/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘယ်တော့မှလျစ်လျှူရှုမထားသင့်တဲ့-အသည်းကင်ဆာလက္ခဏာများ

ဘယ်တော့မှလျစ်လျှူရှုမထားသင့်တဲ့ အသည်းကင်ဆာလက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရင်ကတော့ အသည်းကင်ဆာဖြစ်ပွားမှုရှားပါးပေမယ့် 1990 ခုနှစ်လောက်ကစပြီး ဖြစ်ပွားမှုနှုန်း 2 ဆတက်လာခဲ့ပါတယ်။ အသည်းကင်ဆာရောဂါလက္ခဏာတွေက အသည်းရဲ့အပြင်ကိုပျံ့နှံ့ပြီး ဆိုးလာတဲ့အဆင့်ရောက်မှစပြီး ပြတတ်ပါတယ်။ ဒါကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီးရောဂါစောစောသိရင် ကုသလို့ရနိုင်ပေမယ့် ရောဂါဆိုးမှသိရင်တော့ ကုသဖို့မလွယ်တော့ပါဘူး။ အသည်းကင်ဆာဖြစ်နိုင်ချေများတဲ့အချက် 4 ချက်နဲ့ အသည်းပျက်စီးတဲ့လက္ခဏာ 4 ချက်ကို လေ့လာကြည့်ကြပါစို့။

1. အသည်းရောင်အသားဝါ C ပိုးရှိခြင်း

        အသည်းရောင်အသားဝါ C ပိုရှိမှန်းသိပြီး 10 နှစ်လောက်ကြာရင် အသည်းကင်ဆာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါ C ပိုးကို ကုသမှုခံယူပါ။

2. အသည်းရောင်အသားဝါ B ပိုးရှိခြင်း

        အသည်းရောင်အသားဝါ B ပိုးကလည်း အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေရှိတယ်ဆိုရင် တစ်နှစ်တစ်ခါအာထရာလ်ဆောင်းရိုက်ပြီး စစ်ဆေးသင့်ပါတယ်။ သွေးထဲမှာ AFP (alpha feto protein) စစ်ဆေးခြင်းကလည်း အသည်းကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ အတိအကျတော့မပြောနိုင်သေးပါဘူး။

          အသည်းရောင်အသားဝါ B ပိုးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ပါတယ်။

6. အရက်သောက်ခြင်း

        အရက်အလွန်အကျွံအမြဲသောက်ခြင်းဖြင့် အသည်းဆဲလ်တွေပျက်စီးစေပြီး အနာရွတ်တွေဖြစ်စေနိုင်ပါတယ်။ ဒီကနေပြီးမှ အသည်းကင်ဆာဖြစ်နိုင်ပါတယ်။

4. အဝလွန်ခြင်း

        အရက်ကြောင့်မဟုတ်ဘဲ အဝလွန်ခြင်းနဲ့ဆီးချိုရောဂါတွေကြောင့် အသည်းအဆီဖုံးရာကနေ အသည်းကင်ဆာဖြစ်စေပါတယ်။

5. ဗိုက်အောင့်ခြင်း

        အသည်းကင်ဆာရှိတဲ့လူအများစုက ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာ အောင့်လေ့ရှိပါတယ်။ ဆရာဝန်စမ်းသပ်ကြည့်ချိန်မှာ အသည်းရှိတဲ့နေရာကိုဖိလိုက်ရင်နာပါတယ်။ ဒါပေမယ့် ဒီလိုအောင့်ရုံနဲ့တော့ အသည်းကင်ဆာလို့ အတိအကျမပြောနိုင်ပါဘူး။ အသည်းရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်းနဲ့ မုန့်ချိုအိတ်ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

6. အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျခြင်း

        ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ်မရှိခြင်းတွေက ကင်ဆာအမျိုးမျိုးနဲ့ ဗိုင်းရပ်စ်ပိုးအပါအဝင် ရောဂါအမျိုးမျိုးရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

7. ဗိုက်ပြည့်လွယ်ခြင်း

        ဝမ်းဗိုက်ထဲမှာရှိတဲ့ အရည်ပိုတွေကြောင့် ပုံမှန်ထက်ပိုပြီးမြန်မြန်ပြည့်အင့်စေပါတယ်။

8. မျက်စိ၊ အသား ဝါခြင်း

        အသားတွေ ယားယံခြင်း၊ ဝါခြင်းတွေက အသည်းကင်ဆာလက္ခဏာတွေဖြစ်နိုင်ပါတယ်။ အသားဝါခြင်းက မုန့်ချိုအိတ်ကင်ဆာရဲ့လက​္ခဏာလည်းဖြစ်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com