/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်အဆုတ်ရောဂါအတွက်-အိမ်တွင်းကုသနည်းများ

နာတာရှည်အဆုတ်ရောဂါအတွက် အိမ်တွင်းကုသနည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နာတာရှည်အဆုတ်ရောဂါဆိုတာ မကုသဘဲထားရင် သေစေနိုင်ပါတယ်။ အသက်ကြီးတဲ့လူတွေမှာသာမက ငယ်တဲ့လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ နာတာရှည်အဆုတ်ရောဂါရဲ့ အချို့လက္ခဏာတွေက ချောင်း အဆက်မပြတ်ဆိုးတာ၊ အသက်ရှူရခက်တာ၊ သလိပ်တွေထွက်တာ၊ မောပန်းလွယ်တာ၊ အသက်ရှူရင် အသံတွေမြည်တာ၊ အသားအရေ အရောင်ပြောင်းလာတာတို့ပဲ ဖြစ်ပါတယ်။ စောစောစီးစီး မှန်ကန်တဲ့ ကုသမှုကို ခံယူပါ။ လွယ်ကူရိုးရှင်းပြီး အကျိုးရှိစေတဲ့ အိမ်တွင်းနည်းလမ်းတွေကိုလည်း ပြောပြပေးပါမယ်။
♦  ကြက်သွန်ဖြူမှာ ပိုးသတ်ပေးနိုင်တဲ့ အာနိသင်အပြင် လေပြွန်ထဲကသလိပ်တွေကို ရှင်းပေးနိုင်ပါတယ်။ နာကျင်တာတွေကိုလည်း သက်သာစေပါတယ်။ ကြက်သွန်ဖြူ ဥအနည်းငယ်ကို မညက်တညက်ထောင်းပါ။ ဒယ်အိုးထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ထည့်ပြီး အပူပေးပါ။ ပြီးရင် ထောင်းထားတဲ့ ကြွက်သွန်ဖြူကို ထည့်၊ စက္ကန့်အနည်းငယ် အပူပေးပြီး ပူတုန်း စားပါ။
♦  ချင်းကတော့ အယောင်ကျစေတဲ့ အပြင် သလိပ်တွေကို ခြေဖျက်ပေးနိုင်ပါတယ်။ အဆုတ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ချင်းတစ်လက်မအရွယ်ကို အခွံ့ခွာပြီး အတုံးသေးတွေ တုံးပြီး ပြုတ်ပါ။ အရည်စစ်ထားပြီး အကြမ်းရည်အနေနဲ့ သောက်ပေးနိုင်ပါတယ်။
♦  နနွင်းက လေပြွန်တွေယောင်တာ ကျစေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ နနွင်းကို နေ့စဉ်စားသောက်နေတဲ့အထဲမှာ ထည့်စားနိုင်သလို ထောပတ်လက်ဖက်ရည် တစ်ဇွန်းစာကို အပူပေးပြီး နနွင်းမှုန့် အနည်းငယ်ထည့်ပါ။ အဲဒါကို နွားနို့နွေးနွေး တစ်ဖန်ခွက်နဲ့အတူ သောက်ပါ။
♦  ယူကလစ်ဆီက လေပြွန်တွေကို ကျယ်စေ၊ အယောင်ကျစေတဲ့အတွက် အသက်ရှူတဲ့နေရာမှာ လွယ်ကူစေပါတယ်။ ရေနွေးပူပူထဲမှာ ယူကလစ်ဆီ အနည်းငယ်ထည့်ပြီး အငွေ့ရှူပေးပါ။ သတိထားရမှာကတော့ ယူကလစ်ဆီအပျစ်ကို ရှူမိရင်တော့ ပိုဆိုးလာနိုင်ပါတယ်။
♦  Omega 3 fatty acid ကြွယ်ဝတဲ့ အစားအစာတွေက နာတာရှည် အဆုတ်ရောဂါရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ အဒါတွေကတော့ သစ်ချသီး၊ဗန်ဒါစေ့၊ ထောပတ်သီးနဲ့ သံလွင်ဆီတို့ပဲ ဖြစ်ပါတယ်။

>>  ဒါတွေအပြင်
●  ဆေးလိပ်သောက်တာ၊ vape သောက်တာတို့ ရှောင်ပါ။ နီကိုတင်းအစားထိုး ကပ်ခွာ၊ ပီကေ၊ ငုံဆေး စတာတွေ သုံးပါ။
●  လမ်းလျှောက်တာ၊ အပင်စိုက်တာ၊ ဂေါက်ရိုက်တာ အစရှိတဲ့ အရမ်းအားစိုက်စရာမလိုတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပါ။
●  ဆီ၊ ဆားကို လျှော့ပြီး အစေ့အဆံတွေ၊ အသီးအနှံ၊ အသီးအရွက်တွေ များများစားပါ။
●  ရေကို တစ်နေ့ ၈ - ၁၀ ဖန်ခွက်သောက်ပါ။ ဒါမှသာ ချွဲသလိပ်တွေဟာ အဆုတ်မှာ ကပ်မနေတော့ဘဲ အသက်ရှူရ လွယ်ကူစေမှာပါ။
●  Gas ပါတဲ့ အချိုရည်တွေ သောက်ခြင်းဟာ ရင်ခေါင်းထဲမှာရှိတဲ့ အမြှေးပါးပေါ် ဖိအားကျစေတာကြောင့် အသက်ရှူရတာ ပိုပြီးခက်ခဲစေပါတယ်။
●  အရက်သောက်တာကလည်း ရောဂါကို ပိုပြီးဆိုးစေပါတယ်။
●  ဝိတ်ကိုလည်း ပုံမှန်ထိန်းထားသင့်ပါတယ်။ ဝတဲ့လူရဲ့ အဆုတ်နဲ့ နှလုံးဟာ သာမန်လူထက် ၂ ဆ ပိုအလုပ်လုပ်ရတာကြောင့် ရောဂါကို ပိုပြီးဆိုးလာစေပါတယ်။
●  နာတာရှည်အဆုတ်ရောဂါဟာ ပျောက်ကင်းအောင် မကုသနိုင်ဘူးဆိုတာ သိထားရပါမယ်။
ကိုယ့်ရဲ့ နေအိမ်ကို ဖုန်တွေ၊ သဲတွေမရှိအောင် ရှင်းလင်းထားပြီး အမှုန်အမွှားတွေ၊ မီးခိုးတွေကို ရှောင်ပါ။

Dr. Htar (www.drmyanmar.com)