ဗီတာမင်ဘီစစ် လိုအပ်ရတဲ့ အကြောင်းရင်းများ
အများသိကြတဲ့ ဗီတာမင်ဘီစစ်က ဦးနှောက်နဲ့ အာရုံကြောတွေ ကောင်းမွန်စွာလုပ်ငန်း လုပ်ဖို့အတွက် အရေးပါတဲ့နေရာမှာ ပါဝင်ထမ်းဆောင်လျက် ရှိပါတယ်။ သွေးနီဥတွေကို တည်ဆောက်ပေးတယ်။ ဟော်မုန်းတွေကို ထိန်းညှိစေပါတယ်။ အားအင်နည်းပါးပြီး သွေးအားနည်းသူတွေအတွက်ကတော့ အကောင်းဆုံး သက်စောင့်ဓာတ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဗီတာမင်ဘီစစ်က စိတ်ဖိအားဟော်မုန်းနဲ့ အိပ်စက်မှုဆိုင်ရာ ဟော်မုန်းတွေကို တည်ဆောက်ပေးပါတယ်။
>> ဗီတာမင်ဘီစစ်ကို ပမာဏ ဘယ်လောက်လိုအပ်တာလဲ?
ဗီတာမင်ဘီစစ် က နေ့စဉ် ဆီးထဲကနေ စွန့်ပစ်တာပါ။ ဒါ့ကြောင့် နေ့စဉ် လိုအပ်ချက်ရှိပါတယ်။
တစ်ရက်ကို ၁.၄ mg လိုအပ်ပါတယ်။ သွေးအားနည်းရင် ပိုမိုလိုအပ်ပါတယ်။
>> ဗီတာမင်ဘီစစ်လိုအပ်နေတဲ့ လက္ခဏာတွေက -
● မကြာခဏမောတာ
● လက်တုန်ခြေတုန်ဖြစ်တာ
● အသားအရေတွေ ခြောက်တာ
● ခြေသည်း၊ လက်သည်းတွေ ကျွတ်ဆတ်တာတွေ ဖြစ်ပေါ်ခံစားရပါတယ်။
>> ဗီတာမင်ဘီစစ်ပြည့်ဝတဲ့ အစားအစာများ
● အသားငါး
● နေကြာစေ့လှော်
● ငှက်ပျောသီး
● အစေ့အဆံတွေ
● ကန်ဇွန်းရွက်
● ဟင်းနုနွယ်ရွက်
● ပဲနို့
● အာလူး
● ကန်စွန်းဥ
● ဒိန်ချဉ်၊ ဒိန်ခဲ
>> ဗီတာမင်ဘီစစ် လွန်ကဲနိုင်လား?
တကယ်တော့ နေ့စဉ် ပမာဏအများကြီး မလိုအပ်ပါဘူး။ နေ့စဉ် ပုံမှန်လိုအပ်ချက်က နည်းပါးပါတယ်။ သွေးအားနည်းရင်တော့ ပိုလိုအပ်တတ်တာပေါ့။ လွန်ကဲတယ်ဆိုတာ ရှားပါပါတယ်။ ဒါပေမဲ့ နေ့စဉ် ဗီတာမင်ဘီစစ် လိုအပ်ချက်က နည်းပါးတဲ့အတွက် ပေါင်းစပ် အားဖြည့်ဗီတာမင်ဆေးဝါးတွေ နေ့စဉ်သောက်သုံးရုံနဲ့ အဆင်ပြေပါတယ်။ အစားအစာနဲ့ ဖြည့်ဆည်းရင်လည်း အဆင်ပြေပါတယ်။ အထက်ဖော်ပြပါ အစားအစာတွေကို စားသုံးရင်အဆင်ပြေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















