ဖိစီးမှုကြောင့်ကိုက်တဲ့ခေါင်း
ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း Tension headacheဆိုတာ အဖြစ်အများဆုံး ခေါင်းကိုက်ပုံတစ်မျိုးပါပဲ။ ခေါင်း၊ လည်ပင်းနဲ့ မျက်လုံးအနောက်ဘက်နားတွေမှာ နာနေတတ်ပြီး တစ်ချို့ကလည်း နဖူးကြီးကို အပြားကြီးနဲကြပ်စည်းထားသလိုပဲလို့ ပြောကြတယ်။
မကြာမကြာဖြစ်လေ့ရှိပြီး တစ်လကိုပျမ်းမျှ၁ကြိမ်ကနေ၂ကြိမ်လောက်ထိ ဖြစ်တတ်တယ်။ တောက်လျောက်ကြီးကိုက်နေတာမျိုးလည်း ရှိနိုင်သေးတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ၂ဆလောက်ပိုဖြစ်တတ်ပါတယ်။
>> ဘာကြောင့်ဖြစ်ရသလဲဆိုရင်…
ခေါင်းနဲ့လည်ပင်းနားတစ်ဝိုက်မှာ ကြွက်သားတွေတငး်လို့ ဖြစ်တာပါ။ အစားအသောက်တွေ၊ လှုပ်ရှားမှုတွေနဲ့ ဖိစီးမှုတွေကြောင့် ဒီလိုကြွက်သားတွေ တင်းလာတတ်တယ်။ တစ်ချို့တွေကျတော့လည်း ကွန်ပြူတာမျက်နှာပြင်ကြီးကို တောက်လျောက်ကြည့်နေရတာ၊ အကြာကြီးကားမောင်းရတာတွေကြောင့် ဖြစ်တတ်တယ်။ အအေးဓာတ်ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
Bio Adult 1

ဒါတင်မကသေးဘဲ
• အရက်
• မျက်လုံးအားစိုက်ရတာ
• မျက်လုံးခြောက်တာ
• နုံးနေတာ
• ဆေးလိပ်
• အအေးမိတုပ်ကွေး
• ထိပ်ကပ်နာ
• ကဖိန်း
• အနေအထိုင်မမှန်တာ
• စိတ်ဖိစီးမှုတွေ
ဒီလိုဖိစီးမှုကြောင့်ခေါင်းကိုက်ရင်
• ခေါင်းကြီးအုံနေတာ
• နဖူးမှာစည်းထားသလိုတင်းနေတာ
• နဖူး၊ နားထင်၊ ဦးရေပြားမှာနာတာ စသဖြင့် လက္ခဏာတွေနဲ့ လာတတ်ကြတယ်။
ဒီလိုနာတာဟာ အပျော့စားကနေ အပြင်းစားအထိ ဖြစ်နိုင်တယ်။ တစ်ခါတစ်လေ ကိုက်တာအရမ်းဆိုးလာရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့တောင်မှားတတ်တယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါဆိုတာ ခေါင်းတစ်ခြမ်းဒါမှမဟုတ် ၂ခြမ်းလုံးမှာ တစ်ဆစ်ဆစ်နဲ့ ကိုက်နေတတ်တာပါ။
ဒါပေမယ့် ဖိစီးမှုကြောင့်ခေါင်းကိုက်တာကတော့ ခေါင်းတစ်ခြမး်ကိုက်တာလို ပျို့ချင်အန်ချင်တာမျိုးတော့ မရှိဘူး။ တစ်ခါတစ်လေ ရှားရှားပါးပါး အလင်းစူးစူးတွေ၊ အသံအကျယ်ကြီးတွေကို မခံနိုင်တာမျိုးတော့ ရှိနိုင်တယ်။
>> ဘာတွေစစ်ဆေးဖို့လိုမလဲဆိုရင်…
တစ်ခြားအကြောင်းတွေဖြစ်တဲ့ ဦးနှောက်ကင်ဆာလိုမျိုးတွေကိုရှာဖို့ CTဓာတ်မှန်တွေ၊ MRIတွေရိုက်ဖို့ လိုတတ်တယ်။
>> ဒီလိုခေါင်းကိုက်လာရင်…
ဆေးဆိုင်တွေမှာအလွယ်တကူရရှိနိုင်တဲ့ ့အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ဒါပေမယ့် ခဏခဏ ကိုက်တယ်ဆိုရင်တော့ ဆရာ၀န်နဲ့ သေချာသွားရောက်ပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။ ဒါ့အပြင်
• စိတ်ဖိစီးမှုကိုဖြတ်ကျော်နည်းသင်တန်းတွေ
• စိတ်နဲ့ကိုယ်ကိုဖြေလျော့တဲ့နည်းတွေ (ယောဂကျင့်တာမျိုး)
• အသိစိတ်ကိုပြုပြင်ပေးတဲ့နည်းလမ်းတွေ
• အပ်စိုက်ကုထုံးတွေနဲ့ ကုသနိုင်တယ်။
တစ်ချို့ဖြည့်စွက်အားဆေးတွေကလည်း သက်သာစေနိုင်တာမျိုးရှိတယ်။ ဒါပေမယ့် ဒီဆေးတွေမသောက်ခင် လက်ရှိသောက်နေတဲ့ဆေးတွေ၊ ရှိတဲ့ရောဂါတွေနဲ့ အဆင်ပြေမပြေ ဆရာဝန်နဲ့အရင်တိုင်ပင်တာ အကောင်းဆုံးပဲနော်။
ဒါတွေအပြင်
• ၅မိနစ်၊ ၁၀မိနစ်လောက် အကြိမ်ကြိမ် အပူအိတ်၊ ရေခဲအိတ်ကပ်ပေးတာမျိုး
• ရေနွေးလေးနဲ့ရေချိုးတာ
• ကိုယ်နေဟန်ထားကိုပြင်တာ
• မျက်လုံးမညောင်းအောင်မကြာမကြာ အနားပေးတာမျိုးတွေ လုပ်ပေးပါနော်။
>> နောက်ထပ်မဖြစ်အောင်လို့…
ကိုယ်ဘယ်လိုအခြေအနေမျုးိမှာ ခေါင်းကိုက်တတ်သလဲ ဆိုတာရှာပြီး မဖြစ်အောင်ကာကွယ်ဖို့က အရေးအကြီးဆုံးပါပဲ။
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် ဒီလိုဖိစီးမှုကြောင့်ခေါင်းကိုက်တာဟာ ဆေးလောက်နဲ့တင် ပျောက်တတ်ပြီး နောက်ပိုင်းဘာလက္ခဏာမှမကျန်ခဲ့တတ်ပါဘူး။ ဒါပေမယ့်လည်း တောက်လျောက်ခေါင်းကိုက်ကိုက်နေရင်တော့ ပြဿနာပါပဲနော်။ ဒီလိုခေါင်းကိုက်ကိုက်နေရင် လှုပ်ရှားမှုတွေ၊ အလုပ်တွေ၊ ကျောင်းတွေ ပျက်ကွက်တတ်တယ်။ အရမ်းဆိုးလာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
• လျာလေးအာလေးဖြစ်လာခြင်း
• ကိုယ်ဟန်ပျက်ခြင်း
• အဖျားကြီးခြင်း
ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တေ့ာ အရေးကြီးတယ်နော်။ လေဖြတ်တာ၊ ဦးနှောက်အကျိတ်၊ သွေးကြောကျယ်တာတွေ ဖြစ်နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Unicode)
• နဖူး၊ နားထငျ၊ ဦးရပွေားမှာနာတာ စသဖွင့ျ လက်ခဏာတှနေဲ့ လာတတျကွတယျ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















