/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပါးစပ်တွင်း-မှက္ခရုနာ-မဖြစ်အောင်ကာကွယ်ခြင်း

ပါးစပ်တွင်း မှက္ခရုနာ မဖြစ်အောင်ကာကွယ်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          Candida ဆိုတဲ့ မှိုတစ်မျိုးစွဲခြင်းကြောင့်ဖြစ်သော မှက္ခရုနာမဖြစ်အောင် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါတယ်။

- ပါးစပ်ကို သန့်ရှင်းအောင်ထားပါ။ Corticosteroid ပါတဲ့ ရှူဆေးတွေသုံးနေသူတွေမှာ ပါးစပ်ကိုရေသေချာဆေးပါ။ ဆေးရှူပြီးတိုင်း သွားသေချာတိုက်ပါ။

- တစ်နေ့လျှင်အနည်းဆုံး 2 ကြိမ်သွားတိုက်ပါ။

- အံကပ်ကို သန့်ရှင်းစွာထားပါ။ သွားဆရာဝန်ကို အံကပ်သန့်ရှင်းဖို့အတွက် အကောင်းဆုံးနည်းကိုမေးပြီး နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။

- သွားဆရာဝန်နှင့်ပုံမှန်ပြပါ။ (အထူးသဖြင့် ဆီးချိုဝေဒနာရှင်များ၊ အံကပ်တပ်ရသူများ)

- စားသုံးတဲ့အစားအစာများကို ကန့်သတ်ထားပါ။ သကြားနဲ့ တဆေးတွေက candida ကြီးထွားမှုကိုအားပေးတဲ့အတွက် ဒါတွေကိုလျှော့စားပါ။

- ဆီးချိုရှိလျှင် သွေးတွင်းသကြားဓာတ်ကို ကောင်းစွာထိန်းသိမ်းပါ။ သွေးတွင်းသကြားဓာတ်ကိုကောင်းစွာ ထိန်းချုပ်နိုင်လျှင် တံတွေးထဲရှိသကြားပမာဏကိုလျော့ကျစေပြီး candida ပေါက်ပွားမှုကိုဟန့်တားနိုင်ပါတယ်။

- ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်မှာ မှိုစွဲလျှင် ချက်ချင်းကုသပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com