နှလုံးရောဂါများနဲ့ ပတ်သက်ပြီး အံ့သြဖွယ်အချက်များ
(၁) နှလုံးရောဂါကြောင့် သေဆုံးခြင်းဖြစ်စဉ်များ လျော့ကျလို့လာပါတယ်။
လွန်ခဲ့သောနှစ် ၄၀ လောက်ကစပြီး နှလုံးရောဂါကြောင့် သေဆုံးခြင်းဖြစ်စဉ်ဟာ ၆၀ ရာနှုန်းလောက် လျော့ကျခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုများနဲ့ ဆေးကုသမှုများ တိုးတက်လာလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးဆရာဝန်များအနေဖြင့် အနာဂတ်မှာ နှလုံးရောဂါများ မရှိသလောက် ရှားပါးသွားဖို့တောင် မျှော်လင့်နေကြပါတယ်။
(၂) နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာများကို လူအများစု မသိရှိကြပါဘူး။
နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ အသက်ရှူမဝခြင်း၊ ပျို့ခြင်း၊ ချွေးစေးများပြန်ခြင်း၊ မေးရိုး လည်ပင်း၊ လက်မောင်း၊ ကျော နဲ့ ဗိုက်နာခြင်း စသည်တို့ ဖြစ်ပါတယ်။ ထိုရှေ့ပြေးလက္ခဏာများကို သိရှိသူနည်းပါးတဲ့အတွက် နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခြင်းဖြစ်စဉ်တွေ များပြားနေရတာ ဖြစ်ပါတယ်။
(၃) အမေရိကန်ရှိ လူဦးရေတစ်ဝက်ခန့်မှာ နှလုံးရောဂါဖြစ်နိုင်သော အခြေခံအကြောင်းရင်း ရှိတတ်ကြတယ်။
အမေရိကန်လူမျိုးများရဲ့ ၄၉ ရာနှုန်းမှာဆိုရင် ကိုလက်စထရောများခြင်း၊ သွေးတိုးရှိခြင်းနဲ့ ဆေးလိပ်သောက်သူများ ဖြစ်တာမို့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ များပြားလှပါတယ်။
(၄) Heart attack ရနေချိန်တွင် အက်စ်ပရင် ဝါးစားပါ။
သင့်မှာ ရုတ်တရက် နှလုံး အမောဖောက်ခြင်းဖြစ်ပါက ဆေးရုံကားကို အမြန်ခေါ်ပါ။ ထို့နောက် အက်စ်ပရင်ဆေးပြား ၃၂၅ မီလီဂရမ်ကို ဝါးစားပါ။ အက်ပရင်ဟာ နှလုံးသွေးကြောတွင်းရှိ သွေးခဲများကို ပျော်စေတဲ့အတွက် နှလုံးသွေးကြောပိတ်ခြင်းကို သက်သာဖို့ ကူညီပါလိမ့်မယ်။
(၅) တုပ်ကွေးကာကွယ်ဆေး ထိုးပါ။
နှလုံးရောဂါရှိသူတိုင်းဟာ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ နှလုံးရောဂါကြောင့် တုပ်ကွေးကို တိုက်ထုတ်ဖို့ အားနည်းစေနိုင်တာမို့ ဖြစ်ပါတယ်။ ထိုတုပ်ကွေးကြောင့်လည်း နှလုံးရောဂါကို ပိုဆိုးလာစေနိုင်ပါတယ်။
(၆) စိတ်ဓာတ်ကျခြင်းကြောင့် နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။
အမှန်တကယ်ပဲ စိတ်ဓာတ်ကျခြင်းကြောင့် နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ နှလုံးရောဂါကြောင့် သေဆုံးနှုန်းကိုပါ မြင့်တက်စေပါတယ်။
(၇) တနင်္လာနေ့များဟာ နှလုံးရောဂါဖြစ်ဖို့ အလားအလာများသောနေ့ ဖြစ်ပါတယ်။
၂၀၁၀ က လေ့လာချက်တစ်ခုအရ တနင်္လာနေ့များတွင် နှလုံးရောဂါရဖို့ အခွင့်အလမ်းပိုများပြီး မနက်ပိုင်းတွင် ပိုမိုပြင်းထန်တတ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















