ထိပ်ခတ်နာကြောင့် ခေါင်းကိုက်ခြင်း
ထိတ်ခတ်နာဆိုတာ နဖူး၊ နှာခေါင်းနဲ့ ပါးဆုံရိုးတို့မှာ ရှိနေတဲ့ လေပေါက်ငယ်လေးများထဲသို့ ပိုးဝင်၍ဖြစ်စေ၊ ခန္ဓာကိုယ်တွင်း ဓာတ်မတည့်မှု တစ်ခုခုကြောင့်ဖြစ်စေ ထိုလေပေါက်ငယ်လေးများ ရောင်ရမ်းပိတ်ဆို့ခြင်းကြောင့် ဖျားနာခြင်း၊ နှာစေး၊ နှာမွှန်ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီလေပေါက်ငယ်လေးတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။
ဒါကြောင့် ထိပ်ခတ်နာဖြစ်တဲ့အခါ အဲဒီ့နေရာတွေတစ်ဝိုက်မှာ နာကျင်ကိုက်ခဲရတာပဲ ဖြစ်ပါတယ်။
>> ကာကွယ်နည်း
● ဓာတ်မတည့်တာတွေကို ရှောင်ပါ။
● နှာခေါင်းတွင်း စိုစွတ်မှုကို ထိန်းသိမ်းရန် နှာခေါင်းဖြန်းဆေး ဖြန်းခြင်း၊ ရေနွေးငွေ့ရှူခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။
● ကိုယ်ခံအားကောင်းမွန်စေတဲ့ အစားအသောက်များကို စားပါ။
● ရောဂါပိုးများ အလွယ်တကူ မဝင်နိုင်စေရန် အိပ်ရေးဝအောင်အိပ်ပါ။ လက်ကို မကြာခဏဆေးပါ။ ဆေးလိပ်၊ အရက် သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်ပါ။
>> ကုသနည်း
● လေပေါက်ငယ်များအတွင်းရှိ ပိတ်နေတဲ့ချွဲများ ပျော်သွားစေရန် ရေကို လုံလောက်စွာ သောက်ပါ။
● ဆားရည်သန့်သန့်ကို နှာခေါင်းထဲ ဖြန်းပေးပါ။
● လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ကုသပြီး နှာစေးပျောက်ဆေးနဲ့ ပိုးသတ်ဆေးများကို သောက်သုံးဖို့ လိုပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
















