/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပီကယ်-ဝါးတတ်သူများ-ကင်ဆာ-သတိထား

ပီကယ် ဝါးတတ်သူများ ကင်ဆာ သတိထား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          E171 ဆိုတာ ဘာလဲ။

          ပီ်ကယ်မှာပါဝင်တဲ့ အဖြူရောင်ဖြစ်စေတဲ့ ဓာတုဓာတ်တစ်မျိုး ဖြစ်ပါတယ်။

          ဒီဓာတုပစ္စည်းဟာ အစာအိမ်၊ အူနဲ့ အူသိမ်တွေက ဘက်တီးရီးယားတွေကို ပြောင်းလဲစေပြီး အူမကြီးကင်ဆာ ဖြစ်စေပါတယ်လို့ သုတေသနတွေ ထွက်ရှိထားပါတယ်နော်။

          အစားအစာပေါင်း အမျိုး ၉၀၀ ကျော်မှာ ထည့်သွင်းလေ့ရှိတဲ့ ဒီဓာတုပစ္စည်းဟာ အူထဲမှာ ရှင်သန်နေထိုင်တဲ့ ပိုးမွှားပေါင်းများစွာရဲ့ အလေ့အထကို ပြောင်းလဲစေပြီး ကိုယ်ခံအားလွန် အူလမ်းကြောင်းရောဂါနဲ့ အူမကြီးကင်ဆာတွေ ဖြစ်ပွားစေနိုင်တာ ဖြစ်ပါတယ်။

          ဒါကြောင့် ပီကယ်ဝါးတဲ့ အလေ့အထဟာ အမှန်တကယ် ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိဆိုတာ မေးခွန်းထုတ်ဖွယ် ဖြစ်နေပါတယ်။

          ဒါကြောင့် ပီကယ်ကြိုက်သူများ အထူးသတိပြုစရာအနေနဲ့ E171 ရဲ့ အူလမ်းကြောင်းအပေါ် သက်ရောက်မှုကို တင်ပြပေးလိုက်တာ ဖြစ်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)