်ဖြတ်ဖို့အတွက် အားအင်လည်း ဘယ်ရှိတော့မလဲနော်။ ဒါကြောင့် နေ့ရက်တိုင်းကို လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွနဲ့ ကျော်ဖြတ်နိုင်ဖို့ သဘာဝနည်းလမ်းကောင်းလေး (၇) ချက်တွေကို ဝေမျှပေးချင်ပါတယ်။
၁။ အိပ်ရေးဝဝ အိပ်စက်ပါ။
ကံမကောင်းစွာနဲ့ပဲ အိပ်ရေးပျက်တာဟာ လူအတော်များများ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ဒါကြောင့် ကောင်းကောင်းအိပ်ပျော်ဖို့ဆို အိပ်ခါနီးကို ယောဂလေ့ကျင့်ခန်းလေး လုပ်ပေးလိုက်ပါနော်။ အသက်ရှူလေ့ကျင့်ခန်းလည်း လုပ်ပေးလို့ရပါတယ်။
၂။ လေ့ကျင့်ခန်းလုပ်ပါ။
ပြေးခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း၊ မနက်စောစော လမ်းလျှောက်ခြင်း စတဲ့လေ့ကျင့်ခန်းတွေထဲက ကိုယ်နှစ်သက်ရာတစ်ခုကို ပုံမှန်လုပ်ဆောင်ပေးပါ။
Vicee IA 2023 Image 1
၃။ အားအင်ပြည့်ဝစေတဲ့ အစားအသောက်တွေကို စားသောက်ပါ။
ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ရရှိအောင် လတ်လတ်ဆတ်ဆတ် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါးအမျိုးမျိုးတို့ကို စားသောက်ပေးပါ။
၄။ ရေသောက်ပါ။
လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေ နှစ်လီတာ (သို့) ဖန်ခွက်ရှစ်ခွက်ခန့် သောက်သုံးပေးသင့်ပါတယ်။
Vicee IA 2023 Image 2
၅။ နေရောင်ခံပါ။
နေရောင်ခြည်ဟာ ဗီတာမင်ဒီထုတ်လုပ်မှုကို ကောင်းစေပြီးတော့ ဆီရိုတိုနင်ဆိုတဲ့ ပျော်ရွှင်ခြင်းဟော်မုန်းကိုလည်း ထွက်စေပါတယ်။ ဒါကြောင့် မနက်စောစောကို ၁၀-၁၅ မိနစ်လောက် နေပူစာလှုံပေးပါ။
၆။ တရားထိုင်ပါ။
သက်တောင့်သက်သာရှိမယ့် အနေအထားနဲ့ ထိုင်ပြီး၊ ဒါမှမဟုတ် လှဲလျောင်းပြီးတော့ မျက်လုံးလေးကိုမှိတ်၊ ပုံမှန်လေး အသက်ရှူပြီး ဝင်လေထွက်လေကို အာရုံစိုက်ထားပါ။
၇။ တစ်ရေးတစ်မော အိပ်စက်အနားယူပါ။
ညဘက်တွေ အိပ်ရေးပျက်လို့ စိတ်မကြည်ဘူးဆိုရင် နေ့ခင်းဘက်မှာ ခဏလောက် အိပ်စက်လိုက်ပါ။ သုံးလေးနာရီလောက် မကြာဖို့တော့ လိုအပ်မယ်နော်။