/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်ဘီစစ်-လိုအပ်ရတဲ့-အကြောင်းရင်းများ

ဗီတာမင်ဘီစစ် လိုအပ်ရတဲ့ အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အများသိကြတဲ့ ဗီတာမင်ဘီစစ်က ဦးနှောက်နဲ့ အာရုံကြောတွေ ကောင်းမွန်စွာလုပ်ငန်း လုပ်ဖို့အတွက် အရေးပါတဲ့နေရာမှာ ပါဝင်ထမ်းဆောင်လျက် ရှိပါတယ်။ သွေးနီဥတွေကို တည်ဆောက်ပေးတယ်။ ဟော်မုန်းတွေကို ထိန်းညှိစေပါတယ်။ အားအင်နည်းပါးပြီး သွေးအားနည်းသူတွေအတွက်ကတော့ အကောင်းဆုံး သက်စောင့်ဓာတ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဗီတာမင်ဘီစစ်က စိတ်ဖိအားဟော်မုန်းနဲ့ အိပ်စက်မှုဆိုင်ရာ ဟော်မုန်းတွေကို တည်ဆောက်ပေးပါတယ်။

 

>>    ဗီတာမင်ဘီစစ်ကို ပမာဏ ဘယ်လောက်လိုအပ်တာလဲ?

        ဗီတာမင်ဘီစစ် က နေ့စဉ် ဆီးထဲကနေ စွန့်ပစ်တာပါ။ ဒါ့ကြောင့် နေ့စဉ် လိုအပ်ချက်ရှိပါတယ်။

          တစ်ရက်ကို ၁.၄ mg လိုအပ်ပါတယ်။ သွေးအားနည်းရင် ပိုမိုလိုအပ်ပါတယ်။

 

>>    ဗီတာမင်ဘီစစ်လိုအပ်နေတဲ့ လက္ခဏာတွေက -

●        မကြာခဏမောတာ

●        လက်တုန်ခြေတုန်ဖြစ်တာ

●        အသားအရေတွေ ခြောက်တာ

●        ခြေသည်း၊ လက်သည်းတွေ ကျွတ်ဆတ်တာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

 

>>    ဗီတာမင်ဘီစစ်ပြည့်ဝတဲ့ အစားအစာများ

●        အသားငါး

●        နေကြာစေ့လှော်

●        ငှက်ပျောသီး

●        အစေ့အဆံတွေ

●        ကန်ဇွန်းရွက်

●        ဟင်းနုနွယ်ရွက်

●        ပဲနို့

●        အာလူး

●        ကန်စွန်းဥ

●        ဒိန်ချဉ်၊ ဒိန်ခဲ

 

>>    ဗီတာမင်ဘီစစ် လွန်ကဲနိုင်လား?

          တကယ်တော့ နေ့စဉ် ပမာဏအများကြီး မလိုအပ်ပါဘူး။ နေ့စဉ် ပုံမှန်လိုအပ်ချက်က နည်းပါးပါတယ်။ သွေးအားနည်းရင်တော့ ပိုလိုအပ်တတ်တာပေါ့။ လွန်ကဲတယ်ဆိုတာ ရှားပါပါတယ်။ ဒါပေမဲ့ နေ့စဉ် ဗီတာမင်ဘီစစ် လိုအပ်ချက်က နည်းပါးတဲ့အတွက် ပေါင်းစပ် အားဖြည့်ဗီတာမင်ဆေးဝါးတွေ နေ့စဉ်သောက်သုံးရုံနဲ့ အဆင်ပြေပါတယ်။ အစားအစာနဲ့ ဖြည့်ဆည်းရင်လည်း အဆင်ပြေပါတယ်။ အထက်ဖော်ပြပါ အစားအစာတွေကို စားသုံးရင်အဆင်ပြေပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)