/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မပေါ့ဆသင့်တဲ့-ခံတွင်းကျန်းမာရေး

မပေါ့ဆသင့်တဲ့ ခံတွင်းကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွားတွေက ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပြတင်းပေါက်တစ်ခုဖြစ်ပြီးတော့ ခံတွင်းကတော့ ကောင်းတဲ့ဘက်တီးရီးယားပိုးတွေရော မကောင်းတဲ့ပိုးတွေပါ ပျော်စံရာနေရာတစ်ခုပါ။ နေကောင်းတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ပုံမှန်ခုခံမှုတွေက ခံတွင်းကျန်းမာရေးကို ထိန်းပေးထားပါတယ်။ နေ့စဉ်သွားပုံမှန်တိုက်ခြင်း၊ သွားပွတ်ကြိုးတွေနဲ့ပွတ်တိုက်ပေးခြင်းက အန္တရာယ်ပေးနိုင်တဲ့ပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီပိုးတွေ ကြီးထွားလာတာကို မထိန်းနိုင်တော့တဲ့အခါမှာတော့ နေမကောင်းဖြစ်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာလည်း ရောင်ရမ်းခြင်းတွေနဲ့ပြဿနာတွေကို ဖြစ်စေပါလိမ့်မယ်။

>> နာတာရှည်ခံတွင်းကျန်းမာရေးပြသနာတွေကတော့ အောက်ပါနောက်ဆက်တွဲဆိုးကျိုးတွေကို ပေးနိုင်ပါတယ်။
● နှလုံးရောဂါ
● လေဖြတ်ခြင်း
● လမစေ့ဘဲကလေးမွေးခြင်း
● ကလေးပေါင်မပြည့်ခြင်း
● နှလုံးအမြှေးပါးရောင်ရမ်းခြင်း
ခံတွင်းကျန်းမာရေး ကောင်းမွန်စေဖို့အတွက် အနည်းဆုံး တစ်နေ့နှစ်ကြိမ် ပုံမှန်သွားတိုက်ပါ။ သွားပွတ်ကြိုးနဲ့ပွတ်ပါ။ အထူးသဖြင့် အစာစားပြီးတဲ့အချိန်တွေမှာပေါ့။ သွားဆရာဝန်နဲ့လည်း ပုံမှန်စစ်ဆေးမှု ခံယူပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)