ဘာကြောင့် အိပ်ရာနိုးတဲ့အချိန်မှာ ခေါင်းကိုက်နေရတာလဲ?
နေ့တစ်နေ့ရဲ့အစ နိုးကတည်းက ခေါင်းကိုက်နေရပြီဆိုရင်တော့ တစ်နေ့တာလုံး လန်းဆန်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နေ့တစ်နေ့ကို ကြည်ကြည်လင်လင်နဲ့ နိုးထဖြတ်သန်းနိုင်ဖို့အတွက် အောက်ပါအချက်တွေကို သတိပြုရှောင်ကြဉ်ကြရပါမယ်။
မနက်စောစော ခေါင်းကိုက်စေရတဲ့ အကြောင်ရင်းတွေကတော့ ...
1. အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်အရည်ဓာတ် ခန်းခြောက်နေခြင်း
2. တလူးလူး တလိမ့်လိမ့်နဲ့ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်ခြင်း
3. အိပ်တဲ့အခါ ကိုယ်ခန္ဓာအနေအထားပုံစံ မမှန်ခြင်း
4. စိတ်ပူပန်သောက များနေခြင်း
5. သွေးတိုးနေခြင်း
6. စိတ်ကျရောဂါ ခံစားနေရခြင်း
7. ညအိပ်ချိန် သွားကြိတ်တတ်ခြင်း
8. ညအိပ်ချိန် အသက်ရှူ ခဏရပ်ရပ်သွားတတ်ခြင်း
9. နေ့ဘက်မှာ ကော်ဖီအလွန်အကျွံ သောက်သုံးတတ်ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
အကယ်၍ ဆိုးဆိုးရွားရွား ခေါင်းကိုက်လာတာမျိုး၊ ညအိပ်နေရင်း ရုတ်တရက် ခေါင်းကိုက်ပြီး နိုးလာတာမျိုး ဖြစ်လာပါက သင့်မှာ ကြီးကြီးမားမား ရောဂါတစ်ခုခု ရှိနေကြောင်း ပြနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဆရာဝန်နဲ့ အချိန်မီ ဆွေးနွေးကုသ တိုင်ပင်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















