/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုက်အောင့်ဗိုက်နာသက်သာဖို့ရာ

ဗိုက်အောင့်ဗိုက်နာသက်သာဖို့ရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာအိမ်​အတွင်​းသားမှာ အက်​ဆစ်​​တွေ​များလို့အနာဖြစ်​လာတတ်​ပါတယ်​။ များ​သောအားဖြင့်​​တော့ Helicobacter pylori လို့​ခေါ်တဲ့ ဘတ်​တီးရီးယားပိုး​ကြောင်​့ ဖြစ်​တတ်​တယ်​။ ပြီး​တော့ အကိုက်​အခ​ဲ​ပျောက်​​ဆေးအ​သောက်​များရင်​လည်​း ဖြစ်​တတ်​ပါတယ်​။

အစာအိမ်​အနာကို ပိုးသတ်​​ဆေး၊ အက်​ဆစ်​အထုတ်​နည်​း​ဆေး​တွေနဲ့ ကုရ​ပေမယ့်​ ဒီနည်​း​ေ​လး​တွေကိုပါတွဲပြီး လုပ်​​ပေးရင်​ပို​ကောင်​းတာ​ပေါ့။

 

၁။ Flavonoidဆိုတဲ့ဓာတ်​

ပဲ၊ စပျစ်​၊ ဆလတ်​၊ ပန်​း​ဂေါ်ဖီစိမ်​း၊ ပန်​းသီး၊ ဘယ်​ရီ၊ လက်​ဖက်​စိမ်​း (green tea) ​တွေမှာပါတဲ့ Flavonoidဆိုတဲ့ဓာတ်​ဟာ အစာအိမ်​နံရံကို ကာကွယ်​​ပေးနိုင်​စွမ်​းရှိတယ်​။

 

၂။ အချိုထုတ်​ထားတဲ့နွယ်​ခိျု

အချိုထုတ်​ထားတဲ့နွယ်​ချိုဟာ H. pyloriမပွာ​း​အောင်​ တား​ပေးနိုင်​တယ်​။ ဒါ​ပေမယ်​့ အများကြီးစားရင်​ ​သွေးတိုး​စေနိုင်​လို့ သတိထား​ပေးဖို့လိုတယ်​။

 

၃။ အူအကျိုးပြုဘတ်​တီးရီးယားပိုးများ

​ထောပတ်​၊ ဒိန်​ချဉ်​၊ မီဆို၊ ကင်​မ်​ချီ၊ အချဉ်​​တွေမှာပါတဲ့ အူအကျိုးပြုဘတ်​တီးရီးယား​တွေဟာ H.pylori ကို ဖယ်​ရှား​ပေးတဲ့အတွက်​ အနာ​တွေကို သက်​သာ​စေပါတယ်​။

Kremil-S 1

၄။ ပျားရည်​

ပျားရည်​မှာ Polyphenol​ တွေ၊ အန်​တီ​အောက်​စီဒန်​့​တွေ အများကြီးပါတာ​ကြောင်​့ H.pylori ကြီးထွားမှုကို ဟန့်​တား ပေးတယ်​။ ဒါ​ကြောင်​့ ဆီးချို​ရောဂါမရှိသ​ရွေ့​တော့ ကြိုက်​သ​လောက်စားလု့ိရပါတယ်​။

 

၅။ ကြက်​သွန်​ဖြူ

ကြက်​သွန်​ဖြူ မကြိုက်​တဲ့လူ​တွေက​တော့ ကြက်​သွန်​ဖြူ အား​ဆေး​တွေ​သောက်​လို့ရတယ်​။ ဒါပေမယ့် ကြက်သွန်ဖြူက သွေးကြ​ဲ​စေတဲ့အတွက်​ သတိ​တော့ထား​ပေးပါ။

 

၆။ အသီး၊ အရွက်​၊ ဂျုံကြမ်​း

အင်​တီ​အောက်​စီဒန်​့ polyphenols ပါတဲ့ ချော့ကလက်​အခါး၊ ဘလူးဘယ်​ရီ၊ ရက်​စ်​ဘယ်​ရီ၊ စ​တော်​ဘယ်​ရီ၊ အယ်​ဒါဘယ်​ရီ၊ ဘလက်​ဘယ်​ရီသီး​၊ သံလွင်​သီး​တွေကို များများစား​ပေးပါ။

 

ရှောင်​ရမယ်​့အစားအစာ​တွေက​တော့

အစာအိမ်​ထဲကအက်​ဆစ်​​တွေ အစာပြွန်​ထဲဆန်​တက်​စေနိုင်​တဲ့

 

• ​ကော်​ဖီနဲ့ကဖိန်​းပါတဲ့​ဖျော်​ရည်​​တွေ

• ကာဗွန်​ပါတဲ့​ဖျော်​ရည်​​တွေ

• ​ချော့ကလက်​

• ငရုတ်​သီး

• ပြုပြင်​ထားတဲ့အစားအစာများ

• ဆားများတဲ့အစားအစာများ

• အ​ကြော်​အ​လှော်​များ

• ခရမး်​ချဉ်​သီးလိုမျိုးအက်​ဆစ်​များတဲ့ အစားအစာများ

 

ဒီအစားအစာ​တွေကို မအိပ်​ခင်​၂နာရီ၃နာရီအတွင်​း စားခြင်​းက အက်​ဆစ်​ဆန်​တက်​တာ​တွေကို ပိုဆိုး​စေနိုင်​တယ်​။

Kremil-S 2

>> အရက်​

 

အမျိုးသမီး​တွေအဖို့ တစ်​​နေ့တစ်​ခွက်​၊ အမျိုးသား​တွေအဖို့ တစ်​​နေ့နှစ်​ခွက်​ထက်​ပို​သောက်​တာကို အလွန်​အကျွံ​သောက်တယ်​လို့ ​ခေါ်လို့ရတယ်​။ အရက်​​သောက်​တာဟာ အစာအိမ်​​ရောင်​​စေနိုင်​သလို အက်​ဆစ်​ပြန်​တက်​တာကိုလည်​းဖြစ်​​စေနိုင်​တယ်​။

 

>> နောက်​ဆုံးအ​နေနဲ​့ပြောရရင်​

 

အစာအိမ်​အနာကို​ပျောက်​ကင်​းဖို့ ဆရာဝန်​နဲ့တိုင်​ပင်​ပြီး ကုသနည်​းလမ်​းကို ​သေချာ​ဆွေး​နွေးရပါမယ်​။ အသီးအရွက်​လတ်​လတ်​ဆတ်​ဆတ်​​တွေစားပြီး အရက်​ကို​ရှောင်​​ပေးရမယ်​​​နာ်​။

အစာအိမ်​အနာဆိုတာ ဗိုက်​နာရုံနဲ့ပြီးသွားတာ မဟုတ်​ဘူး​နော်​။ အစာအိမ်​အန​ာ​ပေါက်​ထွက်​ပြီး ခွဲစိတ်​ဖို့လိုတတ်​တာမျိုး​တောင်​ ဖြစ်​တတ်​တယ်​။ တစ်​ခါတစ်​​လေ ရှားရှားပါးပါး ကင်​ဆာထိ​တောင်​ ​ပြောင်​းလဲတတ်​တဲ့ အတွက် ဂရုတစိုက် ကုသဖို့ လိုအပ်ပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)



 



 



 



 



 



 



 



 









 


 


 


 


 



 

Dr. Mya Phoo Ngon (www.drmyanmar.com)