/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖျားတာကို-ဘယ်လိုသိနိုင်သလဲ

ဖျားတာကို ဘယ်လိုသိနိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အဖျားကြီးတာကို Corona Virus ရဲ့လက္ခဏာတစ်ခုလို့ သတ်မှတ်ထားပါတယ်။ 37.8°C (100°F) နဲ့အထက်ဆိုရင် အဖျားကြီးတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ တကယ်လို့ သင့်မှာ သာမိုမီတာမရှိခဲ့ရင် အဖျား ရှိ၊ မရှိ ဘယ်လိုပြောမလဲ။

>>  ဖျားတယ်ဆိုတာ ဘာလဲ?
သာမန်အားဖြင့်တော့ တကယ်လို့ သင့်ရဲ့နဖူး၊ ရင်ဘတ်နဲ့ ကျောတွေဟာ ထိလိုက်တာနဲ့ပူနေရင် ဖျားနေတယ်လို့ ပြောလို့ရပါတယ်။

တခြားလက္ခဏာတွေကတော့ -
●  ချွေးထွက်တာ
●  ချမ်း၊ တုန်တာ
●  ခေါင်းကိုက်တာ
●  ကြွက်သားတွေနာတာ
●  မျက်စိနာတာ
●  အစာစားချင်စိတ်မရှိတာ
●  စိတ်ရှုပ်၊ စိတ်တိုတာ
●  ရေငတ်တာ
●  အလုံးအကျိတ်တွေပေါ်လာတာ
●  အားမရှိတာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ကလေးတွေမှာ ဆိုရင်ရော -
ကလေးတွေကတော့ လူကြီးတွေရဲ့လက္ခဏာနဲ့ မတူကြပါဘူး။
●  ဂျီကျ၊ ငိုနေတာ
●  နုံးတာ
●  အသားကနီနေတာ
●  ဖြူဖျော့နေတာ
●  အစာမျိုချလို့မရတာ
●  နို့မစို့တာ၊ အစာစားဖို့ ငြင်းတာတွေ ဖြစ်တတ်ပါတယ်။

တကယ်လို့ အရမ်းဖျားနေတယ် ဆိုရင်တော့ -
●  အရမ်းအိပ်ချင်တာ
●  တက်တာ
●  တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာ
●  မိန်းမကိုယ်က အရည်တွေဆင်းတာ
●  ဆီးသွားရင် နာတာ
●  အရေပြားမှာ အနီစက်တွေပေါ်တာ
●  အန်တာ
●  ဝမ်းသွားတာ စတာတွေပါ ဖြစ်နိုင်ပါတယယ်။

Dr. Htar (www.drmyanmar.com)