ဗိုက်အောင့်ဗိုက်နာသက်သာဖို့ရာ
အစာအိမ်အတွင်းသားမှာ အက်ဆစ်တွေများလို့အနာဖြစ်လာတတ်ပါတယ်။ များသောအားဖြင့်တော့ Helicobacter pylori လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးကြောင့် ဖြစ်တတ်တယ်။ ပြီးတော့ အကိုက်အခဲပျောက်ဆေးအသောက်များရင်လည်း ဖြစ်တတ်ပါတယ်။
အစာအိမ်အနာကို ပိုးသတ်ဆေး၊ အက်ဆစ်အထုတ်နည်းဆေးတွေနဲ့ ကုရပေမယ့် ဒီနည်းေလးတွေကိုပါတွဲပြီး လုပ်ပေးရင်ပိုကောင်းတာပေါ့။
၁။ Flavonoidဆိုတဲ့ဓာတ်
ပဲ၊ စပျစ်၊ ဆလတ်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီး၊ ဘယ်ရီ၊ လက်ဖက်စိမ်း (green tea) တွေမှာပါတဲ့ Flavonoidဆိုတဲ့ဓာတ်ဟာ အစာအိမ်နံရံကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်။
၂။ အချိုထုတ်ထားတဲ့နွယ်ခိျု
အချိုထုတ်ထားတဲ့နွယ်ချိုဟာ H. pyloriမပွားအောင် တားပေးနိုင်တယ်။ ဒါပေမယ့် အများကြီးစားရင် သွေးတိုးစေနိုင်လို့ သတိထားပေးဖို့လိုတယ်။
၃။ အူအကျိုးပြုဘတ်တီးရီးယားပိုးများ
ထောပတ်၊ ဒိန်ချဉ်၊ မီဆို၊ ကင်မ်ချီ၊ အချဉ်တွေမှာပါတဲ့ အူအကျိုးပြုဘတ်တီးရီးယားတွေဟာ H.pylori ကို ဖယ်ရှားပေးတဲ့အတွက် အနာတွေကို သက်သာစေပါတယ်။
Kremil-S 1
၄။ ပျားရည်
ပျားရည်မှာ Polyphenol တွေ၊ အန်တီအောက်စီဒန့်တွေ အများကြီးပါတာကြောင့် H.pylori ကြီးထွားမှုကို ဟန့်တား ပေးတယ်။ ဒါကြောင့် ဆီးချိုရောဂါမရှိသရွေ့တော့ ကြိုက်သလောက်စားလု့ိရပါတယ်။
၅။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ မကြိုက်တဲ့လူတွေကတော့ ကြက်သွန်ဖြူ အားဆေးတွေသောက်လို့ရတယ်။ ဒါပေမယ့် ကြက်သွန်ဖြူက သွေးကြဲစေတဲ့အတွက် သတိတော့ထားပေးပါ။
၆။ အသီး၊ အရွက်၊ ဂျုံကြမ်း
အင်တီအောက်စီဒန့် polyphenols ပါတဲ့ ချော့ကလက်အခါး၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ အယ်ဒါဘယ်ရီ၊ ဘလက်ဘယ်ရီသီး၊ သံလွင်သီးတွေကို များများစားပေးပါ။
ရှောင်ရမယ့်အစားအစာတွေကတော့
အစာအိမ်ထဲကအက်ဆစ်တွေ အစာပြွန်ထဲဆန်တက်စေနိုင်တဲ့
• ကော်ဖီနဲ့ကဖိန်းပါတဲ့ဖျော်ရည်တွေ
• ကာဗွန်ပါတဲ့ဖျော်ရည်တွေ
• ချော့ကလက်
• ငရုတ်သီး
• ပြုပြင်ထားတဲ့အစားအစာများ
• ဆားများတဲ့အစားအစာများ
• အကြော်အလှော်များ
• ခရမး်ချဉ်သီးလိုမျိုးအက်ဆစ်များတဲ့ အစားအစာများ
ဒီအစားအစာတွေကို မအိပ်ခင်၂နာရီ၃နာရီအတွင်း စားခြင်းက အက်ဆစ်ဆန်တက်တာတွေကို ပိုဆိုးစေနိုင်တယ်။
Kremil-S 2
>> အရက်
အမျိုးသမီးတွေအဖို့ တစ်နေ့တစ်ခွက်၊ အမျိုးသားတွေအဖို့ တစ်နေ့နှစ်ခွက်ထက်ပိုသောက်တာကို အလွန်အကျွံသောက်တယ်လို့ ခေါ်လို့ရတယ်။ အရက်သောက်တာဟာ အစာအိမ်ရောင်စေနိုင်သလို အက်ဆစ်ပြန်တက်တာကိုလည်းဖြစ်စေနိုင်တယ်။
>> နောက်ဆုံးအနေနဲ့ပြောရရင်
အစာအိမ်အနာကိုပျောက်ကင်းဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသနည်းလမ်းကို သေချာဆွေးနွေးရပါမယ်။ အသီးအရွက်လတ်လတ်ဆတ်ဆတ်တွေစားပြီး အရက်ကိုရှောင်ပေးရမယ်နာ်။
အစာအိမ်အနာဆိုတာ ဗိုက်နာရုံနဲ့ပြီးသွားတာ မဟုတ်ဘူးနော်။ အစာအိမ်အနာပေါက်ထွက်ပြီး ခွဲစိတ်ဖို့လိုတတ်တာမျိုးတောင် ဖြစ်တတ်တယ်။ တစ်ခါတစ်လေ ရှားရှားပါးပါး ကင်ဆာထိတောင် ပြောင်းလဲတတ်တဲ့ အတွက် ဂရုတစိုက် ကုသဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)















